Friday , June 2 2017
Home / သတင်း / တရားရေးသတင်း (page 30)

တရားရေးသတင်း

ဦးဆန်းဆင့်အမှုနှင့်ပတ်သက်၍ သာသနာရေးဒုတိယ၀န်ကြီးကို စစ်ဆေး

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တရားစွဲဆိုထားသည့် ပုဒ်မနှစ်ခုနှင့် ပတ်သက်၍ လက်ရှိတွင် သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမောင်မောင်ဌေးကို သြဂုတ်လ (၁၉)ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ ဒုတိယအကြိမ် စစ်ဆေးခဲ့သည်။ “ပုဒ်မနှစ်ခုအတွက် လာရောက်အစစ်ဆေးခံရတာပါ။ ပုဒ်မနှစ်ခုဆိုတော့ ဒုတိယအကြိမ်ပါ။”ဟု သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမောင်မောင်ဌေးက ပြောသည်။

Read More »

ဖမ်းထားတဲ့ကားကို ကိုယ့်သဘောနဲ့ကိုယ်ပြန်ယူတဲ့ သရုပ်ဆောင်ဘုဏ်းသိုက်ကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားစွဲပြီ

အဆိုတော် ချမ်းချမ်း၏ ခင်ပွန်းဖြစ်သူ ရူပ်ရှင်နှင့် ဗီဒိုယိုသရုပ်ဆောင်ဘုဏ်းသိုက်ကို ယာဉ်ထိန်းရဲမှ တရားစွဲတင်ပို့ထားမှုအပေါ် လက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊ မြို့နယ်တရားသူကြီးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ မေ ၂၂ ရက်၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် သရုပ်ဆောင်ဘုဏ်းသိုက်သည် ယာဉ်မရပ်ရန် သတ်မှတ်ထားသော နေရာတွင် ၎င်း၏ကားကို ရပ်နားထားသဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကရိန်းဖြင့်ဆွဲကာ အရေးယူခြင်းကို မချေမငံပြောဆိုကာ ကားကိုပြန်လည်ရယူပြီ မောင်းနှင်ထွက်သွားသဖြင့် ပုဇွန်တောင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တရားစွဲဆိုခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

Read More »

သပြေပင်ကျေးရွာမှ ရွှေပျောက်မှုနှင့် ပတ်သတ်၍ ဖမ်းဆီးစစ်ဆေးရာ တစ်နှစ်ကျော်အကြာ၌ လွတ်မြောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သပြေပင်ကျေးရွာမှ ရွှေပျောက်မှုတစ်ခုနှင့်ပတ်သက်၍ မသင်္ကာသဖြင့် လင်မယားနှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာ အမျိုးသမီးဖြစ်သူလက်ထိပ်နောက်ပြန်ခတ်အနေအထားဖြင့် ရေနစ်သေဆုံးခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာ၌ ခင်ပွန်းဖြစ်သူအား အပြစ်မရှိဟုဆိုကာ ပုသိမ်မြို့နယ် တရားရုံးမှ တရားသေလွှတ်လိုက်ကြောင်းသိရသည်။ ဇူလိုင်လ(၃၀)ရက်နေ့က ချမှတ်ခဲ့သော အဆိုပါအမိန့်တွင် တရားလိုစွပ်စွဲသူနှင့် ၎င်းတို့၏သက်သေများ ထွက်ဆိုချက်ခိုင်လုံမှုမရှိ၍ တရားသေပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

Read More »

လန်ဒန်ဆရာတော် ဦးဥတ္တရအား သာသနာတော်ညှိုးနွမ်းစေမှုပုဒ်မ ချေဖျက်ပေး

မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားခြင်းနှင့်ပတ်သက်ပြီး အမှုနှစ်မှုဖြင့် တရားစွဲဆိုခံထားသည့် သံဃာ(၅)ပါးအနက် လန်ဒန်ဆရာတော်သည် ၄င်းကိုစွဲဆိုထားသည့် သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ကိုချေဖျက်ပေးရန် တင်သွင်းမှုကို တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံလိုက်ကြောင်း ဇူလိုင် ၁၈ ရက်နေ့က ဆရာတော်၏အမှုလိုက်ပါဆောင်ရွက်ပေးသော တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ “အမှုအမှတ် ၂၆၂ ပုဒ်မ ၂၉၅ (က)အမှုကို မစစ်ဆေးတော့ဘူး။ ၂၆၂ အမှုကိုတရားလွှတ်တော်က ခေါ်သွားပြီ။ ဘာလို့လဲဆိုတော့ ဆရာတော် ဦးဥတ္တရက ၂၉၅(က)အမှုကို ချေဖျက် ပေးပါဆိုပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကိုအထွေထွေလျှောက်ထားမှုတင်သွင်းတဲ့အတွက်ကြောင့် တရားလွှတ်တော်က လက်ခံလိုက်တယ်။ အဲဒီအမှုက တာမွေမြို့နယ် တရားရုံးမှာ မရှိတော့ဘူး။” ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။

Read More »

မီဒီယာဖိနှိပ်မှုရပ်တန့်ရေး ဆန္ဒထုတ်ဖော်သည့် သတင်းထောက်အား ပုဒ်မ(၁၈)ဖြင့် ဒဏ်ငွေနှစ်သောင်း ချမှတ်

မီဒီယာဖိနှိပ်ရပ်တန့်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသော ပြည်မြို့ခံသတင်းထောက်များမှ ဦးဆောင်သူ မဇ္ဈိမသတင်းထောက်ကိုရေခဲအား ပြည်မြို့နယ်တရားရုံးမှ ပုဒ်မ(၁၈)ဖြင့် ဇူလိုင်လ (၁၇)ရက်နေ့ ညနေတွင် ဒဏ်ငွေနှစ်သောင်းစီရင်ချက်ချမှတ်လိုက်ကြောင်းသိရသည်။ တရားဝင်စီတန်းလှည့်လည်ခွင့်မရရှိဘဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်စာတင်ခဲ့သည့် မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ကိုရေခဲအား ပြည်မြို့ အမှတ်(၂)မြို့မ ရဲစခန်းမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့ပြီး နှစ်လခွဲခန့်အကြာတွင် ပြည်မြို့နယ် တရားသူကြီး ဒေါ်စန္ဒာမှ သတင်းထောက်ကိုရေခဲအား ယခုကဲ့သို့ ဒဏ်ငွေ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်မြို့နယ် တရားရုံးမှ သိရသည်။

Read More »