Wednesday , November 29 2017
Home / သတင်း / လွှတ်တော်သတင်း (page 20)

လွှတ်တော်သတင်း

မြန်မာ-ရုရှား စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လက်မှတ်ထိုးရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု

မင်းအောင်မြင် (မြစ်မခ) မြန်မာ-ရုရှား စစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လက်မှတ်ထိုးရန် မေ(၁၀) ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်တွင် လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ ထောက်ခံဆွေးနွေးကာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရှိရသည်။ “မြန်မာ-ရုရှားစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်ဟာ ၂၀၁၃ ခုနှစ် ဇွန်လ(၂၁) ရက်ကနေစပြီး ရုရှားဖက်မှ စတင်အဆိုပြုလာခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်ဖက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလျှင်မြန်ထိရောက်စွာ တိုးတက်ဆောင်ရွက်နိုင်စေရန်၊ ယခုလက်မှတ်ထိုးပြီး သဘောတူစာ ချုပ်ကိုအခြေခံ၍ နောက်ဆက်တွဲသဘောတူစာချုပ်များအား ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါတယ်။”ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်ကပြောသည်။

Read More »

တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့အား တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုခန့်အပ်

  သီဟ (မြစ်မခ) ထားဝယ်၊ မေလ (၉)ရက်။ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့အား မေလ(၉) ရက်တွင် ကျင်းပပြုလုပ်သည့် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)တွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ကြောင်း သိရှိရသည်။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဦးစောမြင့်နှင့်  တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဦးသိန်းထွန်းတို့အား ခန့်အပ်ရန် အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်မဲ မရှိသဖြင့် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။

Read More »

AA လက်နက်ကိုင်အဖွဲ့အား နိုင်ငံရေးဆွေးနွေးပွဲသို့ဖိတ်ခေါ်သင့်ကြောင်းအဆို အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်

မင်းအောင်မြင်(မြစ်မခ) ရခိုင်ပြည်နယ်မှ AA လက်နက်ကိုင်အဖွဲ့အား နိုင်ငံရေးဆွေးနွေးပွဲသို့ဖိတ်ခေါ်သင့်ကြောင်းအဆိုကို မေ(၄)ရက် တွင် ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်တွင် မှတ်တမ်းတင်လိုက်ကြောင်း သိရှိရသည်။ အဆိုအားမှတ်တမ်းတင်ရန် မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ(၂၀၆)ဦးရှိရာ ထောက်ခံဆန္ဒမဲ(၁၉၅)မဲ၊ ကန့် ကွက်ဆန္ဒမဲ(၆)မဲ၊ ကြားနေဆန္ဒမဲ(၁)မဲတို့ရရှိခဲ့ပြီး လွှတ်တော်တွင်မှတ်တမ်းတင်လိုက်သည်။

Read More »

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကို အလွဲသုံးစားမပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မှာကြား

  မျိုးမြတ်(မြစ်မခ) ပဲခူး၊ ဧပြီ ၂၈ ရက်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်ကို အသုံးပြုပြီး အလွဲသုံးစားမပြုလုပ်ရန် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ဧပြီ (၂၈)ရက်က ပြု လုပ်သော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။ “ယခင်ခေတ်အဆက်ဆက်က လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး အလွဲသုံးစားနဲ့ ကျင့်ဝတ်စောင့်ထိန်းမှုတွေ အားနည်းခဲ့ တာတွေရှိခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲကိုအဆိုတင်သွင်းရာမှာ အချို့မေး ခွန်းတွေက ပွဲစားလို၊ ရှေ့နေလို ဖြစ်နေတယ်။ တံစိုးလက်ဆောင်မယူကြဖို့နဲ့ ကိုယ့်ရဲ့ထင်မြင်ချက်တွေ၊ ယူဆ ချက်တွေ မမေးရပါဘူး”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကပြောသည်။

Read More »

 ပြည်သူ့လွှတ်တော်တွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အချို့ လေ့လာမှုများ ပြုလုပ်နေ  

မင်းအောင်မြင် (မြစ်မခ) နေပြည်တော်၊ ဧပြီ(၁၈) ရက်။ မေလ (၂)ရက်တွင် ပြန်လည်စတင်မည့်ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမှုများနှင့် မေးခွန်းများ မေးမြန်းနိုင်ရန် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့ လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ “ဘာတွေအဆိုတင်မယ်။ မေးခွန်းမေးမယ်ဆိုတာတွေကို အခုမှလေ့လာတုန်းပဲရှိသေးတယ်ပေါ့။ အချက်အလက်တွေ စုနေတယ်။ လွှတ်တော်မှာ မေးခွန်းမေးဖို့ အဆိုတင်ဖို့ကတော့ရှိချင်လည်းရှိမယ်။ မရှိချင်လည်း မရှိဘူးပေါ့။ ပြီးခဲ့တဲ့ လွှတ်တော်ကလည်း အစိုးရတွေ ဖွဲ့စည်းနေတာပဲရှိသေးတော့ ဘာမှမလုပ် ရသေးဘူး။” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘသိန်းက ပြောသည်။ 

Read More »