Wednesday , May 31 2017
Home / သတင်း (page 3)

သတင်း

တိုင်းဧရာအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များ ကျောင်းမအပ်ပါက ဆရာများက အိမ်တိုင်ရာရောက် လိုက်လံ စည်းရုံးမည်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေ (၂၉) ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များ ကျောင်းဖွင့်ချိန်အထိ ကျောင်းလာအပ်ခြင်းမရှိ ပါက ကျောင်းအပ်ရန် သက်ဆိုင်ရာ ရပ်ရွာရှိကျောင်းမှ ဆရာ၊ ဆရာမများကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လံစည်းရုံးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ (၅)နှစ်အရွယ်ကလေးငယ်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများက စာရင်းကောက်ယူထားပြီး ကလေးကို ကျောင်းမအပ်ပါက ကျောင်းအပ်နိုင်ရန် လိုက်လံ စည်းရုံးရန် ညွှန်ကြားထားကြောင်း သိရသည်။

Read More »

ကားလမ်းပေါ် ဆိုင်ကယ်မောင်းနေစဉ် မိုးကြိုးပစ်ခံရပြီး နောက်မှ လိုက်ပါစီးနင်းသူ ပွဲချင်းပြီးသေဆုံး

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ် ၊မေလ(၂၉)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ် ပုသိမ်-မော်တင်ကားလမ်းပေါ် ကိုင်းချောင်းတံတားအနီး၊ မေ(၂၈)ရက်၊ ညနေ(၄)နာရီခွဲခန့်တွင် ဆိုင်ကယ်မောင်းနှင်လာစဉ် မိုးကြိုးပစ်ခံရပြီး ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူမှာ အခင်းဖြစ်ရာနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Read More »

မော်လမြိုင်ရှိ ကမ္ဘာ့သမိုင်းဝင် ပထမနှစ်ခြင်းခရစ်ယာန်အသင်းတော်အဆောက်အဦး ပြုပြင်ပြီးစီးရန် အချိန် ထပ်မံယူရမည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ မေ ၂၉ ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကမ္ဘာ့သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် ပထမနှစ် ခြင်း ခရစ်ယာန်အသင်းတော် (First Baptist Church) အဆောက်အဦး ပြုပြင်နေခြင်းကို ဇွန်လတွင် ပြီးစီးရန် လျာထားသော်လည်း အခက်အခဲအချို့ကြောင့် အချိန်ထပ်ယူရန်လိုကြောင်း ဗိသုကာပညာရှင် မခင်မာထွေးက ပြောဆိုလိုက်သည်။ “အဆောက်ဦးအသစ်ဆိုရင် ဘယ်နေ့ပြီးမလဲ ခန့်မှန်းလို့ရတယ်။ အဆောက်အဦးအဟောင်းကိုပြင်တဲ့နေရာမှာ မမျှော်လင့်ထားတာတွေ တွေ့ရှိရတဲ့အပေါ် ဘယ်အချိန်ပြီးမလဲဆိုတာ အတိအကျ မခန့်မှန်းနိုင်ဘူးဖြစ်နေတယ်။  ကျွန်တော်တို့ ကနဦးအဆောက်အဦးမပြင်ခင်မှန်းထားတာ ဇွန်လမှာပြီးမယ်ပေါ့။ အခုတော့ အချောကိုင်တဲ့ ပလာစတာကိစ္စက ကျွန်မတို့ ထင်သလို ဘိလပ်မြေနဲ့မဟုတ်ဘူး။ ဒီအပေါ်မှာ အချိန်အနည်းငယ်ယူရမယ်။”ဟု မခင်မာထွေးက ပြောသည်။  

Read More »

ကျောက်ဖြူမြို့တွင် မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

အာရကန်ကိုကို(မြစ်မခ) ကျောက်ဖြူ၊ မေ(၂၉)ရက်။ မသီတာထွေးကွယ်လွန်ခြင်း (၅)နှစ်ပြည့် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက် ဖြူမြို့ ဘုရားကြီးတောင်ကျောင်းတိုက်တွင် မေလ(၂၈)ရက် နံနက်(၈)နာရီမှ (၁၁) နာရီထိ ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားသို့ ရဟန်းသံဃာတော်(၇)ပါးနှင့် လူ(၁၀၀)ဦးခန့်တက် ရောက်ခဲ့ကြောင်း ပွဲတော်ကျင်းပ ရေးကော်မတီမှ သိရသည်။ ”အဓိကကျင်းပရတာက မသီတာထွေးနဲ့ ရခိုင်ပြည်သူပြည်သားတွေ၊ နောက်မျိုးဆက်သားသမီးတွေ မမေ့ ကောင်းနေ့အဖြစ် နှစ်စဉ်ကျင်းဖို့ ရွည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်ပါတယ်။ မသီတာထွေးအတွက် ရွေသာလျောင်း ဘုရားမှာ ဆီမီး၊ ပန်း၊ အမွေးနံ့သာများ ဆက်ကပ်လှူဒါန်းပြီး သူမအတွက် ဆုတောင်းကြပါတယ်။ နောက်ပြီး ရဟန်းသံဃာတော်တွေကို လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သူမအတွက် ရေစက်သွန်းချ …

Read More »

သိမ်းဆည်မြေယာများ ပြန်လည်ရရှိရေး အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြောကြား

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေလ (၂၉) ရက်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ သားသမီးများ ပညာရေး၊ စီးပွားရေးများ ကျေးလက် ဒေသဖွံ့ဖြိုးရေး မနှောင့်နှေးစေရန် သိမ်းဆည်မြေယာများ ပြန်လည်ရရှိရေးကို အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု တွေ့ဆုံခဲ့သည့် တောင်သူ ဦးခင်ဦး၏ ပြန်လည် ပြောပြချက်အရ သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေကြည်ညောင်ပင် ကျေးရွာအုပ်စုရှိ ရှင်တော်ကုန်းကျေးရွာတွင် မြေသိမ်းခံတောင်သူများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မေလ ၂၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။  

Read More »