Friday , September 22 2017
Home / သတင်း / ၀မ်းနည်းမှတ်တမ်း

ဝမ်းနည်းမှတ်တမ်း

ဒါရိုက်တာ မောင်တင်ဦး အသည်းရောဂါဖြင့် ကွယ်လွန်

  စုသက်နှင်း(မြစ်မခ) အကယ်ဒမီ ၅ဆုရှင် ဒါရိုက်တာ မောင်တင်ဦးမှာ သြဂုတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ကမန္တလေးမြို့ရှိ ၄င်း၏ နေအိမ်၌ အသည်းရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း အနုပညာရှင် အသိုင်းအ၀ိုင်းမှ သိရှိရသည်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ရဲဘော်ကွက်သစ်ရပ်၊ ကျွဲဆည်ကန် ၁၁ လမ်းလမ်းသွယ် ၂ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ( ၇၅ ) နှစ်ရှိပြီ ဖြစ်သည်။

Read More »

အနုပညာနဲ့ ပတ်ဝန်းကျင်ကို ပျော်ရွင်စေခဲ့သူ မိုးကျော်အောင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်

စုသက်နှင်း (မြစ်မခ)   ဟာသရုပ်ဆောင်တစ်ယောက်အဖြစ်သာမက ဇာတ်ညွှန်းဆရာအဖြစ်  အနုပညာလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ  မိုးကျော်အောင် (ခ) မိုးကျော် (MKA) သည် ဇူလိုင်(၇) ရက်နေ့ နံနက် (၁၂း၃၀)နာရီ အချိန်တွင် ရန်ကုန် ဆေးရုံကြီး၌ လေဖြန်းရောဂါဖြင့်ကွယ်လွန်ခဲ့ကြောင်း လူရွှင်တော်အသင်းဥက္ကဌ ကိုခင်လှိုင်ထံမှ သိရှိရသည်။ “ကိုမိုးကျော်အောင်ကအရင်ထဲက နှလုံးရောဂါ၊ လေဖြန်းရောဂါ၊ အသည်းရောဂါတွေရှိခဲ့လို့ ဆေးရုံတက်တော့ ကျွန်တော်တို့ လူရွှင်တော်အဖွဲ့ကကူညီခဲ့ပါတယ်။ နောက်ပိုင်းသူဆေးရုံကဆင်းပြီးတော့ အဆက်သွယ်ပြတ်သွားတာ အဖြူရောင်သုခအသင်းကို သူ့အဖေကအကြောင်းကြားရာက ဆက်သွယ်မိပြီး ၄ ရက်နေ့က ဆေးရုံတင်တာ ၇ ရက်နေ့ ၁၂ နာရီခွဲလောက်က ဆေးရုံမှာပဲဆုံးသွားတယ်။ ပရိသတ်ကိုရော ပတ်ဝန်းကျင် မိတ်ဆွေ တွေကို ပျော်ရွှင်စေတဲ့ အနုပညာသမားတစ်ယောက် ဆုံးရှုံးလိုက်ရတာပါပဲ။” …

Read More »

စာရေးဆရာ ဦးအောင်သင်း နေအိမ်၌ ကွယ်လွန်

ကျန်းမာရေး ချို့ယွင်းနေခဲ့ပြီး ဆေးကုသမှု ခံယူနေရသည့်စာရေးဆရာဦးအောင်သင်းမှာ အောက်တို ဘာ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်၌အမှတ် ၄၆၊ ဓမ္မိက၀တီလမ်း စမ်းချောင်း နေအိမ်၌ ကွယ်လွန် သွားပြီဖြစ်သည်။ ဆရာဦးအောင်သင်းသည် လူငယ်ပြုပြင်ရေးစာပေများကိုတစိုက်မတ်မတ်ရေးသားခဲ့ပြီး လူငယ် အကျိုး ပြုဟောပြောပွဲများကိုစဉ်ဆက်မပြတ် ဟောပြောခဲ့သူဖြစ်သည်။

Read More »

လူတိုင်းအတွက် ကျန်းမာရေးခေါင်းလောင်းထိုးခဲ့သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ကွယ်လွန်

သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်းများ လုပ်ဆောင်ရန်“မြင့်မြင့်ခင်” ဖောင်ဒေး ရှင်း တည်ထောင်ခဲ့သူ ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်မှာ အသက်(၉၁)နှစ်အရွယ်တွင်ကွယ်လွန် ပြီး ဈာပနအခမ်းအနားကို ဇွန်လ ၂၁ရက်နေ့တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်၍ကြွင်းကျန်ရစ်မည့် အရိုးပြာများကို ဂူသွင်းထားရှိပြီးဖြစ်သည်။

Read More »

နိုင်ငံရေးလောက၌ အမြဲသည်းခံရန် လမ်းညွှန်ခဲ့သည့် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

အချိုးကျကိုယ်စားပြုမဲပေး ပီအာစနစ်ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီ တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာသန်းငြိမ်းသေဆုံးမှုအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီရုံးများ၌ အလံတစ်ဝက်လွှင့်ထူကြမည်ဖြစ်သည်ဟု အဆိုပါ ပါတီမှ သိရှိရသည်။ “ ထောင်ကလွတ်လာပြီးတော့ အသည်းကင်ဆာ ရှိပင်ရှိငြားလည်းဒီမိုကရေစီရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်တယ်၊သူယုံကြည်တဲ့ လမ်းကြောင်းကို လုပ်နေရာမှာ ချီးမြင့်ခံရမှဆိုတဲ့ စိတ်မျိုးမရှိဘူး၊ ပြည်သူတွေအတွက် ဆေးရုံပေါ်က နောက်ဆုံးအချိန်အထိဆောင်ရွက်သွားခဲ့တဲ့  လူတစ်ဦး ဖြစ်ပါတယ်၊ သူဆုံးရှုံးတာကျွန်တော်တို့အားလုံးရဲ့ ဆုံးရှုံးမှုကြီးလို့ပဲ ပြောချင်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှနိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေကမှတ်ချက်ပြုသည်။

Read More »