Friday , September 22 2017
Home / သတင်း / စာပေနှင့် ယဉ်ကျေးမှု (page 10)

စာပေနှင့် ယဉ်ကျေးမှု

စစ်ကိုင်းမြို့ ကနယ်တော်ရပ်ကွက်မှ စက္ကူရုပ်လုပ်ငန်း နိုင်ငံခြားခရီးသွားများ စိတ်ဝင်တစားလာရောက်လေ့လာ

ဖိုးသီဟ၊ ရွှေဝါလွင် – မန္တလေး (မြစ်မခ)   စစ်ကိုင်းဒေသကြီး စစ်ကိုင်းမြို့ ကနယ်တော်ရပ်ကွက်အတွင်းမှ ပြုလုပ်သည့် မြန်မာ့ လက်မှုပညာစက္ကူအရုပ် လုပ်ငန်းအား နိုင်ငံခြားခရီးသွားများ စိတ်ဝင်တစားလာရောက်လေ့လာမှုများရှိနေကြောင်း စက္ကူရုပ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။ အဆိုပါ စက္ကူအရုပ်လုပ်ငန်းကို စစ်ကိုင်းမြို့ ကနယ်တော်ရပ်ကွက်အတွင်း၌ သားစဉ်မြေးဆက် လက်ဆင့်ကမ်း သယ်ဆောင် လုပ်ကိုင်လာသည်မှာ သက်တမ်း နှစ်ပေါင်းတစ်ရာကျော် ရှိနေပြီဖြစ်ကြောင်း ကနယ်တော် ရပ်ကွက်အတွင်း အကြီးဆုံး စက္ကူအရုပ် လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင် ဒေါ်ခင်မကြီးက ပြောသည်။

Read More »

မြန့်မာမြေထည်လက်မှုပစ္စည်းဈေးကွက် အရောင်းသွက်နေ

ရွှေဝါလွင် – မန္တလေး (မြစ်မခ)   မန္တလေးတိုင်းဒေသကြီးအမရပှုရမြို့နယ် တပ်ကြီးကျေးရွာအတွင်းရှိ မြန်မာ့လက်မှုပညာ မြေထည်ပစ္စည်းများ ဈေးကွက်အတွင်း ရာသီအလိုက် အရောင်းဝယ်ဖြစ်နေကြောင်း မြေထည်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိ ရသည်။ တပ်ကြီးကျေးရွာအတွင်း မြေထည်လက်မှုပစ္စည်းများဖြစ်သည့် နတ်အိုး၊ဘုရားပန်းအိုး၊စုဗူး၊ရွှေအိုး၊ငွေအိုး၊ ရေအိုး များအပြင် ကလေးကစားစရာပစ္စည်းများဖြစ်သည့် အိုးပုတ်၊ ဂျိုးရုပ်များကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပြီး လက်ရှိ တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် အဆိုပါကျေးရွာသို့ပြည်ပခရီးသွားများပါ လာရောက် လေ့လာလျှက်ရှိကြောင်းသိရသည်။

Read More »

ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်ရှိ စီမံကိန်းများရပ်ဆိုင်းရေး လူထုလတ်မှတ်ကောက်ခံကာ လွှတ်တော်နှင့် အစိုးရသို့ ပေးပို့မည်

ပိုင်ထက် (မြစ်မခ) ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်ရှိ စီမံကိန်းလုပ်ဆောင်မှုများ ရပ်ဆိုင်းပေးရေးအတွက် လူထုလက်မှတ် ကောက်ခံကာ လွှတ်တော်နှင့် နိုင်ငံတော်အစိုးရထံ ပေးပို့သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ သိရှိရသည်။ “ရွှေတိဂုံလိုနားမှာ ဘာအဆောက်အအုံမှ မဆောက်သင့်ပါဘူး မြေအောက်ပျက်စီးမှုတွေလည်းဖြစ်နိုင်ပါတယ်။ အခုက ယာယီရပ်နားထားတယ် ဆိုပေမယ့် အပြီးရပ်စဲပေးဖို့ ပြည်သူလူထုရဲ့ သဘောထားလက်မှတ်ကို ကောက်ခံသွားမယ် ပြီးရင်လွှတ်တော်၊ သမ္မတ ထံပါတင်သွားမှာပါ။” ဟု ရွှေတိဂုံစေတီတော် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ ဓမ္မစက္က ဦးမောင်မောင်က ပြောသည်။ အဆိုပါ လက်မှတ်များအား တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး လက်မှတ်ပေးပို့မှုကို တစ်လတစ်ကြိမ် ပေးပို့နိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းထံမှ သိရသည်။ လက်ရှိအချိန်၌ ရွှေတိဂုံစေတီအနီးရှိ စီမံကိန်းများရပ်စဲရန်အတွက် …

Read More »

ရွှေတိဂုံစေတီတော် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်မည့်ဥပဒေပြဌာန်းရေးအဆို ပယ်ချခံရ

မင်းအံ့သွန်း (မြစ်မခ)   ရန်ကုန်တိုင်းဒေသကြီး၏ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင် ရေးအတွက် လိုအပ်သော ဥပဒေပြဌာန်းပေးရေးအဆိုမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ရှုံးနိမ့်ခဲ့သည်။ ထိုအဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဇွန်လ(၁၁)ရက်ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (တတိယ)နေ့တွင် အဆိုတင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၁၄ ဦးအနက် ထောက်ခံမဲ (၃)မဲသာ ရရှိခဲ့ပြီး ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

Read More »

အသက်(၉၀)နှင့်အထက် အဖိုးအဖွားများအား ထောက်ပံ့မည်ဟုဆို   

သီဟလွင်-ပြည်(မြစ်မခ) ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် အသက်(၉၀)နှင့်အထက်အဖိုးအဖွားများကို လိုက်လံစာရင်း ကောက်ယူလျှက်ရှိပြီး ထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ပြောကြားလိုက်သည်။   ပြည်မြို့တွင် မေလ(၃၀)ရက်နေ့က ပြုလုပ်သော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထပ်မံပေးပို့သော အသက် (၁၀၀)နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့်ချီးမြင့်ငွေများပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများသို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေး သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များမွန်းမံသင်တန်း အမှတ်စဉ်(၇/၂၀၁၅)ဖွင့်ပွဲ အခမ်း အနား၌ ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

Read More »