Thursday , March 9 2017
Home / သတင်း / မသန်စွမ်းသူများဆိုင်ရာ

မသန်စွမ်းသူများဆိုင်ရာ

မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သည့် ပတ်ဝန်းကျင် ဖော်ဆောင်ရေးလှုပ်ရှားမှုပြုလုပ်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ (၁၁) ရက်။ အများပြည်သူသွားလာသည့်နေရာများတွင် မသန်စွမ်းသူများသွားလာရန် အတားအဆီးဖြစ်စေသည့်အရာများ  တည်ဆောက်ထားခြင်းကို လျှော့ချပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသိပေးတောင်းဆိုသည့် လှုပ်ရှားမှုကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ မသန်စွမ်းများက လှည်းတန်းနှင့် အင်းယားကန်ပေါင်၌ နိုဝင်ဘာ ၁၁ ရက်တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read More »

မသန်စွမ်းများ ကိုယ့်အားကိုယ်ကိုးစိတ်နှင့် ကြိုးစားဖို့လိုဟု အိမ်မဲတိုင်း(၂) ကိုယ်စားလှယ်ဆို

ခိုင်ခိုင်(မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ(၃၀)ရက်။ မသန်စွမ်းသူများအနေဖြင့် မသန်စွမ်းခြင်းအား နိမ့်ချသည်ဟု စိတ်ထားစရာမလိုဘဲ မိမိ၏ ရှိပြီးသားအစွမ်းနှင့် လူသားချင်း အတူတူပင်ဖြစ်သည် ဟူသော စိတ်ဓါတ်ဖြင့် ကြိုးစားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့နယ် တိုင်းဒေသကြီး အမှတ်၂ မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ အနိုင်ရရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ပြောကြားလိုက်သည်။ ” မသန်စွမ်းတွေအတွက်ကတော့ တချို့မသန်စွမ်းတွေကိုကနှိမ်တယ် လို့ခံစားကြတယ် လူရာမသွင်း ဘူး။အဲ့လိုမျိုးတွေရှိတယ်။ အဲလိုမျိုးမဖြစ်စေဘဲနဲ့ ကိုယ့်အားကိုယ်ကိုးပြီးတော့ လူတိုင်း လူသားခြင်း အတူတူ ဘဲဆိုတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားဖို့လိုအပ်တယ်။ နောက်ပြီးတော့ မသန်စွမ်းတိုင်းဟာ စွမ်းတာ တစ်ခုမဟုတ်တစ်ခုတော့ရှိပြီးသားဘဲ။ အဲလိုအစွမ်းတွေကိုအသုံးချတက်အောင် ဝိုင်းဝန်းပြီးအတက်နိုင်ဆုံးကူညီမယ်။ ကျွန်တော် တို့အနေနဲ့လည်းအတက်နိုင်ဆုံး ကူညီဆောင်ရွက် …

Read More »

အခွင့်အရေးဆုံးရှုံးခြင်းက မသန်စွမ်းများအတွက် အဓိကပြဿနာဖြစ်နေ

သန့်ဇင်ဦး(မြစ်မခ) မြန်မာနိုင်ငံရှိ မသန်စွမ်းအများစုတွင် ကိုယ်အင်္ဂါချို့ယွင်းမှုနှင့် ဥာဏ်ရည်ချို့ယွင်းမှုမှာ အဓိကပြဿနာ မဟုတ်ဘဲ ၎င်းတို့၏  အခွင့်အရေးများ ဆုံးရှုံးခြင်းကသာ အဓိကပြဿနာဖြစ်နေသည်ဟု မသန်စွမ်းများနှင့် မသန်စွမ်းအခွင့်အရေးဆိုင်ရာ အဖွဲ့ဝင်များမှ သိရှိရသည်။ အဆိုပါ အခွင့်အရေးဆုံးရှုံးမှုများတွင် ပတ်ဝန်းကျင်အနေအထားနှင့် အဆောက်အဦးများ၏အတားအဆီးများ မှာလည်း အဓိကပါဝင်နေကြောင်း သိရသည်။

Read More »

မျက်မမြင် ပညာသင်ကြားရေးနှင့် အလုပ်အကိုင် ရှာဖွေပေးရန် မမသ ရုံးခွဲ မုံရွာမြို့၌ ဖွင့်လှစ်

နန္ဒ- စစ်ကိုင်းတိုင်း(မြစ်မခ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျက်မမြင်သူများ ပညာသင်ကြားနိုင်ရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Myanmar National Association of the Blind(MNAB) မြန်မာနိုင်ငံ မျက်မမြင်များအသင်း (မမသ)ရုံးခွဲကို မုံရွာမြို့တွင် ဇွန်လ ပထမပတ်အတွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ Myanmar National Association of the Blind (MNAB) မြန်မာနိုင်ငံ မျက်မမြင်များအသင်း (မမသ) ရုံးခွဲကို မုံရွာမြို့ အောင်ချမ်းသာမြို့သစ်ရပ်ကွက်၊ အမှတ်(၂)လမ်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “မျက်မမြင်တဲ့ကလေးငယ်တွေ ပညာသင်ကြားနိုင်အောင်နဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်နိုင်အောင် အခုလိုရုံးခွဲ ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် ရုံးခွဲဖွင့်လှစ်ခြင်းဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံမျက်မမြင်များ အသင်း (မမသ) ဥက္ကဌ ဦးအောင်ကိုမြင့်က …

Read More »

မသန်စွမ်းသူများအတွင်း၌  ရွေးကောက်ပွဲဝင်ရန် အရည်အချင်းများစွာရှိနေဟုဆို

ပိုင်ထက် (မြစ်မခ) မြန်မာနိုင်ငံရှိ မသန်စွမ်းသူများထဲတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အရည်ချင်းရှိသူများစွာရှိ နေ သည်ဟု မသန်စွမ်းအမျိုးသမီးများအသင်း ဥက္ကဌ ဒေါ်ငယ်ငယ်အေးမောင်ထံမှ သိရသည်။ “ကျွန်မတို့မှာဝင်နိုင်တဲ့ အရည်ချင်းတွေအများကြီးရှိပါတယ်။ ဒါပေ့မယ် အဲ့လိုလူတွေကို ဖော်ထုတ် ပေးဖို့လို တယ်။ နိုင်ငံတော် အစိုးရ၊ အရပ်ဖက်အဖွဲ့စည်းတွေက ကူညီပေးမှုတွေ လိုအပ်တယ်။နည်းပညာတွေထောက် ပံ့ပေးမယ်ဆိုရင် ၀င်ရောက်နိုင်မှာပါ ” ဟု ၄င်းက ဆိုသည်။

Read More »