Wednesday , May 31 2017
Home / သတင်း (page 20)

သတင်း

သထုံတွင် သမဝါယမအသင်းပိုင် ဆိုင်ခန်း(၃)ခန်းနှင့် ဆိုင်ကယ်တစ်စီးမီးလောင်ကျွမ်းမှုဖြစ်ပွား

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ (၁၂) ရက်။ မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ သမဝါယမအသင်းရုံးခွဲပိုင်ဆိုင် ခန်းရှိ မီးပလပ်ခုံအပူလွန်ကဲရာမှ ဆိုင်ခန်း(၃)ခန်းနှင့် ဆိုင်ကယ်တစ်စီးမီးလောင်မှု မေ ၁၂ ရက်၊ နံနက်(၁)နာရီ ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ဖြစ်တာက သမဝါယမအသင်းရုံးခွဲပိုင်ဆိုင်ခန်းမှာသုံးတဲ့ မီးပလပ်ခုံကနေ အပူလွန်ကဲပြီးလောင်တာပါ။ မီးပလပ် ခုံတစ်ခုတည်းမှာ အသုံးပြုတာတွေကများတော့ ကာလကြာလာတော့ဖြစ်တာပါ။ နောက်တစ်ခုက ဆိုင်ခန်းတွေ မှာ ညဖက် လူကမနေတော့ပိုဆိုးတာပေါ့။ လူနေရင်တောင် ဖြစ်ဖြစ်ချင်းသိရင် အမြန်ငြှိမ်းနိုင်ပါတယ်။”ဟု သထုံ ခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းကပြောသည်။

Read More »

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် လူဦးရေ (၃၀၀)ကျော်မှ CNPC ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒ ဖော်ထုတ်

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ မေ (၁၂)ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် ရင်းနှီးမြုပ်နှံခြင်း လုပ်ကိုင်နေသည့် ကုမ္ပဏီများမှ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် ကျွန်းသူကျွန်းသားများနှင့် ကျောင်းသား၊ သူ ကလေးငယ် စုစုပေါင်း (၃၀၀)ဦးကျော်မှ မေလ(၁၁)ရက်မွန်းလွဲ (၁)နာရီခန့်က ခွင့်ပြုချက်ဖြင့် မဒေးကျွန်းရှိ CNPC ကုမ္ပဏီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရသည်။ မဒေးကျွန်းရှိ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းများ ဖောက်လုပ်ပေးရေး၊ ကျေးရွာချင်းဆက် ပျက်စီးနေသည့် တံတားများအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရေးနှင့် MPT ဖုန်းလိုင်းများ ဆက်သွယ်ရေး ရရှိရေး တို့အတွက် ကျောက်တန်းကျေးရွာမှ စုရပ်လုပ်ချီတက်ပြီး တရုတ်စီအင်ပီစီရုံးရှေ့တွင်ေ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

Read More »

လုပ်ငန်းရှင်များအနေဖြင့် ကလေးသူငယ်အခွင့်အရေး ထည့်သွင်းစဉ်းစားခြင်းရှိ၊ မရှိ ကိုယ်တိုင်ပြန်လည်မေး ခွန်းထုတ်သင့်ဟုဆို

အေမီအောင် (မြစ်မခ) ရန်ကုန်၊ မေ (၁၂) ရက်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ၎င်းတို့စီးပွားရေးလုပ်ငန်းများတွင် ကလေးသူငယ် အခွင့်ရေး ထည့်သွင်းစဉ်းစားခြင်းရှိ၊ မရှိကို ကိုယ်တိုင်ပြန်လည်မေးခွန်းထုတ်သင့်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)မှ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောဆိုလိုက်သည်။

Read More »

တမူးမြို့နယ်တွင် စည်ပင်မှ ရေဂါလံ(၃)သိန်းစတင်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်နေ

အေမီအောင် (မြစ်မခ) ရန်ကုန်၊ မေ ၁၂ ရက်။ ချင်းပြည်နယ်၊ တမူးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ နေ့စဉ် ရေဂါလံ(၃)သိန်းဖြန့်ဝေနိုင်ရေး ဆောင် ရွက်လျှက်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် တမူးမြို့နယ်တွင်ရေဖြန့်ဝေရေးလုပ်ငန်းအတွက် လိုအပ်သည့်ရေသိုလှောင်ကန်များတည်ဆောက် ခြင်း၊ ရေစုပ်ကန်များ တည်ဆောက်သည့်အပိုင်းများသည် မေလပထမပါတ်အတွင်းက ပြီးစီးနေပြီး ရေဖြန့်ဝေ သည့်အပိုင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Read More »

ပါတီ(၁၃)ခုမှ တိုင်ကြားစာပို့ထားခြင်းကို လေ့လာစိစစ်ပြီးပါက အချိန်မီထုတ်ပြန်သွားမည်ဟုဆို

မင်းအောင်မြင် (မြစ်မခ) ရန်ကုန်၊ မေ (၁၁)ရက်။ ၂၀၁၇ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင် ဥပဒေကို ဖောက်ဖျက်ကျူးလွန် ရာရောက်သည်ဟုဆိုကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အချို့ကို ပါတီ(၁၃)ခုမှ တိုင်းကြားထားခြင်းကို လေ့လာစိစစ်ပြီးပါက အချိန်မီထုတ် ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းထံမှ သိရှိရသည်။ ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယကဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတို့ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ဥပဒေနှင့်အညီအရေးယူပေးရန် မေလ (၈)ရက်က စာဖြင့် တင်ပြတိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

Read More »