Wednesday , November 29 2017
Home / သတင်း / လွှတ်တော်သတင်း (page 30)

လွှတ်တော်သတင်း

ကိုယ်စားလှယ်များ ကိုယ်စားမဲပေးခြင်း မပြုလုပ်စေရန် လွှတ်တော်ရုံးကြေညာချက် ထုတ်ပြန်

နောင်ရိုး (မြစ်မခ)   လွှတ်တော်ကိုယ်စားလှယ်များအား မိမိ၏ဆန္ဒမဲပေးကဒ်ဖြင့် ကိုယ်စားမဲပေးခြင်းများ မပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော်ရုံးမှ ညွန်ကြားချက်ကို ဇွန်လ (၁၀)ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ဇွန်လ(၁၀)ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၅၇)ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွန်ကြားရေးမှူးချုပ်မှ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် “အစည်းဝေး တက်ရောက်နေချိန်တွင် အခြားလုပ်ငန်းတာဝန်အရ ထွက်ခွာ ရန်ရှိ ပါက  မိမိ၏ ဆန္ဒမဲပေးကဒ်ကို ဖြုတ်သိမ်းပြီး ထွက်ခွာချိန်ပေးမူတည်၍ သိမ်းဆည်းထားခြင်း သို့မဟုတ် သတ် မှတ်နေရာသို့ ပြန်လည်အပ်နှံခြင်း ဆောင်ရွက်ရန်၊ မိမိ၏ ဆန္ဒမဲပေး ကတ်ပြားဖြင့် အခြားကိုယ်စားလှယ်၏ စက် ခလုပ်တွင် …

Read More »

ခေါင်းပေါင်းနှင့်မဟုတ်ပဲ စိတ်ဓါတ်အမှန်ဖြင့် မြန်မာ့ဂုဏ်သိက္ခာမြှင့်တင်ကြဖို့ သူရဦးရွှေမန်းတိုက်တွန်း

နောင်ရိုး(မြစ်မခ) လွှတ်တော်ကိုယ်စားလှယ်များ ခေါင်းပေါင်းပေါင်း၍ မြန်မာ့ ဂုဏ်သိက္ခာမြှင့်တင်မည်ဟု ပြောဆိုမနေပဲ စိတ်ဓါတ် အမှန်ဖြင့် မြှင့်တင်ကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းပြောကြားလိုက်သည်။ ဇွန်လ(၄)ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းဝေး (၅၅)ရက်မြောက် နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယကမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read More »

တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆိုမှုကြောင့် သတင်းရယူခွင့်များ ပိတ်ပင်ရခြင်းဟု ဦးရွှေမန်းဆို

နောင်ရိုး(မြစ်မခ) လွှတ်တော် သုံးရပ်တွင် သတင်းရယူခွင့် ကန့်သတ်ရခြင်းမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ တင်ပြမှုကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီ ယာများအား လွှတ်တော်အစည်းဝေးခန်းမအတွင်းသို့ ခေါ်ယူကာ ရှင်းလင်းပြော ကြားခဲ့သည်။ ဇွန်လ(၃)ရက်နေ့ က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းဝေး (၅၆)ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများ သတင်းယူ ခွင့် ကန့်သတ်ခဲ့ခြင်းမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှူးချုပ်တင်ဆန်းမှ မိမိထံစာဖြင့် တင်ပြလာသည့်အတွက် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Read More »

လွှတ်တော်(၂)ရပ်အပြင် လုံခြုံရေးအရဟုဆိုကာ အမျိုးသားလွှတ်တော်၌ပါ သတင်းရယူခွင့် ကန့်သတ်ခံရ

နောင်ရိုး (မြစ်မခ) နေပြည်တော်၌ ကျင်းပသည့် ပြည်သူနှင့်ပြည်ထောင်စုလွှတ်တော်(၂)ရပ်တွင် သတင်းယူခွင့် ကန့်သတ်ခဲ့သည့် (၆)ရက်မြောက်နေ့တွင် လုံခြုံရေးအရဟုဆိုကာ အမျိုးသားလွှတ်တော်၌ပါ သတင်းယူခွင့် ကန့်သတ်လိုက်ကြောင်း သိရှိရသည်။ ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် လွှတ်တော်အတွင်း သတင်းလာရောက်ရယူသည့် သတင်း မီဒီယာ များ၏ သတင်းရယူခွင့်ကို အမျိုးသားလွှတ်တော်မှ ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်သည်။

Read More »

လွှတ်တော်၌ သတင်းယူခွင့်ကန့်သတ်ချက်အပေါ် ဝေဖန်သံများထွက်ပေါ်

နောင်ရိုး (မြစ်မခ)   ပြည်ထောင်စုနှင့် ပြည်သူ့လွှတ်တော်အတွင်း သတင်းရယူခွင့် ကန့်သတ်လိုက်ခြင်းကို အနည်းငယ် ဖြေလျော့ ပေးသော်လည်း  ပွင့်လင်းမြင်သာမှု မရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုမှုများ ထွက်ပေါ် လျှက်ရှိသည်။ မေလ(၂၆)ရက်နေ့မှ စတင်ကာ ပြည်ထောင်စုလွှတ်တော်ရှိ သတင်းမီဒီသမားများ သတင်းယူသည့် Media Corner အား ကန့်သတ်လိုက်ပြီး ပြည်သူ့လွှတ်တော်ရှိ Media Corner အား မေလ ၂၇ ရက်နေ့တွင် သတင်းယူခွင့်ကို ကန့်သတ်လိုက်ခဲ့ပြီ ထိုသို့ ကန့်သတ်ခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ဝေဖန်ခြင်း ဖြစ်သည်။

Read More »