Friday , September 22 2017
Home / သတင်း / စာပေနှင့် ယဉ်ကျေးမှု (page 4)

စာပေနှင့် ယဉ်ကျေးမှု

ငလျင်ဒဏ်ခံရသည့် ပုဂံဘုရားများတွင် အန္တရာယ်ကင်းလွတ်နေရာအထိ ဝင်ရောက်ခွင့်ပြု

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ သြဂုတ် (၂၆) ရက်။ ငလျင်ဒဏ်ခံရသည့် ပုဂံရှေးဟောင်းဘုရား(၁၈၇)ဆူအနက်မှ (၃၃)ဆူတွင် အန္တရာယ်ရှိသည့်နေရာများအား ဝင် ရောက်ခွင့်ထားမြစ်ထားသော်လည်း အန္တရာယ်ကင်းလွတ်နေရာအထိ ဝင်ရောက်ခွင့်ပြုထားကြောင်း ညောင်ဦး ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရှိရသည်။ “လုံးဝပိတ်ထားတာမဟုတ်ဘူး။ အန္တရာယ်မရှိနိုင်ဘူးဆိုတဲ့ နေရာတွေအထိ ဝင်လို့ရပါတယ်။ နိုင်ငံတကာက ဧည့်သည်တွေနဲ့ ပြည်တွင်းကလည်းလာတဲ့အခါ ငလျင်လှုပ်သွားတာကို မှတ်တမ်းတင်ချင်ကြမှာပေါ့။ လုံခြုံရေး  အဖွဲ့ကိုလည်း စိတ်ရှည်ရှည်နဲ့ ဝင်လို့ရတဲ့ နေရာအထိခွင့်ပြုဖို့ မှာထားတယ်။”ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။

Read More »

ငလျင်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများအား အလျင်စလို မပြုပြင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားထား

ကျော်မျိုးထွဋ် (မြစ်မခ) ပုဂံ၊ သြဂုတ် (၂၅) ရက်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ကြောင့် ပျက်စီးခဲ့သည့်စေတီပုထိုးများအား အလျင်စလို မပြုပြင်ရန်နှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ နည်းပညာအကူအညီများ ပါဝင်ပြီးမှ ပြုလုပ်ရန် မှာကြားထားကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြောဆိုချက်အရ သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် သြဂုတ် ၂၄ ရက်၊ ညနေ(၅)နာရီ(၅)မိနစ်တွင် ပြင်းအား(၆.၈)ရစ် ချက်တာစကေးရှိ မြေငလျင်လှုပ်ခတ်မူကြောင့် ပျက်စီးမူနှင့် ဆောင်ရွက်ထားရှိမူအခြေနေများ တင်ပြဆွေးနွေး ခြင်း အရေးပေါ်အစည်းအဝေးကို သြဂုတ် ၂၅ ရက်၊ နေ့လည်(၁၂း၀၀)နာရီတွင် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

Read More »

မြေငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားအချို့ ပျက်စီးခဲ့ပြီး ဘုရားများအတွင်း ဝင်ခွင့်ယာယီ ပိတ်ထား

ကြယ်စင်လင်း (မြစ်မခ) သြဂုတ်လ(၂၄)ရက် မြန်မာစံတော်ချိန် (၁၇)နာရီ၊(၀၄)မိနစ်၊ (၅၄)စက္ကန့်က လှုပ်ခတ်ခဲ့သည့် မြေငလျှင်ကြောင့် ပုဂံရှေးဟောင်းနာမည်ကြီး ဘုရားများ ပျက်စီးခဲ့ပြီး ဘုရားများအတွင်း ဝင်ခွင့်ယာယီ ပိတ်ထားကြောင်း ပုဂံဒေသဖွံဖြိုးရေးအသင်းမှ သိရှိရသည်။ “မြေငလျင်ကြောင့် ပုဂံဘုရားတွေ ထီးတော်တွေပြိုကျပါတယ်။ ကျွန်တော်တို့လည်း လိုက်လံကြည့်ရှုနေပါ တယ်။ ခုတော့ ဘုရားတွေထဲ ဝင်ခွင့် ပိတ်ထားပါတယ်။ ဘယ်လောက် ပြိုကျတယ်တော့ တိတိကျကျ မသိရသေးဘူး။”ဟု ပုဂံဒေသဖွံဖြိုးရေး အသင်းမှ ဥက္ကဌ ဦးခင်မောင်နုကပြောသည်။

Read More »

မြောက်ဦးရှေးဟောင်းယဉ်ကျေးမူနယ်မြေရှိ ဘုရားစေတီ(၁၀၀)ကျော်အား ထိန်းသိမ်းမှုများ ဆောင်ရွက်နေ

ပန်လှအောင် (မြစ်မခ) ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမူနယ်မြေရှိ ဘုရားစေတီ(၁၀၀)ကျော်အား ထိန်းသိမ်းမှုများ  ဆောင်ရွက်နေကြောင်း မြောက်ဦး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရှိရသည်။ ထိန်းသိမ်းခြင်းလုပ်ငန်းများအား ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လက်ရှိအချိန်ထိ ဆောင်ရွက်နေခြင်း ဖြစ်သည်။

Read More »

ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမြတ်မုနိဘုရားအား ရွှေပြား မကပ်လှူရန် ရခိုင်စာရေးဆရာများနှင့် သတင်းစာဆရာများမှ တောင်းဆို

ပန်လှအောင် (မြစ်မခ) စစ်တွေ၊ မေလ(၂၄)ရက်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမြတ်မုနိဘုရား၏ ရှေးမူလက်ရာများပျက်စီးသွားမည့်ကို စိုးရိမ်သဖြင့် ရွှေပြား များ မကပ်လှူရန် ရခိုင်စာရေးဆရာများနှင့် သတင်းစာဆရာများမှ ပြည်သူများကို တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။ “မဟာမြတ်မုနိဘုရားဟာ ရွှေကပ်တာကြောင့် တော်တော်ပျက်စီးနေပါပြီ။ ဘုရားကို ပူဇော်ကြတာထက် ပျက်စီး တာနဲ့ ပိုတူနေတယ်။ အင်းလေးဖောင် တော်ဦးဘုရားတွေလို ရှေးမူလသဏ္ဍန်တွေပျောက်ကုန်ပြီး ရွှေတုံး၊ရွှေခဲ တွေဖြစ်သွားမှာကို စိုးရိမ်မိတယ်။” ဟု ရခိုင်ဒေသခံ စာရေးဆရာ ဂျော်ဂျီက ပြောသည်။

Read More »