Tuesday , November 28 2017
Home / သတင်း / တရားရေးသတင်း (page 20)

တရားရေးသတင်း

ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ပြုပြင်၍ လူမှုကွန်ယက်တင်ခဲ့သူ အာမခံဖြင့် ပြန်လည်လွတ်မြောက်

မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ)   ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံအား Photoshop ဖြင့် ညစ်ညမ်းသည့်ပုံအဖြစ်ပြုပြင်ပြီး Facebook တွင် ဖြန့်ဝေခဲ့မှုဖြင့် တရားစွဲဆိုခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယအတွင်းရေးမှူး ဦးသန်းထွန်း အာမခံဖြင့်ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ ဦးသန်းထွန်းသည် တရားရုံးချုပ်ရက် ရမာန် ပြည့်ပြီး ဆက်လက်အရေးယူရန် ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က မှတ်ချက် မပေး သေးသဖြင့် ကန်ကြီးထောင့်မြို့မ ရဲစခန်းက နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက အာမခံဖြင့် ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်သည်။

Read More »

တပ်မတော်ဝတ်စုံပြောင်းလဲမှုအားလူမှုကွန်ယက်စာမျက်နှာတွင် သရော်ခဲ့သည့် နည်းပညာ တက္ကသိုလ်ကျောင်းသူကို ပထမအကြိမ်ရုံးထုတ် စစ်ဆေး

မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ)   တပ်မတော်မှပြောင်းလဲလိုက်သည့် ဝတ်စုံအရောင်အားလူမှုကွန်ယက် Facebook စာမျက်နှာတွင် သရော်ခဲ့သည့် မအူပင်နည်းပညာတက္ကသိုလ်ကျောင်းသူမချောစန္ဒီထွန်းအားစက်တင်ဘာလ ၁၃ ရက်နေ့ကမအူပင်မြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးကြောင်း သိရှိရသည်။ မချောစန္ဒီထွန်းကိုအောက်တိုဘာလ ၁၂ ရက်နေ့ည ၇ အချိန်ကရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဓမ္မဇောတိတရားစခန်းတွင် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ညတွင်းချင်းမအူပင်မြို့မရဲစခန်းသို့ ပို့ဆောင်ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏မိသားစုဝင်များထံမှ သိရသည်။

Read More »

ကာကွယ်ခုခံပိုင်ခွင့်ဥပဒေကြောင့် သေဒဏ်မှလွတ်မြောက်ခဲ့သူတစ်ဦး( ဆောင်းပါး)

ဒေါက်တာထွန်းလင်း-ဘုတလင် ( Gold-Medalist) ကျွန်တော်ဟာလက္ခဏာဆရာတစ်ယောက်ဖြစ်သလိုတရားရုံးချုပ်ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ် ကတည်းကရန်ကုန် ဥပဒေတက္ကသိုလ် က ဥပဒေဘွဲ့ ကိုရယူပြီးရှေ့နေလိုက်ခဲ့ သူဖြစ်ပါတယ်။ ယခု ကျွန်တော်ရေးချင်တဲ့ အကြောင်းကတော့ ကျွန်တော့်အတွေ့အကြုံ ဖြစ်ရပ်မှန်လေးတစ်ခုကိုပါ။  အဲဒါကတော့ မိန်းကလေးတို့ အတွက် အားကိုးရတဲ့ ကာကွယ်ခုခံပိုင်ခွင့် ဥပဒေပုဒ်မ ၉၆ ရဲ့ ဖြစ်ကြောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကတော့ ကျွန်တော် ထံသို့ အသက် ၄၀  ကျော် မိန်းမ ၁ယောက် ရုံးပိတ်ရက် ဖြစ်တဲ့ တနင်္ဂနွေ နံနက် ၁၂ နာရီတိတိရောက်လာပါတယ်။ အကြောင်းကတော့ ရှေ့နေငှားချင်လို့ပါတဲ့။ သူ့ပုံစံ ကြည့်လိုက်တော့ ဟောင်းနွမ်းနေသောအ၀တ်အစားနှင့် မဖီးမလိမ်းမသပ်မရပ် ပိုသီပတ်သီပုံစံ နှင့် …

Read More »

ပြည်မြို့မှ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူနှစ်ဦးကို ပုဒ်မ(၁၈)ဖြင့် အရေးယူ

သီဟလွင်-ပြည်(မြစ်မခ) ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် တစ်နေ့တည်း တစ်ကိုယ်ဆန္ဒဖော်ထုတ်မှု(၂)ခုဖြစ်ပွားခဲ့ရာ အဆိုပါ ဆန္ဒထုတ်ဖော်သူနှစ်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ပြည်မြို့အမှတ်(၁)ရဲစခန်းမှ သိရှိရသည်။   ထိုသို့ဆန္ဒဖော်ထုတ်သူ(၂)ဦးအား ပြည်မြို့အမှတ်(၁)ရဲစခန်းမှူးဦးမျိုးဝင်းမှတရားလိုပြုလုပ်ကာ စက်တင်ဘာ ၁၃ ရက်က ပုဒ်မ(၁၈)ဖြင့် သီးခြားစီအရေးယူခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်နေ့က ကိုယ်ပိုင် ခံဝန်ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

Read More »

ကား၊ဆိုင်ကယ် ကိုယ်တိုင်မောင်းနှင်သောရဟန်းနှင့်သာမဏေများ ဒဏ်ငွေ ချမှတ်ခံရမည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်မြို့တွင် မြို့နယ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သြဂုတ် ၁၇ ရက်နေ့မှ စတင်၍ စက်တင်ဘာ ၂ ရက်နေ့အထိ (၃)ကြိမ်လှည့်လည်စစ်ဆေးခဲ့ရာတွင် အထောက် အထား တစ်စုံတစ်ရာမရှိဘဲ အလှူခံနေသော ရဟန်းတစ်ပါး၊ ဆိုင်ကယ်ကိုယ်တိုင်မောင်းသော ရဟန်း(၃) ပါးနှင့် ကားကိုယ်တိုင်မောင်း သောရဟန်း(၁၂)ပါးကို စစ်ဆေးတွေ့ရှိရသဖြင့် ဒဏ်ငွေချမှတ်ခဲ့ကြောင်း သိရှိရသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကား၊ ဆိုင်ကယ် ကိုယ်တိုင်မောင်းနှင်နေသော ရဟန်း၊ သာမဏေ များအား တစ် ပတ်လျှင် တစ်ကြိမ်စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိပြီး အရေးယူမှုများနှင့် ဒဏ်ငွေချမှတ်ခြင်းများကို လည်းပြုလုပ်နေကြောင်း  သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

Read More »