Thursday , October 18 2018
Home / သတင်း / လွှတ်တော်သတင်း (page 2)

လွှတ်တော်သတင်း

သစ်ခိုးထုတ်မှုကိစ္စများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအကြား သဘောထားကွဲလွဲနေဟုဆို

ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ ဇူလိုင် ၁၄ ရက်။ သစ်မှောင်ခိုမှုများ၊ သစ်ခိုးထုတ်မှုကိစ္စများတွင် ပါဝင်ပတ်သက်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအကြား သဘောထားကွဲလွဲနေကြောင်း စေတုတ္တရာ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောကြားလိုက်သည်။ စေတုတ္တရာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဇူလိုင် ၁၃ ရက်တွင်ကျင်းပ သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး(၃၀)ရက်မြောက်နေ့တွင် သစ်ခိုးထုတ်မှု ကိစ္စများနှင့်ပတ်သက်၍ အဆိုတင်သွင်းချိန်တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

Read More »

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်း ဆွေးနွေးမည်

  မင်းအောင်မြင်(မြစ်မခ) ရန်ကုန်၊ ဇူလိုင်(၁၀)ရက်။ ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း လွှတ် တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုဖြင့် လွှတ်တော်ဥက္ကဌမှ ဆွေးနွေးခွင့်ပြုလိုက်သော်လည်း ဆွးနွေး မည့်အကြောင်းအရာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးထံ ကြိုတင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

ကချင်ပြည်နယ်တွင် (၃)နှစ်စာ စီမံကိန်းရေးဆွဲရေးကို လွှတ်တော် အမတ်များ အကြုံပြု ဆွေးနွေးမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၉ ရက်။ ကချင်ပြည်နယ်အတွင်း ဌာနဆိုင်များက ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်   (၃)နှစ်စာ စီမံကိန်းရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်မည်ဖြစ်ကာ ဇူလိုင်လတွင်  အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။   

Read More »

မွန်ပြည်နယ်အတွင်း တရားမဝင် မြစ်သဲ၊ ကျောက်များထုတ်လုပ်နေခြင်းအပေါ် အရေးယူတားမြစ်မည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဇွန် ၁၄ ရက်။ မွန်ပြည်နယ်အတွင်း မြစ်သဲကျောက်များ တရားမဝင်ထုတ်လုပ်နေခြင်းအပေါ် အရေးယူတားမြစ်နိုင်ရန် ပြည် နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုအား မွန်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ကြောင်း  သိရှိရသည်။ ယင်းအဆိုကို မွန်ပြည်နယ် ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ ဆဌမအကြိမ်မြောက်ပုံမှန်အစည်းဝေးကျင်းပသည့် ဇွန် ၁၂ ရက်တွင် တင်သွင်းခဲ့ပြီး ဇွန် ၁၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးကာ လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Read More »

ကန်တော်ကြီးပန်းခြံတွင် မိုးပျံပူဖောင်း ပျံသန်းကာ ရန်ကုန်မြို့ရှုခင်းကြည့်ခြင်းကို ရပ်ဆိုင်းပေးရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အဆိုတင်သွင်းမည်

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ ဇွန် (၁၃)ရက်။ အများပြည်သူပိုင် ကန်တော်ကြီး ပန်းခြံတွင် မိုးပျံပူဖောင်း ပျံသန်းကာ ရန်ကုန်မြို့ရှုခင်းကြည့်ခြင်းကို ရပ်ဆိုင်း ပေးရန် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမအကြိမ်ပုံမှန်အစည်းအဝေးတွင် အဆို တင်သွင်း သွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောဆိုလိုက်သည်။ ကန်တော်ကြီးပန်းခြံအတွင်းရှိ ငါးပြတိုက်ဟောင်း နေရာတွင် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့တော် ရှုခင်းကြည့်ခြင်း အစီအစဉ်ကို ဇွန်(၉)ရက်က စတင်ဖွင့်လှစ် လျက်ရှိသည့်အပေါ် ရပ်ဆိုင်းပေးရန် အဆိုတင်သွင်းသွားမည် ဖြစ်သည်။

Read More »