Sunday , June 4 2017
Home / သတင်း / မသန်စွမ်းသူများဆိုင်ရာ (page 2)

မသန်စွမ်းသူများဆိုင်ရာ

မသန်စွမ်းသူများအတွင်း၌  ရွေးကောက်ပွဲဝင်ရန် အရည်အချင်းများစွာရှိနေဟုဆို

ပိုင်ထက် (မြစ်မခ) မြန်မာနိုင်ငံရှိ မသန်စွမ်းသူများထဲတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အရည်ချင်းရှိသူများစွာရှိ နေ သည်ဟု မသန်စွမ်းအမျိုးသမီးများအသင်း ဥက္ကဌ ဒေါ်ငယ်ငယ်အေးမောင်ထံမှ သိရသည်။ “ကျွန်မတို့မှာဝင်နိုင်တဲ့ အရည်ချင်းတွေအများကြီးရှိပါတယ်။ ဒါပေ့မယ် အဲ့လိုလူတွေကို ဖော်ထုတ် ပေးဖို့လို တယ်။ နိုင်ငံတော် အစိုးရ၊ အရပ်ဖက်အဖွဲ့စည်းတွေက ကူညီပေးမှုတွေ လိုအပ်တယ်။နည်းပညာတွေထောက် ပံ့ပေးမယ်ဆိုရင် ၀င်ရောက်နိုင်မှာပါ ” ဟု ၄င်းက ဆိုသည်။

Read More »

လာမည့်နှစ်မှ စတင်၍ မသန်စွမ်းတက္ကသိုလ် ကျောင်းသားများအား ချေးငွေထုတ်ပေးရန် စီစဉ်နေ

ယမုံ(မြစ်မခ) နီပွန်ဖောင်ဒေးရှင်းနှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ပူးပေါင်းကာ ၂၀၁၆ ခုနှစ်မှ စတင်ကာ တက္ကသိုလ် တက် ရောက်နေသည့် မသန်စွမ်းကျောင်းသားများအား လစဉ်ကန်ဒေါ်လာ ၁၅၀ ကို ကျောင်းပြီးသည်အထိ ချေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းမှ သိရှိရသည်။ “ကျွန်တော်တို့ဖောင်ဒေးရှင်းနဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ပူးပေါင်းပြီးတော့ မသန်စွမ်းတက္ကသိုလ် ကျောင်းသား တွေအတွက် အတိုးမဲ့ချေးငွေကို ချေးပေးမယ်။ ချေးငွေယူတဲ့သူတွေက အမှန်တကယ် တက္ကသိုလ်တက်နေသူ မသန်စွမ်းသူဖြစ်ရမယ်။ ချေးငွေကိုပြန်ဆပ်ရင် ဘယ်လောက်ပြန်ဆပ်ရမယ်ဆိုတာ မသတ်မှတ်ထားပါဘူး” ဟု နီပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်ဒါရိုက်တာ Mr. Yuji Mori က ပြောသည်။

Read More »

မသန်စွမ်းများအား သာမန်ကလေးများနှင့် ရောနှောသင်ကြားသည့် ပညာရေးစနစ်ကို လိုလားဟုဆို

မြန်မာနိုင်ငံ မသန်စွမ်းများအတွက် သီးသန့်ပညာရေးမဟုတ်ဘဲ သာမန်ကလေးများနှင့် ရောနှောသင်ကြားရသည့် ပညာရေးစနစ်ကိုသာလိုလားကြောင်း အာဆီယံမသန်စွမ်းသူများဖိုရမ် ကျင်းပရေးကော်မတီဝင် ဦးနေလင်းစိုး၏ ပြောကြားချက်အရ သိရှိရသည်။ ၎င်းတို့အား သီးသန့်သင်ကြားပေးသည့်စနစ်သည် ခွဲခြားဆက်ဆံသကဲ့သို့ ဖြစ်နေသည့်အတွက် အထူးပညာရေးစနစ်ကိုမလိုလားခြင်းဖြစ်ကြောင်း သိရသည်။

Read More »

မသန်စွမ်း စွမ်းရည်ပြသနိုင်ရေး ရန်ကုန်- မန္တလေးသို့ ၀ီးချဲလ်ဖြင့် ခရီးနှင်

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများ၏ သန်စွမ်းမှုစွမ်းရည် ပြသသည့်အနေဖြင့် ရန်ကုန်မှ မန္တလေးသို့ အပြန်အလှန် ခရီးရှည် ၀ှီးချဲလ်ဖြင့် ခရီးနှင်ခြင်းကို နိုဝင်ဘာလ (၁၆)ရက် နံနက်(၆း၀၀)နာရီတွင် ရန်ကုန်မြို့တော် ခန်းမရှေ့မှ စတင်၍ တာထွက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ခရီးရှည်ကို ၀ှီးချဲလ်ဖြင့် ထွက်ခွာရခြင်းမှာ ဒီဇင်ဘာ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နှင့် ရန်ကုန်မျက်မမြင် ကျောင်း(ခ၀ဲခြံ)တို့မှ အဆိုပါ ခရီးစဉ်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

Read More »

အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်၌ မြန်မာနိုင်ငံမသန်စွမ်းသူများမှ ၀ှီးချဲလ်အကဖြင့် ဖျော်ဖြေမည်

Immence Spectrum အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများမှ ၀ှီးချဲလ်အကဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ သိရသည်။ အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို ဂျပန်နိုင်ငံ The Nipon ဖောင်ဒေးရှင်းမှ ငွေကြေးအဓိက ပံပိုးပေးပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ဦးစီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read More »