Wednesday , May 31 2017
Home / သတင်း (page 4)

သတင်း

မော်လမြိုင်ရှိ ကမ္ဘာ့သမိုင်းဝင် ပထမနှစ်ခြင်းခရစ်ယာန်အသင်းတော်အဆောက်အဦး ပြုပြင်ပြီးစီးရန် အချိန် ထပ်မံယူရမည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ မေ ၂၉ ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကမ္ဘာ့သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် ပထမနှစ် ခြင်း ခရစ်ယာန်အသင်းတော် (First Baptist Church) အဆောက်အဦး ပြုပြင်နေခြင်းကို ဇွန်လတွင် ပြီးစီးရန် လျာထားသော်လည်း အခက်အခဲအချို့ကြောင့် အချိန်ထပ်ယူရန်လိုကြောင်း ဗိသုကာပညာရှင် မခင်မာထွေးက ပြောဆိုလိုက်သည်။ “အဆောက်ဦးအသစ်ဆိုရင် ဘယ်နေ့ပြီးမလဲ ခန့်မှန်းလို့ရတယ်။ အဆောက်အဦးအဟောင်းကိုပြင်တဲ့နေရာမှာ မမျှော်လင့်ထားတာတွေ တွေ့ရှိရတဲ့အပေါ် ဘယ်အချိန်ပြီးမလဲဆိုတာ အတိအကျ မခန့်မှန်းနိုင်ဘူးဖြစ်နေတယ်။  ကျွန်တော်တို့ ကနဦးအဆောက်အဦးမပြင်ခင်မှန်းထားတာ ဇွန်လမှာပြီးမယ်ပေါ့။ အခုတော့ အချောကိုင်တဲ့ ပလာစတာကိစ္စက ကျွန်မတို့ ထင်သလို ဘိလပ်မြေနဲ့မဟုတ်ဘူး။ ဒီအပေါ်မှာ အချိန်အနည်းငယ်ယူရမယ်။”ဟု မခင်မာထွေးက ပြောသည်။  

Read More »

ကျောက်ဖြူမြို့တွင် မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

အာရကန်ကိုကို(မြစ်မခ) ကျောက်ဖြူ၊ မေ(၂၉)ရက်။ မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်ပြည့် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့ ဘုရားကြီးတောင်ကျောင်းတိုက်တွင် မေလ(၂၈)ရက် နံနက်(၈)နာရီမှ (၁၁) နာရီထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ ရဟန်းသံဃာတော်(၇)ပါးနှင့် လူ(၁၀၀)ဦးခန့်တက် ရောက်ခဲ့ကြောင်း ပွဲတော်ကျင်းပ ရေးကော်မတီမှ သိရသည်။ ”အဓိကကျင်းပရတာက မသီတာထွေးနဲ့ ရခိုင်ပြည်သူပြည်သားတွေ၊ နောက်မျိုးဆက်သားသမီးတွေ မမေ့ ကောင်းနေ့အဖြစ် နှစ်စဉ်ကျင်းဖို့ ရွည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်ပါတယ်။ မသီတာထွေးအတွက် ရွေသာလျောင်း ဘုရားမှာ ဆီမီး၊ ပန်း၊ အမွေးနံ့သာများ ဆက်ကပ်လှူဒါန်းပြီး သူမအတွက် ဆုတောင်းကြပါတယ်။ နောက်ပြီး ရဟန်းသံဃာတော်တွေကို လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သူမအတွက် ရေစက်သွန်းချ …

Read More »

သိမ်းဆည်မြေယာများ ပြန်လည်ရရှိရေး အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြောကြား

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေလ (၂၉) ရက်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ သားသမီးများ ပညာရေး၊ စီးပွားရေးများ ကျေးလက် ဒေသဖွံ့ဖြိုးရေး မနှောင့်နှေးစေရန် သိမ်းဆည်မြေယာများ ပြန်လည်ရရှိရေးကို အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု တွေ့ဆုံခဲ့သည့် တောင်သူ ဦးခင်ဦး၏ ပြန်လည် ပြောပြချက်အရ သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေကြည်ညောင်ပင် ကျေးရွာအုပ်စုရှိ ရှင်တော်ကုန်းကျေးရွာတွင် မြေသိမ်းခံတောင်သူများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မေလ ၂၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။  

Read More »

အင်းလေးဒေသ အင်ပေါ်ခုံကျေးရွာတွင် ကြာချည်မျှင် ကုန်ကြမ်းဈေးတက်သောကြောင့် ကြာသင်္ကန်းများ ဈေးနှုန်း ကျပ်နှစ်သိန်းခန့်မြင့်တက်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေ ၂၈ ရက်။ အင်းလေးဒေသ အင်ပေါ်ခုံကျေးရွာတွင် ကြာချည်မျှင်ဖြင့်ပြုလုပ်သည့်သင်္ကန်းများမှာ ယခုနှစ်တွင် ကြာချည်မျှင် ကုန်ကြမ်းဈေးတက်သောကြောင့် ဈေးနှုန်းကျပ်(၂)သိန်းဝန်းကျင်ခန့် မြင့်တက်လာကြောင်း အင်ပေါ်ခုံ ကျေးရွာရှိ မြင့်မြတ်ထွေး ကြာသင်္ကန်းနှင့် ရိုးရာအထည်ရက်ကန်းဆိုင်မှ သိရှိရသည်။ ပြည်တွင်း ပြည်ပမှ မှာယူသူများရှိနေသည့် ကြာသင်္ကန်းမှာ ယခင် ၂၀၁၆ ခုနှစ်က ကြာချည်တစ်ပိဿာလျှင် ကျပ်(၄)သိန်းဝန်းကျင်ပေးဝယ်ရကာ ကြာသင်္ကန်း တစ်စုံလျှင် ကျပ်(၁၆)သိန်းဖြင့် ရောင်းချခဲ့သော်လည် ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ်(၅)သိန်း ဝန်းကျင်ပေးရသဖြင့် တစ်စုံလျှင်ကျပ်(၁၈)သိန်းဝန်းကျင်ထိ ဈေးတက်သွားကြောင်း သိရသည်။

Read More »

အဆင့်မြင့်မင်္ဂလာဈေးသစ်ကြီး၌ ဆိုင်ခန်းပိုင်ရှင်များ မူလအခန်းနေရာများအတိုင်းရရှိရေး ဆောင်ရွက်နေ

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ မေ (၂၇) ရက်။ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသစ်ပြန်လည်တည်ဆောက်မည့် အဆင့်မြင့် မင်္ဂလာဈေးသစ် ကြီး၌ ဆိုင်ခန်းပိုင်ရှင်များ မူလအခန်းနေရာများ အတိုင်း ပြန်လည်ရရှိရေးကို အဓိကထားဆောင်ရွက်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ ပြောဆိုချက်အရ သိရှိရသည်။ “ကျွန်တော်တို့က ဒါကို စတင်ဆောင်ရွက်ကတည်းက တိုင်းအစိုးရကို တင်တဲ့အခါမှာ ဈေးသူဈေးသားတွေရဲ့ ကုန်ကျစရိတ်မယူဘဲနဲ့ အခမဲ့ တည်ဆောက်ပေးဖို့ နောက်ပြီး မူလအခန်းနေရာမှာ မူလဆိုင်ခန်းတွေကိုပဲ လုံ လောက်အောင် အပြည့်အဝပြန်ပြီးပေးစေဖို့ အဲဒီအချက်တွေကိုလည်း ကြိုးစားပေးခဲ့တယ်။”ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။  

Read More »