Wednesday , May 31 2017
Home / သတင်း (page 30)

သတင်း

ဧရာဝတီတိုင်းတွင် သောက်သုံးရေပြတ်လပ်သည့် ကျေးရွာ(၅)ရွာသာရှိသေး

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေလ (၅)ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မေလ(၅)ရက်အထိ မြို့နယ်(၃)ခုမှ ကျေးရွာ(၅)ရွာသာ သောက်သုံးရေ ပြတ် လပ်မှုဖြင့် ရင်ဆိုင်နေရသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။ သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်နေသော ကျေးရွာများမှာ ပုသိမ်မြို့နယ်မှ ရွှေတွင်းတူးကျေးရွာ၊ ငကွေကျေး ရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်မှ စစ္စလီထုံးကျေးရွာ၊ ရွာကလေးကျေးရွာနှင့် ဖျာပုံမြို့နယ်မှ ကျောင်းကုန်းကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

Read More »

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ GOOD WELL TAPE စက်ရုံရှေ့တွင် အလုပ်သမား(၂၀)ကျော် ထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်

  ကျော်မျိုးထွဋ်(မြစ်မခ) မန္တလေး၊ မေ ၄ ရက်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၆၁-၆၂)၊ ကနောင်မင်းသားကြီးလမ်းရှိ GOOD WELL TAPE  စက် ရုံရှေ့တွင် အလုပ်သမား(၂၀)ကျော်က ၎င်းတို့တောင်းဆိုချက်များရရှိရေးအတွက် မေ ၄ ရက်၊ နံနက်(၉)နာရီ တွင် ထိုင်သပိတ်ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။ ၎င်းတို့သည် အနည်းဆုံးလုပ်ခလစာ ပြည့်မီရရှိရေး၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိသူများအား အပြည့်အဝတာ ဝန်ယူပေးရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများကို အလုပ်ရှင်မှထုတ်ပေးရန်၊ လုပ်ခလစာတိုးမြှင့်ရရှိရေး၊ လုပ်သက်ခွင့် ရှောင်တခင်ခွင့်ရရှိရေး အစရှိသည့် အချက်(၁၆)ချက်ကို ဆန္ဒထုတ်ဖောတောင်းဆိုခြင်းဖြစ်သည်။

Read More »

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးသွားနေသည်ကို အခွင့်ကောင်းယူ၍ နိုင်ငံရေး မတည်ငြိမ်အောင် လုပ်ဆောင်နေဟု ဦးဝင်းထိန် ကောက်ချက်ချ

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ မေ(၄)ရက်။ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ (NLD) ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သတိပေးစာထုတ်မည်ဆိုသည့်အကြောင်း လူမှုကွန်ယက်တွင် တက်လာခဲ့သည်မှာ ၎င်းလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ဦးဝင်းထိန်က မေလ(၄)ရက်နေ့တွင် ပြောဆိုလိုက်သည်။

Read More »

သာပေါင်းမြို့နယ်အတွင်း သစ်တောစိုက်ပျိုးခြင်းကို စကာင်္ပူနိုင်ငံအခြေစိုက်ကုမ္ပဏီနှင့် ပြည်တွင်း ကုမ္ပဏီ ပူးပေါင်း၍ ကန်ဒေါ်လာ (၃.၈၀၉)သန်း ရင်းနှီးမြှုပ်နှံ

ယမုံ (မြစ်မခ) ရန်ကုန်၊ မေ(၄)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်း သစ်တောစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို စင်္ကာပူ နိုင်ငံ အခြေစိုက် Timberland Plantation Investment ကုမ္ပဏီနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခု ပူးပေါင်း၍ အမေရိကန် ဒေါ်လာ (၃.၈၀၉)သန်း ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။ အဆိုပါ သစ်တောစိုက်ခင်းသည် ဧပြီလ(၂၈)ရက်တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး၌ ခွင့်ပြုပေးခဲ့သည့် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၉)ခုထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မေလ(၂)ရက်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ “သစ်တောစိုက်ခင်းထူထောင်တဲ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်။ အဲ့ဒါက ပုသိမ်မြို့နယ်မှာ အကေးရှား (မန်ဂျန်ရှား)၊ အကေးရှား(အော်ရီရှား)လုပ်ငန်းအမျိုးအစားနဲ့ သစ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှာ ဖြစ်တယ်။ ဒါက ဖက်စပ် ရင်းနှီးမြှုပ်နှံမှုပါ။ စင်္ကာပူနိုင်ငံက(၆၅)ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက (၃၅)ရာခိုင်နှုန်း ပူးပေါင်းရင်းနှီးမြှုပ်နှံတဲ့  လုပ်ငန်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဆိုပေမယ့် သစ်တောစိုက်ခင်းစိုက်ပျိုးရေးမှာ ဝင်ရောက်တာပါ။”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ 

Read More »

ကသာမြို့ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် သီးနှံများထိခိုက်ပျက်စီးဧရိယာများစာရင်းကို မေလ (၂)ရက်တွင် တင်ပြခဲ့

နေမျိုးလှရွှေ (မြစ်မခ) ကသာ၊ မေ(၄)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌ ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် သီးနှံများ ရေလွှမ်းမိုး၍ ထိခိုက်ပျက်စီးသည့် ဧရိယာများကို ကွင်းဆင်းစာရင်းများပြုစုထားပြီး ကသာခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ဧပြီလ(၄)ရက်တွင် (၄၄၇)စင်တီမီတာအထိ မြင့်တက်လာသောကြောင့် နှုန်းတင်မြေနုကျွန်းများတွင် စိုက်ပျိုးထားသော ဆောင်းသီးနှံများ ရေလွမ်းပျက်စီးခဲ့ရပြီး အဆိုပါ ပျက်စီးဧရိယာ စာရင်းများကို ကသာခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဧပြီလ(၅)ရက်မှ စတင်ကောက်ယူခဲ့ခြင်းဖြစ်သည်။

Read More »