Wednesday , October 18 2017
Home / သတင်း / တရားရေးသတင်း (page 5)

တရားရေးသတင်း

မိန်းကလေးငယ်နှစ်ဦးအား ပြည့်တန်ဆာအဖြစ် ရောင်းစားသူများအား ထောက်ဒဏ် တစ်သက်နှင့် နှစ်ရှည် ထောင်ဒဏ်များချမှတ်

သီဟလွင် (မြစ်မခ) ပြည်၊ ဒီဇင်ဘာ(၅)ရက်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင်တရားရုံးမှ ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို ပြည့်တန်ဆာ အဖြစ် တစ်ကြိမ်ထက်မက ရောင်းစားသူများအား လူကုန်ကူးမှုပုဒ်မဖြင့် ဒီဇင်ဘာလ ၅ ရက်က ထောင် ဒဏ်တစ်သက်နှင့် နှစ်ရှည်ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။

Read More »

အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသူအား ပထမဆုံးအကြိမ်ရုံးထုတ်

သီဟလွင်(မြစ်မခ) ပြည်၊ ဒီဇင်ဘာ(၂)ရက်။ ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ်အတွင်း အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသူအား ဒီဇင်ဘာလ ၂ ရက်နေ့တွင်ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ပြည်မြို့နယ်တရားရုံးမှ သိရှိရသည်။

Read More »

၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသူ မစန္ဒီမြင့်အောင်အား ဖမ်းဆီး

မျိုးမြတ် (မြစ်မခ) ပဲခူး၊ နိုဝင်ဘာ (၃၀)ရက်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက်တွင် ဂုဏ်သိက္ခာကျဆင်းစေသော စာ သားများရေးသားခဲ့သည်ဟုဆိုကာ တိုင်ကြားခံထားရသူ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်နေ မစန္ဒီမြင့်အောင်အား တရားစွဲဆိုရန် ပဲခူးမြို့နယ်ဥပဒေအကြံပေးရုံးမှ အတည်ပြုချက်ရသဖြင့် ၎င်းကို နိုဝင်ဘာ ၂၉ ရက်၊ ညနေပိုင်းက ပဲခူးမြို့အမှတ်(၂)ရဲစခန်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

Read More »

အမျိုးသမီးအားတစ်ဦးသတ်၍ ပစ္စည်းယူဆောင်ခဲ့သည်ဟုဆိုသည့် တပ်မတော်သားတစ်ဦးကို နှစ်လနီးပါး ကြာသည်အထိ အရပ်ဘက်သို့လွှဲပြောင်းနိုင်ခြင်းမရှိသေး

သီဟလွင် (မြစ်မခ) ပြည်၊ နိုဝင်ဘာ(၂၉)ရက်။ ပဲခူးတိုင်းအနောက်ပိုင်း ဥသျှစ်ပင်မြို့စစ်တပ်နယ်မြေများအနီးဖြစ်ပွားခဲ့သော လူသတ်မှုနှင့်သက်၍ အမှတ်(၂၀၃၄)လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်သည်တစ်ဦးအား တပ်တွင်းစုံခုံဖွဲ့စစ်ဆေးလျက်ရှိပြီး တစ်ပတ်အတွင်း နယ်မှုခင်းအရအရေးယူဆောင်ရွက်နိုင်ရန်ရဲဌာနသို့လွှဲပြောင်းပေးသွား မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း နှစ်လနီးပါးကြာသည်အထိ လွှဲပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Read More »

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အားဆဲဆိုသည့် ဗီဒီယိုဖိုင်ကို လော်စပီကာဖြင့် ဖွင့်ခဲ့သူအားတရားစွဲ

သီဟလွင် (မြစ်မခ) ပြည်၊ နိုဝင်ဘာ(၂၈)ရက်။ ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ်အတွင်း၌ နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည့်တို့အား ညစ်ညမ်းစွာဆဲဆိုထားသည့် ဗီဒီယိုဖိုင်ကို အများပြည်သူကြားအောင် လော်စပီကာနှင့် ဖွင့်ခဲ့သူအား မြို့နယ်အုပ်ချုပ်ရေးအဆင့်မှ တရားရုံးသို့ဦးတိုက်လျှောက်ကာ တရားစွဲဆို လိုက်ကြောင်း ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

Read More »