Friday , September 22 2017
Home / သတင်း / စာပေနှင့် ယဉ်ကျေးမှု (page 5)

စာပေနှင့် ယဉ်ကျေးမှု

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်းသုဿန်ကို (၆) လအတွင်း ပြန်လည် ပြုပြင်သွားမည်

  ကျော်မျိုးထွဋ်(မြစ်မခ) မန္တလေး၊ ဧပြီလ(၂၂)ရက်။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ လင်းဇင်းကုန်းသုဿန်ကို (၆) လအတွင်း နိုင်ငံတကာမှ လက်ခံ ထားသော ရှေးဟောင်းပြုပြင်နည်းအတိုင်းပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင် တပ္ပဝတီဦးဝင်းမောင်ထံမှ သိရှိရသည်။ အဆိုပါ လင်းဇင်းကုန်းသုဿန်ကို ဧပြီလ ၂၂ ရက်နေ့တွင် ပြုပြင်ခြင်းများစတင်လုပ်ဆောင်မည်ဖြစ်ပြီး ကုန်ကျစရိတ်အား ထိုင်းဘုရင်ဘဏ္ဍာငွေထဲမှကုန်ကျခံမည် ဖြစ်ကြောင်း သိရသည်။

Read More »

ရခိုင်ပြည်နယ် စစ်တွေပင်လယ်ကမ်းခြေတွင် သျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီ)ပွဲတော် ကျင်းပ

မိုးဝေ(မြစ်မခ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပင်လယ်ကမ်းခြေတွင် သျှစ်သောင်းမြောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို တပေါင်းလ ပြည့်နေ့၊ မတ်လ(၂၃)ရက်နေ့တွင် စစ်တွေမြို့ သာကီမဏ္ဍိုင် စာပေယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပွဲတော်သည် ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်မှ ထင်ရှားသည့် ဘုရား စေတီပုထိုးများကို ပင်လယ်ကမ်းခြေမှ သဲဖြင့်ပြုလုပ်ကာ ကုသိုလ်ယူကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Read More »

 နှစ်(၁၀၀)ကျော် သက်တမ်းရှိပြီဖြစ်သော ရှေးဟောင်းရွှေကျောင်းကြီးအား အချိန်မီ ထိန်းသိမ်းရန်လိုအပ်

သီဟ(မြစ်မခ) ထားဝယ်၊ မတ်လ (၂၂)ရက်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေကျောင်းကြီး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှ နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်သည့် ရွှေကျောင်းတော်ကြီးမှာ ပျက်စီးလာပြီဖြစ်သဖြင့် အချိန်မီထိမ်းသိမ်းရန်လိုအပ်နေကြောင်း အဆိုပါ ကျောင်းရှိ သံဃာတော်များထံမှ သိရှိရသည်။ အဆိုပါ ရွှေကျောင်းကြီးကို မြန်မာသက္ကရာဇ် ၁၁၂၆ ခုနှစ် ထားဝယ်မြို့စား မင်းရှင်ဇော်လက်ထက်တွင် နန်းတော်ဟောင်းကို အနီးရှိ ရှင်ဥသြဘုရားအတွက် ကျောင်းအဖြစ်လှူဒါန်းခဲ့ပြီး ကျောင်းကြီးပျက်စီးသွားရာတွင် လက်ရှိ ထပ်မံဆောက်လုပ်ခဲ့သော ကျောင်းကိုလည်း ရွှေကျောင်းကြီးဟု အမည်တွင်စေခဲ့ကြောင်း သိရသည်။

Read More »

သုဝဏ္ဏဘူမိမြို့ရိုးဟောင်းအား  ရေရှည်ထိန်းသိမ်းနိုင်ရန် ခြံစည်းရိုး ကာရံလျက်ရှိ  

အောင်မြင့်ထွန်း(မြစ်မခ) မွန်ပြည်နယ် သထုံမြို့တွင်ရှိသော သုဝဏ္ဏဘူမိမြို့ရိုးဟောင်းအား  ရေရှည်ထိန်းသိမ်းနိုင်ရန်နှင့် သမိုင်း အမွေအနှစ်များ မပျောက်ပျက်သွားစေရန်အတွက် မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ခြံစည်းရိုးများ ကာရံနေကြောင်း  သိရှိရသည်။ သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော သုဝဏ္ဏဘူမိမြို့ရိုးဟောင်းနေရာကို နောက်လာနောက်သားများနှင့် နိုင်ငံခြားသားများ သမိုင်းကို စိတ်ဝင်စားသူများ အလွယ်တကူလေ့လာနိုင်ရန်နှင့် မြို့ရိုးဟောင်းနေရာကို ကျူးကျော်နေထိုင်ခြင်းမပြုနိုင်ရန်အတွက် ရည်ရွယ်၍ ခြံစည်းရိုးကာရံရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောသည်။ “မြို့ရိုးဟောင်းကို ခြံစည်းရိုးကာမယ်၊ ပြီးရင် မြို့ရိုးပေါ်မှာပေါက်နေတဲ့ ခြုံနွယ်တွေကို ရှင်းမယ်။ ဒါမှ သုဝဏ္ဏဘူမိ မြို့ရိုးဟောင်းဆိုတာက လူတွေသိမယ်၊ မဟုတ်ရင် သမိုင်းရဲ့တန်ဖိုးတစ်ခုကို မသိဘဲလူတွေဖျက်ဆီးမိမှာစိုးလို့ နောက် စိတ်ဝင်စားတဲ့သူတွေနဲ့ နိင်ငံခြားသားတွေလဲ …

Read More »

ရှေးဟောင်းကုန်းများတူးဖော်ခြင်းကို မတ်လတွင် ရပ်နားပြီး  သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်

အေမီအောင်(မြစ်မခ) ပျူမြို့ဟောင်းသုံးခုတွင် ရှေးဟောင်းကုန်းများတူးဖော်ခြင်းကို ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်ကုန်ဆုံးသည့် မတ်လအတွင်း ရပ်နားမည်ဖြစ်သော်လည်း သုတေသနလုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲထံက သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ဟန်လင်းမြို့ဟောင်း၊ မကွေးတိုင်းဒေ သကြီး တောင်တွင်းကြီးမြို့နယ်ရှိ ဗိဿနိုးမြို့ဟောင်းနှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ သရေခေတ္တရာ မြို့ဟောင်းတို့ကို ပျူမြို့ဟောင်း သုံးခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။  

Read More »