Sunday , May 28 2017
Home / သတင်း (page 5)

သတင်း

၂၀၁၇ မိုးရာသီတွင် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ် တစ်ဧကလျှင်ငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးမည်

  ကျော်မျိုးထွဋ် (မြစ်မခ)   မန္တလေး၊ မေ ၂၂ ရက်။   ၂၀၁၆ မိုးရာသီသီးနှံချေးငွေတွင် အခြားသီးနှံများအတွက် တစ်ဧကလျှင် နှစ်သောင်းကျပ်နှုန်းသာ ထုတ်ချေးခဲ့ သော်လည်း ၂၀၁၇ ခုနှစ်မှစတင်၍ တစ်ဧကလျှင် ငါးသောင်းကျပ်နှုန်းဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။   ၂၀၁၆ ခုနှစ်တွင် စပါးတစ်ဧကလျှင် တစ်သိန်းခွဲ၊ ချက်ကြံတစ်ဧကလျှင် တစ်သိန်းနှင့် အခြားသီးနှံများကို တစ် ဧကလျှင် နှစ်သောင်းနှုန်းဖြင့် ချေးပေးခဲ့ခြင်းဖြစ်ကာ အခြားသီးနှံများမှာ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ အ စေ့ထုတ်ပြောင်း၊ ဆီမုန်ညင်းနှင့် ဂုန်လျှော်တို့ဖြစ်ကြောင်း သိရသည်။   “ဒီနှစ်မှာထူးခြားတာက အခြားသီးနှံတွေကို …

Read More »

သထုံတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ ၂၃ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးရှိ ဘားအံ-သထုံကားလမ်းပေါ်တွင် မေ ၂၂ ရက်၊ ညနေ ပိုင်းက တစ်ဦးမောင်းနှင်ကာ နှစ်ဦးစီနင်းလာသော ဆိုင်ကယ် အရှိန်လွန်တိမ်းမှောက်မှုကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သုဓမ္မဝတီနယ်မြေရဲစခန်းမှ သိရှိရသည်။ “ဖအေဖြစ်သူက မောင်းလာတာ အလယ်မှာ သူ့သားဖြစ်သူနဲ့ နောက်ကောင်လေးတစ်ယောက် စုစုပေါင်း(၃) ယောက်စီးလာတာ။ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျမှောက်သွားတာ။ ဖအေဖြစ်သူကတော့ ဆေးရုံပို့ပြီး မကြာဘူး၊ ဆုံးသွားတယ်။ သူ့သားကတော့ ဒဏ်ရာပြင်းလို့ ရန်ကုန်ဆေးရုံပို့တာ ထပ်ဆုံးသွားတယ်။”ဟု သုဓမ္မဝတီနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

Read More »

မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် လှည့်​ကင်း​ဆောင်​ရွက်​​နေသည့်​ ရဲတပ်​ဖွဲ့ဝင်​များအား ကားဖြင့်​ ​တိုက်မိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် သုံးဦး သေဆုံး

မင်းခန့်​ (မြစ်​မခ) မန္တလေး၊ ​မေ (၂၃) ရက်​။ မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​၊ မြို့သစ်​ အမှတ်​(၃)ရပ်​ကွက်​၊ (၆၂)လမ်း၊ ဒေလီယာလမ်းနှင့်​ ဇလပ်​ဝါလမ်း ကြား၌ မေ ၂၃ ရက်​​၊ နံနက်(၁)နာရီက လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်​ဖွဲ့ဝင်​များကို ​အရက်သောက်သုံးသူ မောင်းနှင်လာသည့်​ ကားတစ်​စီးက အရှိန်​မထိန်းနိုင်​ဘဲ ဝင်​​ရောက်​တိုက်​မိမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ် သားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ အမှတ်​(၁၁)နယ်​​မြေရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ ရဲအုပ်​ ​ဇော်​မင်းထိုက်​ဦး​ဆောင်​ပြီး တပ်​ကြပ်​ ​ဇော်​​ဇော်​နိုင်၊ တပ်​ကြပ်​ ​ကျော်​မြင့်​ထွန်း၊ တပ်​ကြပ်​ ​မောင်​​မောင်​​ထွေး၊ ဒုတပ်​ကြပ်​ ရဲလင်း​အောင်​နှင့်​ မိတ်​ဖက်​အဖွဲ့အစည်းများ သည် ညဉ့်​နက်​လှည့်​ကင်းဆောင်​ရွက်​​နေစဉ် ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်သည်။

Read More »

သထုံတွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲဖြန့်ဖြူးသူများနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ ၂၂ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာတွင် မေ ၂၁ ရက်ညပိုင်းက WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား များ ဖြန့်ဖြူးရောင်းချသူနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။ “ဆေးပြားတွေ ရောင်းချနေတယ်လို့ သတင်းအရစောင့်ဖမ်းတာပါ။ ဖြန့်ဖြူးရောင်းချသူနဲ့ ဆက်စပ်ဝယ်ယူ သုံးစွဲသူတွေကိုပါ ဖမ်းမိထားပါတယ်။ နောက်ထပ်ကွင်းဆက်တရားခံတွေ ရှိ၊ မရှိစစ်ဆေးပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမှာပါ။”ဟု သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ဝီယော်ကျေးရွာနှင့် ကြာပန်းကျေး ရွာသွားကားလမ်းမတွင်စောင့်ဆိုင်းနေစဉ် ဝီယော်ကျေးရွာမှ ကြာပန်းကျေးရွာသို့ နီတွတ်(ခ) အောင်စိုးဦး(၂၂) နှစ်မောင်းနှင်လာသောဆိုင်ကယ်အား စစ်ဆေးရာ အောင်စိုးဦးမှ …

Read More »

ငွေဆောင်ကမ်းခြေတွင် တီရှပ်အကျီ င်္အစိမ်းရောင်လက်တို ဝတ်ထားသော ပုပ်ပွသေဆုံးနေသည့် အလောင်း တွေ့ရှိ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေလ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေ၊ ရေသိုးကျွန်းသောင်ပြင်တွင် မေလ(၂၀)ရက်၊ ည (၈) နာရီခန့်တွင် ရန်ကုန်-ပုသိမ်ပြေးဆွဲသည့် ယာဉ်လိုင်းတစ်လိုင်း၏ တီရှပ်အကျီ င်္အစိမ်းရောင်လက်တို ဝတ်ထားပြီး ပုပ်ပွနေသည့် လူသေအလောင်းတွေ့ရှိခဲ့ကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှ သိရှိရသည်။ အဆိုပါ ပုပ်ပွနေသည့် အလောင်းမှာ ပင်လယ်ထဲတွင် (၁၅)ရက်မှ (၂၅)ရက်အထိ မျောပါနေသည့် အလောင်း ဟု ခန့်မှန်းထားပြီး ချောင်းသာကမ်းခြေဘက်မှ မျောပါလာသည်ဟု ယူဆကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မျိုးနိုင်က ပြောသည်။

Read More »