Wednesday , May 31 2017
Home / သတင်း (page 10)

သတင်း

ငွေဆောင်ကမ်းခြေတွင် တီရှပ်အကျီ င်္အစိမ်းရောင်လက်တို ဝတ်ထားသော ပုပ်ပွသေဆုံးနေသည့် အလောင်း တွေ့ရှိ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေလ ၂၂ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေ၊ ရေသိုးကျွန်းသောင်ပြင်တွင် မေလ(၂၀)ရက်၊ ည (၈) နာရီခန့်တွင် ရန်ကုန်-ပုသိမ်ပြေးဆွဲသည့် ယာဉ်လိုင်းတစ်လိုင်း၏ တီရှပ်အကျီ င်္အစိမ်းရောင်လက်တို ဝတ်ထားပြီး ပုပ်ပွနေသည့် လူသေအလောင်းတွေ့ရှိခဲ့ကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှ သိရှိရသည်။ အဆိုပါ ပုပ်ပွနေသည့် အလောင်းမှာ ပင်လယ်ထဲတွင် (၁၅)ရက်မှ (၂၅)ရက်အထိ မျောပါနေသည့် အလောင်း ဟု ခန့်မှန်းထားပြီး ချောင်းသာကမ်းခြေဘက်မှ မျောပါလာသည်ဟု ယူဆကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မျိုးနိုင်က ပြောသည်။

Read More »

ဒရုန်းများဖြင့် စိုက်ခင်းများရှိ အပင်များ၏ ကြီးထွားမူ၊ ရေးပေးသွင်းခြင်း မှတ်တမ်းတင်ခြင်းများပြုနိုင်ရန် ဝန်ထမ်း (၃၀) ဦးအား သင်တန်းပေး

  ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မေလ (၂၀) ရက်၊ ဒရုန်း(မောင်သူမဲ့လေယာဉ်)များဖြင့် စိုက်ခင်းများရှိ အပင်များ၏ ကြီးထွားမူ၊ ရေးပေးသွင်းခြင်း မှတ်တမ်းတင် ခြင်းများပြုနိုင်ရန် စိုက်ပျိုးရေးဌာနမှ အရာရှိဝန်ထမ်း (၃၀) ဦးအားသင်တန်းများ ပို့ချပေးပြီး operator အပိုင်း အတွက် တစ်လအတွင်း (၅)ကြိမ် သင်တန်းဆက်လက်ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လုပ်ဆောင်ခြင်းကို မြန်မာနိုင်ငံလေကြောင်းနှင့် အာကသပညာတက္ကသိုလ်၊ (FAO) ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့ ပူပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အထူးစီးပွားရေးဇုန်သစ်တစ်ခု အကောင်အထည်ဖော်မည်

ယမုံ (မြစ်မခ) ရန်ကုန်၊ မေ ၂၂ ရက်။ ကုန်စည်စီးဆင်းမှုများပြုလုပ်ရာ၌ ကုန်ကျစရိတ်လျော့နည်းပြီး လျင်မြန်မှုရှိစေရန် အထူးစီးပွားရေးဇုန်သစ်တစ်ခု ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်သည်။ ဒလမြို့နယ်အားအခြေပြု၍ ပင်လယ်ပြင်ကို မျက်နှာမူကာ ဆိပ်ကမ်းတည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါဆိပ် ကမ်းကို စီးပွားရေးဇုန်အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များအသင်းချုပ်၌ မေ ၂၀ ရက်ကပြုလုပ်သည့် ဆဌမအကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ(၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »

ငွေဆောင်ကမ်းခြေတွင် “အိ” ဆိုသည့်စာလုံး တက်တူးထိုးထားသည့် အလောင်းတစ်လောင်း လာရောက် သောင်တင်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေ ၁၉ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေရှိ ရွှေဟင်္သာဟိုတယ်ရှေ့၊ ပေ(၁၀၀)ခန့်အကွာ ကမ်းခြေတွင် မေ ၁၉ ရက်၊ နံနက်(၇)နာရီခန့်က အမည်မသိအမျိုးသားအလောင်းတစ်လောင်း လာရောက် သောင်တင်ခဲ့ကြောင်း ငွေဆောင်နယ်မြေ ရဲစခန်းမှ သိရှိရသည်။ အလောင်း၏ခန္ဓာကိုယ်အစိတ်အပိုင်းအများစုသည် အရိုးကျနေပြီဖြစ်ပြီး ညာဘက်လက်မောင်းနေရာတွင် “အိ” ဆိုသည့်စာလုံးအား တက်တူးထိုးထားပြီး ခြေထောက်တွင် ကနုတ်ပုံတက်တူးတစ်ခုထိုးထားသည်ကိုသာ တွေ့ရှိ ရကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်မျိုးနိုင်ထံမှ သိရသည်။  

Read More »

ပုဒ်မ(၅၀၀)ဖြင့် တရားစွဲခံထားရသည့် ကျောင်းသား(၇)ဦးကို တရားရှင်လွှတ်ခဲ့သဖြင့် တပ်မတော်မှ အယူခံတက်

မျိုးမင်းထွန်း(မြစ်မခ) ပုသိမ်၊ မေ (၁၉)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် စစ်ပွဲများ အလိုမရှိကြောင်းပြဇာတ် ကပြခဲ့ခြင်းကြောင့် အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တပ်မတော်မှ တရားစွဲဆိုခြင်းခံခဲ့ရသည့် ကျောင်းသား(၇)ဦးအား ပုသိမ်မြို့နယ် တရားရုံးမှ တရားရှင်လွှတ်ပေးခဲ့သည့်အပေါ် တပ်မတော်ဖက်မှ ခရိုင်တရားရုံးသို့ အယူခံဆက်လက်တင်သွင်း မည်ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်နှင့် တပ်မတော်မိသားစုများ၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုခြင်းခံရသည့် ကျောင်းသား(၉)ဦးအနက် ကျောင်းသား(၇)ဦးကို မေ ၁၂ ရက်က တရားရှင်လွှတ်ပေးခဲ့ပြီး ယင်းကဲ့သို့ အမိန့်ချ မှတ်မှုကို တပ်မတော်မှ ကျေနပ်မှုမရှိသောကြောင့် အယူခံတင်သွင်းရန် ဆောင်ရွက်နေကြောင်း ပုသိမ်မြို့နယ် တရားရုံးမှ သိရသည်။

Read More »