Sunday , May 28 2017
Home / သတင်း / မသန်စွမ်းသူများဆိုင်ရာ (page 3)

မသန်စွမ်းသူများဆိုင်ရာ

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် တာဝန်သိရင်းနှီးမြှပ်နှံမှုနှင့် မသန်စွမ်းအရေး ထည့်သွင်းရန်လိုအပ်နေ

မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တာဝန်သိရင်းနှီးမြုပ်နှံမှုနှင့်အတူ မသန်စွမ်းအရေးကိစ္စများကိုပါ စီးပွားရေးမဟာဗျုဟာများတွင် ထည့်သွင်းရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံ နားမကြားသူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနမှ ဒါရိုက်တာ ကိုကျော်ကျော်က ပြောသည်။ “စီးပွားရေးလုပ်ငန်းတွေရဲ့ CSR မဟာဗျုဟာတွေမှာ မသန်စွမ်းအရေးကိစ္စ စတင်ထည့်သွင်းလာခြင်းအားဖြင့် နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှု တန်ဖိုး GDP မြင့်မားလာမှာ ဖြစ်သလို မသန်စွမ်းတွေအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးတွေပိုမိုရရှိလာမယ်။ UNCRPD အပါအ၀င် မသန်စွမ်းတွေအတွက် ဥပဒေမူဘောင်တွေ ခိုင်မာလာဖို့ တစ်စိတ်တစ်ပိုင်း အထောက်အကူပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်” ဟု မြန်မာနိုင်ငံ နားမကြားသူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနမှ ဒါရိုက်တာ ကိုကျော်ကျော်က ပြောသည်။

Read More »

သန်းခေါင်စာရင်း ကောက်ယူရာ၌ တိကျစေရေး မသန်စွမ်းသူများပါ ပူးပေါင်းပါဝင်သင့်

သန်းခေါင်စာရင်းကောက်ယူရာ၌ မသန်စွမ်းသူများ၏ စာရင်းများတိတိကျကျရရှိနိုင်ရေးအတွက် စာရင်း ကောက်များလာရောက်ကောက်ယူသည့်အချိန်တွင် မသန်စွမ်းသူများနှင့် ၎င်းတို့၏မိသားစုဝင်များက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက ပြောကြားသည်။ “မိသားစုတွေ မသန်စွမ်းသူကို ထုတ်မပြောချင်တဲ့ အပိုင်းတွေ ရှိနိုင်တယ်။တချို့က ရှက်လို့၊ ကြောက်လို့ ပတ်ဝန်းကျင်ကို အသိမခံနိုင်တာတွေကြောင့်ထုတ်ပြောချင်မှာ မဟုတ်ဘူး။ ဒါတွေကို ချန်ခဲ့မယ်ဆိုရင် နိုင်ငံတော်ကစီမံကိန်းတွေချမှတ်တဲ့အခါ မသန်စွမ်းသူတွေအတွက် နစ်နာနိုင်တယ်။”ဟု ၎င်းကဆိုသည်။

Read More »

မတရားမှုကို အရှက်ကြောင့် ဖုံးပစ်တော့မှာလား

မခံစားနိုင်တော့ဘူး`လို့ အသက် ၇၅ နှစ်အရွယ် အဖွားအိုက စီးကျလာတဲ့ မျက်ရည်ကို သုတ်ရင်း ပြောသည်။ အဖွားရဲ့ ပိုလီယိုရောဂါသည် မြေးမလေးကို အသက် ၂၅ နှစ်အရွယ်အမျိုးသားက လိင်အကြမ်းဖက်ခဲ့ကြောင်း မြေးမလေးရဲ့ အသက်ကိုပင် မနည်းကယ်တင်ခဲ့ရကြောင်း အဖွားဖြစ်သူက ၀မ်းနည်းနာကျင်လှစွာ ပြောပြသည်။ `မိဘတွေကတော့ တစ်ရှက်ကနေနှစ်ရှက်ဖြစ်လိမ့်မယ် ဆိုပြီး လျော်ကြေးလက်ခံဖို့ သဘောတူချင်တယ်၊ အဖွားကတော့ ဒီလိုပက်ပက်စက်စက် လုပ်ကြတဲ့ မတရားမှုကို လျော်ကြေးယူပြီး မပြီးချင်ဘူး၊ ဒါ မတရားမှုပါ အရပ်ကတို့ရေ…`လို့ ပြောရင်း ငိုချလိုက်သော အဖွားရဲ့ အသံက ပတ်ဝန်းကျင်မှ ဖွင့်ထားသော လော်စပီကာမှ ထွက်ပေါ်လာသည့် သီချင်းသံအောက်မှာပင် ပျောက်ကွယ်သွားတော့သည်။

Read More »

မသန်စွမ်းအမျိုးသမီးများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ခြင်းမတွေ့ရသေး

ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၌ မသန်စွမ်းအမျိုးသမီးများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပါဝင်လုပ်ဆောင် နေသည်ကို လုံးဝ တွေ့မြင်ရခြင်းမရှိကြောင်း မသန်စွမ်းများအား ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်း များမှ သိရသည်။  “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မသန်စွမ်းတွေအတွက် စောင့်ရှောက်ပေးနိုင်မယ့် အကာအကွယ်ပေးနိုင်မယ့် ဥပဒေမျိုးတွေလိုအပ်တယ်။ လက်ရှိမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာတွေ သက်ဆိုင်ရာတွေက လုပ်ပေးနေတာ တွေ့ရတယ်။ ဒါပေမယ့် ဘယ်မှာလဲ မသန်စွမ်းတွေပါဝင် ဆွေးနွေးခွင့်၊ သူတို့တွေအတွက် အခွင့်အရေးတွေ၊ မတွေ့ရဘူး။” ဟု လူမှုရေးဆိုင်ရာ သုတေသန လုပ်ဆောင်မှုအဖွဲ့မှ Director of Research ဖြစ်သူ Dr.Mike Griffiths က ဆိုသည်။

Read More »

မသန်စွမ်းအမျိုးသမီးများလည်း နိုင်ငံရေးတွင် ပါဝင်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်း

“အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုဆီသို့ လျှောက်လှမ်းကြပါစို့” ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် ကျင်းပသော မသန်းစွမ်းအမျိုးသမီးဖိုရမ်၌ မသန်သော်လည်း စွမ်းဆောင်နိုင်သူများအတွက် နိုင်ငံရေးတွင် ပါဝင်နိုင်ရေးနှင့် လွှတ်တော်အတွင်းတစ်နေရာရရှိရေးအတွက် စတင်လိုက်သည့် ခြေလှမ်းတစ်လှမ်းဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံကို အားလုံးချမ်းသာ ပျော်ရွှင်သောနိုင်ငံတစ်နိုင်ငံဖြစ်အောင်၊ ငြိမ်းချမ်းပြီး ပျော်စရာကောင်းသောကမ္ဘာ၊ ပျော်စရာ ကောင်းသည့် အိမ်မက်များ ဖြစ်အောင် တည်ဆောက်လျက်ရှိသောကြောင့် နိုင်ငံသားအားလုံး တန်းတူညီမျှရေးနှင့် မသန်စွမ်း သူများကိုလည်း လူ့အဖွဲ့အစည်းတွင်း ပါဝင်ပျော်ရွှင်နိုင်ရေးက အရေးကြီးလာကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြော သည်။

Read More »