Tuesday , September 26 2017
Home / သတင်း (page 1026)

သတင်း

လှိုင်သာယာမှမီးဘေးသင့်ပြည်သူများအား ပြန်လည်နေရာချထားရန်လိုအပ်

လှိုင်သာယာမြို့နယ်၊(၅)ရပ်ကွက်မှ မီးဘေးသင့်ပြည်သူများသည် အစားအစာနှင့် အသုံးအဆောင် ဖူလုံမှုရှိသော်လည်း နေစရာအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရထံမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးရန် မျှော်လင့်လျှက်ရှိကြောင်း မီးဘေးသင့် ဒေသခံများထံက သိရှိရသည်။ “စားစရာတွေနဲ့ အသုံးအဆောင်တွေက လုံလောက်မှုရှိပါတယ်။ လိုအပ်နေတာက နေရာထိုင်ခင်းပဲ။ ဒီတစ်ခုထဲမှာပဲ အားလုံးစုပြီး နေကြရတော့ နည်းနည်း ကသီတာပေါ့။ ကိုယ့်အိမ်ကိုယ့်ယာဆိုရင် ဘယ်လိုနေရနေရ ကျေနပ်ပါတယ်။ ဒါ့ကြောင့် အစိုးရက နေစရာလေးကိုဘဲ အမြန်ဆုံးစီစဉ်ပေးဖို့ မျှော်လင့်ပါတယ် ” ဟု ဒေါ်ဝါးခယ်မ(ခေါ်) ဒေါ်ညွှန့်ညွှန့်သန်းက ပြောသည်။

Read More »

ဘက်လိုက်မှုများပါဝင်သည့် ကုလလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်၏ ရခိုင်ခရီးစဉ်

ရခိုင်ပြည်နယ်ခရီးစဉ်လာရောက်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် မစ္စတာ တွမ်မတ်အိုဂျီးယားကင်တားနားအနေဖြင့် ရခိုင်ပြည်နယ်ခရီးစဉ်အတွင် ဘင်္ဂါလီအရေး ဘက်လိုက မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ရခိုင်ပြည်နယ်ရှိခဲ့သည့် မစ္စတာကင်တားနားမှာ ဒုက္ခသည်စခန်းများနှင့် အကျဉ်းထောင်များသို့ သွားရောက်ခဲ့စဉ် ဘက်လိုက်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

Read More »

သပိတ်စခန်းဖြိုခွင်းခဲ့သည့်တရားခံ မထုတ်ပြန်နိုင်ပါက ဆန္ဒထုတ်ဖော်ရန်စီစဉ်နေ

လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသပိတ်စခန်းဖြိုခွင်းခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ ပြည်သူများအတွက် ထုတ်ပြန် ကြေညာခြင်းမရှိပါက ဆန္ဒပြမှုများဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်ရှိသည်ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးက ဆိုသည်။ “ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆုံးဖြတ်ချက်ကို မစောင့်နိုင်လို့ လုပ်တာလည်း ဟုတ်တယ် ၊ စောင့်လာတာ တစ်လ လောက်ကြာနေပြီ ၊ ဒီလ၂၈ ရက် နေ့ မှ အဖြေမထုတ်ပြန် ပဲ အချိန်ဆွဲထားမယ်ဆိုရင် ဆန္ဒပြပွဲဖြစ်ပေါ်လာအုံးမှာပါ ” ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးက ပြောသည်။

Read More »

လွန်ခဲ့သောဆယ်နှစ်က သိမ်းဆည်းခံ အိမ်ခြံမြေများအတွက် ဆန္ဒထုတ်ဖော်မှုဖြစ်ပွား

လွန်ခဲ့သည့် (၁၀)က အိမ်ခြံမြေသိမ်းခံခဲ့ရသည့် မူလနေထိုင်သူများက မြေနေရာများပြန်လည်ရရှိရေး မရမ်းကုန်းမြို့နယ် (၆) ရက်ကွက်တွင် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်မှုပြု လုပ်ခဲ့ကြသည်။ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်ကတည်းက သိမ်းဆည်းခံထားရသည့် မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ မြေ (၅)ဧကကျော်တွင် မူလနေထိုင်ခဲ့သူများက ပြန်လည်ရယူလိုသောကြောင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

Read More »

မြန်မာ့ဆက်သွယ်ရေး လောကကို ကိုင်လှုပ်မည့်သူ (သို့) စိန်ခေါ်မှုနှင့်အတူ ရင်းနှီးမြုပ်နှံခွင့်ရမည့် အခွင့်အရေး

အာရှတွင် ဂျီဒီပီအနည်းဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံမှ ဆက်သွယ်ရေးဈေးကွက်အား ရင်းနှီးမြှုပ်နှံခွင့်ရသည့် ရှားပါးအခွင့်အလမ်းရရှိသည့် ကုမ္ပဏီမှာ အကျိုး အမြတ်နှင့်အတူ ဆိုးကျိုးများပါ မျှဝေခံစားရမည်ဟု စင်္ကာပူဈေးကွက် လေ့လာရေးကုမ္ပဏီက သုံးသပ်ထားသည်။ “ ကမ္ဘာပေါ်မှာကျန်ရှိနေသေးတဲ့ အလားအလာ အကောင်းဆုံး ဈေးကွက်တွေထဲက တစ်ခုပါပဲ၊ ဈေးကွက်အလားအလာ ကတော့ တကယ် ကောင်းပါတယ်၊ဒါပေမယ့် စိန်ခေါ်မှုတွေ ရှိလာနိုင်တယ် “ ဟု စင်ကာပူအခြေစိုက် နိုမူရာကုမ္ပဏီမှ အကြီးတန်းလေ့လာ ဆန်းစစ်သူ ဆာချင်ဂုပတားက ပြောသည်။

Read More »