Friday , June 2 2017
Home / သတင်း / ၀မ်းနည်းမှတ်တမ်း (page 2)

ဝမ်းနည်းမှတ်တမ်း

ဟံသာဝတီ ဦးဝင်းတင်ဈာပနအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူလူထုသောင်းချီ တက်ရောက်ဂါရ၀ပြု

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းမှာ မြန်မာ့နိုင်ငံရေးလောက၊ စာပေလောက၊ သတင်းစာလောကအတွက် ကြီးမားသည့် ဆုံးရှုံးမှု တစ်ရပ် ဦးဝင်းတင်၏ ဈာပနအခမ်းအနား၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူအချို့က ဆိုသည်။ “ဆရာရဲ့ဂုဏ်သိက္ခာ ကိုယ်ကျင့်သိက္ခာ လူတစ်ယောက်ရဲ့ကိုယ်ကျင့်သိက္ခာမြင့်မားတယ်။ နိုင်ငံရေးသမား သိက္ခာ သတင်းစာ သမားတစ်ယောက်ရဲ့ သိက္ခာလည်းရှိတယ်။ ကျွန်တော်တို့ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ဂုဏ်သိက္ခာလည်း တက်တယ်။ ကျွန်တော်အတွက် အတုယူစရာက ဘယ်လိုအခက်အခဲပဲရှိရှိ ရင်ဆိုင်နိုင်တဲ့ လူသား တစ်ယောက်ရဲ့စွမ်းရည်ကို ပြတ်ပြတ်သားသားပြသနိုင်တဲ့အတွက် ကျွန်တော်တို့အမြဲပဲ အမှတ်ရနေမှာပါ။” ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ ဒေါက်တာသိန်းလွင်က ပြောသည်။

Read More »

နိုင်ငံရေးလောကအတွက် မထောက်မညှာပြောလေ့ရှိသည့် အသံတစ်သံပျောက်ဆုံးခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်တင် သေဆုံးခြင်းမှာ မြန်မာနိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးခြင်းဖြစ်သည့်အတွက် ယူကြုံးမရဖြစ်မိကြောင်း ဂါရ၀ပြုအခမ်းအနားသို့ ကြွရောက်လာသည့် ၀ါရင့်နိုင်ငံရေးသမားများနှင့် စာရေးဆရာ ကဗျာဆရာများက ပြောဆိုကြသည်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ခုနှစ် မတ်လ (၁၂)ရက်နေ့ (၈၄)နှစ်မြောက် မွေးနေ့ပွဲအပြီး ညပိုင်းတွင် Green cross ဆေးရုံ၌ဆေးကုသမှု စတင်ခံယူခဲ့ပြီး မတ်လ(၂၇)ရက်နေ့တွင် ၀ိတိုရိယဆေးရုံသို့ ပြောင်းရွေ့ကုသခဲ့ပြီး မတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွေ့၍ဆေးဝါးကုမှုခံယူနေစဉ်အတွင်း မတ်လ(၂၁) ရက်နေ့ နံနက်(၆)နာရီခွဲတွင် ကွယ်လွန်ခြဲ့ခင်း ဖြစ်သည်။

Read More »

အကယ်ဒမီ(၃)ဆုရှင် ဂီတမှူး ဇော်မျိုးထွဋ် ကွယ်လွန်

မြန်မာနိုင်ငံမှ ထိပ်တန်းဂစ်တာသမားစာရင်းဝင် Medium Wave Music (မဇ္ဈိမလှိုင်း) အဖွဲ့မှ လိဒ်ဂစ်တာသမား   ဂီတမှူး အကယ်ဒမီ(၃)ဆုရှင်ဦးဇော်မျိုးထွဋ်မှာ ဇန်န၀ါရီလ(၅)ရက် နေ့ ညပိုင်းမှ နှလုံးရောဂါနှင့် ကွယ်လွန်သွားပြီသည့်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းရပါသည်။  ၄င်း၏ ဈာပနကို ဇန်န၀ါရီလ ၇ရက် နေ့၌ ပြုလုပ်ရန်စီစဉ်နေသည်ဟု သိရသည်။

Read More »

ရွှေကလောင် ဂါးဒီယန်း ဦးစိန်ဝင်း ကွယ်လွန်

ရွှေကလောင်ရှင်ဆုရ သတင်းစာဆရာကြီး ဂါးဒီယန်း ဦးစိန်ဝင်းကွယ်လွန်ကြောင်းသိရသဖြင့်  မြစ်မခသတင်းအေဂျင်စီအဖွဲ့သား များ အားလုံးဆရာကြီး၏ မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းရပါသည်။ အသက်(၉၂)နှစ် အရွယ် ဆရာကြီးဦးစိန်ဝင်းမှာ အောက်တိုဘာလ(၁၇)ရက်နေ့ မွန်းလွဲ (၂း၀၀)အချိန်၌ မဟာမြိုင်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

Read More »

ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာမှာ စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီခန့်က ၄င်း၏ နေအိမ်၌ ကွယ်လွန်ကြောင်း သိရှိရသဖြင့် မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရသည်။ ၄င်းဈာပနကို အောက်တိုဘာ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု   သိရသည်။ “ ဗုဒ္ဓ ဘာသာပြန့်ပွားရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ပါ”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

Read More »