Thursday , June 1 2017
Home / သတင်း / တရားရေးသတင်း (page 4)

တရားရေးသတင်း

နိုင်ငံတော်ပုန်ကန်မှုကြောင့် တစ်သက်တစ်ကျွန်းကျခံရသူ(၄)ဦးအား အကြမ်းဖက်မှုကာကွယ်တားဆီးရေး ဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခံရမှုကို ပယ်ဖျက်ပေးရန်တင်ပြ

ကျော်မျိုးထွဋ်(မြစ်မခ) မန္တလေး၊ ဇန်နဝါရီ (၅)ရက်။ နိုင်ငံတော်ပုန်ကန်မှုကြောင့် တစ်သက်တစ်ကျွန်းကျခံရန် မန္တလေးခရိုင်တရားရုံး၏အမိန့် ချမှတ်ခံထားရသည့် တရားခံ(၄)ဦးအား အကြမ်းဖက်မှုကာကွယ်တားဆီးရေးဥပဒေပုဒ်မဖြင့် ထပ်မံစွဲဆိုထားမှုကို ပယ်ဖျက်ပေးရန် မန္တလေးတိုင်းဒေသကြီးတရားရုံးသို့တင်ပြထားကြောင်း ၎င်းတို့၏အကျိုးဆောင်ရှေ့နေ ဦးမြင့်သူဦးထံမှ သိရှိရသည်။

Read More »

၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ တာဝန်ခံသုံးဦးကို တောင်သူ တစ်ဦးက လျော်ကြေးကျပ် သိန်း(၅၀၀)ရလိုမှုဖြင့် တရားစွဲ

ချိုမာအောင်(မြစ်မခ) မော်လမြိုင်၊ ဒီဇင်ဘာ (၁၅) ရက်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ ထုတ်ဝေသည့် တောင်ယာခင်းနှင့် သွေးချင်းမျက်ရည် သုံးသပ်အကြံပြုစာအုပ်တွင် အမည်ဖော်ပြခံရသဖြင့် နစ် နာသည်ဟုဆိုကာ လယ်သမားတစ်ဦးက စာအုပ်ထုတ်ဝေရေးတာဝန်ခံသုံးဦးကို တရားစွဲဆိုထားကြောင်း သိရှိရသည်။ “တရားခွင်ပြင်ပမှာအမှုဖြစ်ရင် အမှုသည်တွေရဲ့ထွက်ဆိုချက်ကို အတည်ယူလို့မရဘူး။ နှစ်ဖက်လုံးကတော့ မှန် တယ်ပဲ ပြောမှာပဲလေ။ စာအုပ်ထုတ်တဲ့သူက တစ်ဖက်လူရဲ့ပြောစကားတစ်ခုတည်းနဲ့ မှန်တယ်ဆိုပြီး စာအုပ် ထုတ်တဲ့အပေါ်မှာ ကျွန်မတို့က တရားမကြောင်းအရ တရားစွဲထားတာဖြစ်တယ်။”ဟု တရားလို၏အကျိုးဆောင် ရှေ့နေ ဒေါ်ပန်းအိဖြူကပြောသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင်ပထမအကြိမ်ထုတ်ဝေခဲ့သည့် တိုင်းရင်းသားဒေသအသီးသီးရှိ မြေယာပြဿ နာများနှင့်ပတ်သက်၍ သုံးသပ်အကြံပြုစာတမ်းတစ်ခုဖြစ်သော တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်စာအုပ် တွင်ဖော်ပြပါရှိသည့် …

Read More »

သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ်အနှစ်(၂၀) ချမှတ်

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဒီဇင်ဘာ (၁၃) ရက်။ ရခိုင်ပြည်နယ် စစ်တွေခရိုင်တရားရုံးမှ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် အနှစ် (၂၀)ကို ဒီဇင်ဘာ (၁၂)နေ့က ချမှတ်လိုက်ကြောင်း သိရှိရသည်။

Read More »

ပြည်မြို့တွင် ၇တန်း ကျောင်းသူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သူ ကျောင်းထိုင် ဆရာတော်အား ပြစ်ဒဏ် အနှစ်၂၀ ချမှတ်

သီဟလွင် (မြစ်မခ) ပြည်၊ ဒီဇင်ဘာ(၉)ရက်။ ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် အရွယ်မရောက်သေးသူ ၁၂ အရွယ် ၇ တန်းကျောင်းသူ မိန်းကလေးငယ် အား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သူ ကျောင်းထိုင်ဆရာတော်အား ပုဒ်မ ၃၇၆ ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း ပြည်ခရိုင်တရားရုံးမှ သိရှိရသည်။

Read More »

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ခံထားရသော ပုသိမ် NLD ပါတီဒုဥက္ကဌ အာမခံရရှိ၊ အမှုတွဲ အဖမ်းခံရသူနှစ်ဦး တရားသေလွတ်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဒီဇင်ဘာ(၉)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဆင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်ကို ဂုဏ်သိက္ခာ ကျဆင်းစေသည့် စာသားများလူမှုကွန်ယက်တွင် တင်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆)ဃဖြင့် တရားစွဲဆိုခံထားရသော ပုသိမ်မြို့နယ် NLD ပါတီ ဒုဥက္ကဌ ဦးစန်းရွှေအား နိုဝင်ဘာ(၉)ရက်၊ ပထမဆုံး ရုံးချိန်းတွင် ပုသိမ်မြို့နယ်တရားရုံးမှ အာမခံပေးခဲ့ပြီး ၎င်းနှင့် အတူတရားစွဲခံထားရသူ(၂)ဦးကိုလည်း တရားသေလွှတ်လိုက်ကြောင်း သိရှိရသည်။

Read More »