Wednesday , March 7 2018
Home / သတင်း / လွှတ်တော်သတင်း (page 3)

လွှတ်တော်သတင်း

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးသစ်ကို ပြည်နယ်လွှတ်တော် သဘောတူ

  ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဇွန် ၈ ရက်။ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနက် ကန့်ကွက်ဆွေးနွေးသူရှိသော်လည်း ကန့်ကွက်အဆိုတင်သူ မရှိသဖြင့် ဇွန် ၈ ရက် တွင် မွန်ပြည်နယ်လွှတ်တော်က သဘောတူလိုက်ကြောင်း သိရှိရသည်။ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဦးမင်း ကျော်လွင်မှာ ၂၀၀၇ နိုဝင်ဘာမှ ၂၀၁၃ အထိ စင်္ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီတွင် သွားရောက်အ လုပ်လုပ်ကိုင်ခဲ့ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ပြည့်စုံကိုက်ညီမှု မရှိကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှကိုယ်စားလှယ်က လွှတ်တော်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Read More »

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး မွန်ပြည်နယ် လွှတ်တော်အစည်းဝေး ပြန်လည်တက်ရောက်မည်

  ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဇွန် ၂ရက်။ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဇွန် ၇ ရက်တွင် ကျင်းပမည့် ဆဌမအကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော်အစည်းဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ “ကျွန်တော် လာမယ့်လွှတ်တော်အစည်းဝေးမှာ လွှတ်တော်တက်မယ်။ အဆိုတို့၊ မေးခွန်းတို့တော့ မေးဖို့မရှိဘူး။ ကျွန်တော်လည်း အစိုးရအဖွဲ့ကလာတဲ့ လူဆိုတော့ လိုအပ်တဲ့ နေရာကို အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး လုပ်ဆောင်  သွားမယ်။”ဟု ဦးမင်းမင်းဦးက ဇွန် ၁ ရက်တွင် ပြောသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဖေဖော်ဝါရီ ၂၀ ရက်က ၎င်းတာဝန်ယူထားသည့် ပြည်နယ်ဝန်ကြီး ချုပ်ရာထူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးရာထူးများမှ နုတ်ထွက်ခွင့်ပြုရန်တင်ပြခဲ့ပြီး နုတ်ထွက်ခွင့်ပြုသည့် အကြောင်းကြားစာကို နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ …

Read More »

နိုင်ငံအဝှမ်း သစ်တောစောင့်ရှောက်မှုနှုန်းတိုးမြှင့်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို ကန့်ကွက်သူ မရှိ အတည်ပြု

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၁ ရက်။ နိုင်ငံအဝှမ်း သစ်တောစောင့်ရှောက်မှုနှုန်း တိုးမြှင့်ရေး Green Land စီမံကိန်းများ အမြန်ဆုံး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရန်နှင့် နှစ်အလိုက် စီမံကိန်းများတိုးချဲ့ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း သိရှိရသည်။ ယင်းအဆိုကို ပြင်ဦးလွင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအောင်ခင်က ၂၀၁၇ ခုနှစ် မေ ၁၉ ရက် တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ် မေ ၃၁ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး၊ သတ္တမနေ့တွင် ကိုယ်စားလှယ် (၁၇)ဦးက ထောက်ခံဆွေးနွေး၍ အတည်ပြုလိုက်ခြင်းဖြစ်သည်။ …

Read More »

ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအတွင်း အဆို(၂၅)ခုနှင့် ကြယ်ပွင့်ပြမေးခွန်း(၁၆၄)ခု ဆွေးနွေး မည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ မေ (၁၉)ရက်။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေးအတွင်း အဆို (၂၅)ခု၊ ကြယ်ပွင့်ပြမေးခွန်း(၁၆၄)ခု နှင့် ဥပဒေကြမ်းများဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ထံမှ သိရှိရသည်။ “ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အပြောင်းအလဲမှာ လိုက်ပါပြောင်းလဲတိုးတက်နိုင်တဲ့နိုင်ငံအဖြစ် ဖန်တီးပုံဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဥပဒေတို့မည်သည် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့ အညီ လိုက်ပါ ပြောင်းလဲရတဲ့သဘောရှိပါတယ်။ နိုင်ငံရေးမူဝါဒ၊ စီးပွားရေးစနစ်၊ လူမှုရေးဘဝတွေ ပြောင်းလဲတဲ့အခါမှာလည်း ဥပဒေတို့ကို လိုက်လျောညီထွေအောင် ပြောင်းလဲပေးရပါတယ်။”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။

Read More »

ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင် ရွက်ပေးစေလိုကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ မေ (၁၈) ရက်။ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏သင်ရိုးညွှန်းတမ်းတွင် ပြည်သူ့နီတိ၊ ဒီမိုကရေစီတို့ကို ဘာသာရပ်အဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေ  လိုကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရှိရသည်။

Read More »