Wednesday , November 29 2017
Home / သတင်း / တရားရေးသတင်း (page 38)

တရားရေးသတင်း

ကျောက်မဲ၌ အကြွေစေ့ဂိမ်းဆိုင်ဖွင့်လှစ်နေမှုအား တားမြစ်ပေးစေလို

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် အကြွေစေ့ဂိမ်းဆိုင်များ ပြန်လည်ဖွင့်လှစ်လာခြင်းကြောင့် ကျောင်းသားများ ကျောင်းပြေးကာ သွားရောက်ကစားနေမှုများ ဖြစ်ပေါ်လျက်ရှိရာ ဂိမ်းဆိုင်ဖွင့်လှစ် ခြင်းအား တားမြစ်ပေးပါရန် ကျောင်းသားမိဘများက တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါ အကြွေစေ့ဂိမ်းဆိုင်ကို ယခင်ကလည်း ကျောင်းသားအများစုမှာ ကျောင်းတက်ရမည့်အချိန် ကျောင်းမတက်ဘဲ ဂိမ်းသွားဆော့နေခြင်းကြောင့် ကျောင်းသားမိဘများက တိုင်ကြားခဲ့ရာ ပိတ်ခဲ့ ရသေးကြောင်း သိရှိရသည်။

Read More »

အမျိုးသမီးလိင်အလုပ်သမများအတွက် ဥပဒေသစ်ပေါ်ထွက်စေရေး ထောက်ခံပေးမည်

အမျိုးသမီးလိင်အလုပ်သမားများအတွက် ဥပဒေထွက်ပေါ်လာရေးအတွက်ရာနှုန်းပြည့် ထောက်ခံ အားပေးကြောင်း လူ့အခွင့်အရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသူ ဒေါ်စူစန်နာလှလှစိုးက ဇန်န၀ါရီလ (၁၅)ရက်နေ့က ဆီဒိုးနားဟိုတည်၌ပြုလုပ်သော Gender Issue ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ “ကျွန်မကတော့ ဒီ human right, women right အခွင့်အရေးလှုပ်ရှားသူတစ်ယောက်အနေနဲ့ အဲ့ဒါကို 100 % ထောက်ခံပါတယ်၊ အဲ့ဒီအဆိုဖြစ်အောင်လည်း ကျွန်မတို့ advocate လုပ်ခဲ့တာ ဆယ်စုနှစ် ကျော်ကျော်လောက်ရှိပါပြီ၊ ကျွန်မတို့ဒီအမျိုးသမီး sexworker တွေအတွက်အလုပ်လုပ်ခဲ့တာ သူတို့အတွက် အရမ်းကိုနာကျင်ပေးရတယ်၊ ဘာလို့လည်းဆိုတော့ ဒီလိုမျိုး တရားဝင်ဥပဒေမရှိတဲ့ အတွက်ကြောင့် ရိုးရိုး sexworker မဟုတ်ဘူး၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ပိုက်ဆံအိတ်ထဲမှာ ဒီကွန်ဒုံးထည့်ထားလို့ရှိရင် ရဲက အချိန်မရွေးဖမ်းနိုင်တယ်”ဟု ဒေါ်စူစန်နာလှလှစိုးက ပြောသည်။

Read More »

ကလေးသူငယ်နှင့်မသန်စွမ်းသူများအား အဓမ္မကျင့်ခြင်းခံရမှုမှ ကာကွယ်ရန် ထိရောက်သည့် ဥပဒေလိုအပ်လာ

အသက်မပြည့်သေးသော ကလေးသူငယ်များနှင့် မသန်စွမ်းသူများအား အဓမ္မကျင့်ခြင်းခံရမှုများအပေါ် လိုအပ်သည့် ဥပဒေနှင့် ကာကွယ်ပေးမှုများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ ဥက္ကဌ ဦးမြတ်သူဝင်းက ဆိုသည်။ “မသန်စွမ်းတဲ့သူတွေ ဘယ်လိုမှကို ပြန်လည်ခုခံနိုင်စွမ်းမရှိပါဘူး။ ရုန်းကန်နိုင်စွမ်းမရှိဘူး။ အခုဒီလိုကိစ္စမျိုးတွေဖြစ်တဲ့ အခါမှာ ကျွန်တော်တို့အနေနဲ့ ဘယ်လိုများ လုပ်နိုင်မလဲ။ ကျွန်တော်တစ်ယောက်ထဲတော့ ဥာဏ်မမှီဘူးဗျ။ ရှေ့နေကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ နိုင်ငံရေးပါတီတွေနဲ့ မသန်စွမ်းအဖွဲ့အစည်းအားလုံးက လူတွေ အရမ်းအားကိုးတယ်။ ပြစ်ဒဏ်က ဒီလိုဖြစ်သင့်လား”ဟု ဦးဝင်းမြတ်သူက မသန်စွမ်း မိန်းကလေးတစ်ဦး ဘ၀ကံဖြစ်စဉ်နှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။

Read More »

လာဘ်စားသူတရားသူကြီးနှင့်အဖွဲ့အား ဦးသိန်းညွှန့်ထံသို့ တိုင်ကြားထား

တရားခွင်တစ်ခု၌ လာဘ်စားမှုပြုလုပ်နေသည့် တရားသူကြီးနှင့် လူတစ်စုအား အခြားတရားသူကြီး တစ်ဦးမှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံသို့ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။ “လာဘ်စားမှုအပေါ်အလိုမတူုလို့ လာဘ်မယူတဲ့သူကို လာဘ်ယူတဲ့သူတွေက ၀ိုင်းပြီး ဖိအားပေးလို့ လာဘ်မယူတဲ့တရားသူကြီးက တိုင်ကြားထားတာပါ”ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။

Read More »