Thursday , March 8 2018
Home / သတင်း (page 2)

သတင်း

တိုင်းဧရာ ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

  မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇန်နဝါရီ ၁၀ ရက်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး မွေးမြုရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဇန်နဝါရီ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့် အမှတ်၊ ၁/၂၀၁၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) …

Read More »

ဘားအံမြို့နယ်တွင် တစ်နှစ်အရွယ် နွားမလေးအားလိင်ဆက်ဆံသည်ဟုဆိုကာ အမျိုးသားတစ်ဦး အမှုဖွင့်ခံရ

  မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ ဇန်နဝါရီ ၈ ရက်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မင်းဇီကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ အိမ်မွေးတစ်နှစ်အရွယ် နွားမလေးအား လိင်ဆက်ဆံခဲ့သည်ဟုဆိုကာ နွားပိုင်ရှင်၏ တိုင်ကြားချက်အရ တစ်ရွာတည်းနေ အမျိုးသားတစ်ဦးအား ဇန်နဝါရီ ၆ ရက်တွင် နွားပိုင်ရှင်က အမှုဖွင့်သည်ကို စစ်ဆေးလျက်ရှိကြောင်း ဘားအံမြို့နယ် စက်မှုဇုန်နယ်မြေ ရဲစခန်းမှ သိရှိရသည်။ အဆိုပါ နွားမလေးအား လိင်ဆက်ဆံခြင်းကို ဇန်နဝါရီ ၅ ရက် ည ၁၀း၀၀ နာရီခန့်က ပြုလုပ်ခဲ့သည်ဟု တိုင်တန်းချက်တွင် ပါရှိသည်။ “ကျွန်မနွားသုံးကောင်ကို ညမိုးချုပ်တော့ အိမ်အောက်မှာ ချည်ထားတာပါ။ ည ၉ နာရီကျော်ကျော်မှာ ဘေးအိမ် က ဦးလေးကြီးက …

Read More »

မင်းလှမြို့နယ်အတွင်း သဘာဝအတိုင်းထားရှိမည့် မုက္ခာရေတံခွန်ဆင်စခန်းဖွင့်လှစ်

သီဟလွင် (မြစ်မခ) မင်းလှ၊ ဇန်နဝါရီ ၅ ရက်။ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာအနီး ပဲခူးရိုးမအစပ်တွင် သဘာဝ အတိုင်း ထားရှိမည့် ဆင်များကို လေ့လာနိုင်သည့် မုက္ခာရေတံခွန်ဆင်စခန်းကို ဇန်နဝါရီ ၄ ရက်က စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဆင်စခန်းမှ သိရှိရသည်။ ယင်းဆင်စခန်း၌ သစ်လုပ်ငန်းမှ ရပ်နားထားသည့် ဆင်များသည် နိုင်ငံတော်ဘဏ္ဍာအတွက် တစ်ဖက်တစ်လမ်း က ရှာဖွေပေးခြင်း၊ ပြည်သူများကလည်း ဆင်များကို ချစ်ခင်လာပြီး တောဆင်ရိုင်းများသတ်ဖြတ်ခံရခြင်းက ဝိုင်း ဝန်းကာကွယ်လာစေခြင်းအပါအဝင် ဆင်များ၏ တောနေသဘာဝများကို သိရှိနိုင်လာစေရန် ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း သိရသည်။

Read More »

အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး လက်ကမ်းစာစောင်ဝေငှ၍ အသိပေး

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ ၂ ရက်။ အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး(မြန်မာ)အဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက်၊ နံနက်(၉) နာရီခွဲဝန်းကျင်တွင် အင်းစိန်အကျဉ်းထောင်ရှေ့သို့သွားရောက်ကာ အကျဉ်းထောင်အတွင်းမှ ပြန်လည်လွတ် မြောက်လာသည့် အကျဉ်းသားများကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရသည်။ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လက်ကမ်းစာစောင်များဝေငှခြင်းကို တစ်ပါတ်လျှင်(၂)ရက်ခန့်ဖြင့် အပါတ်စဉ် သွားရောက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Read More »

ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၅၅)မှု ဖြစ်ပွားခဲ့ရာ (၁၁၆)ဦး သေဆုံး

  ကျော်မျိုးထွဋ်(မြစ်မခ) ကညွတ်ကွင်း၊ ဇန်ဝါရီ ၂ ရက်။ ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာ(၃၁)ရက်ထိ ယာဉ်မတော်တ ဆမှုစုစုပေါင်း (၅၅၅)မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၁၆)ဦး၊ ဒဏ်ရာရရှိသူ(၈၆၃)ဦးထိရှိခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှ သိရှိရသည်။ အဆိုပါ အမှုများတွင် ယာဉ်များအရှိန်ပြင်းစွာမောင်းနှင်မှုကြောင့်ဖြစ်သည့် အမှုမှာ အများဆုံးဖြစ်နေကြောင်း သိရသည်။

Read More »