Saturday , June 3 2017
Home / သတင်း / တရားရေးသတင်း (page 2)

တရားရေးသတင်း

အကြမ်းဖက်မှု အများစုကို အမျိုးသားများသာ ပြုလုပ်ဟုဆို

စောခ(မြစ်မခ)   အကြမ်းဖက်မှု အများစုကို အမျိုးသားများသာ ပြုလုပ်ကြောင်း Triangle Women Support Group မှ ဒါရိုက်တာဒေါ်ခင်လေးက ပြောဆိုလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သခင်မြပန်းခြံတွင် မတ်လ(၈) ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

Read More »

အသက်(၁၄)နှစ်အရွယ်အိမ်အကူအမျိုးသမီးတစ်ဦး ညှင်းပန်းနှိပ်စက်ခံရမှု ဆိုင်ရှင်လင်မယားကို ဖမ်းဆီးစစ်ဆေး

မင်းခန့် (မြစ်မခ) မန္တလေး၊ မတ် (၃)ရက်။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်အနီးရှိ “ဟိန်းအာကာ”အပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အိမ်အကူအမျိုးသမီးတစ်ဦးအား ဆိုင်ရှင်လင်မယားမှ အမျိုးမျိုးနှိပ်စက်အနိုင်ကျင့် နေသည်ဟု ဆိုကာ မတ် ၃ ရက်၊ နေ့လည်(၁)နာရီတွင် မန္တလေးရတနာပုံတက္ကသိုလ်အနီးရှိ Family အမျိုးသား ဘော်ဒါဆောင်၌ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Read More »

ငွေလက်ငင်းဖြတ်ပိုင်းပြေစာ၌ အခွန်အမှတ်တံဆိပ်မကပ်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများအား ထိရောက်စွာအရေးယူမည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဖေဖော်ဝါရီ (၁၆)ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တစ်နှစ်လျှင်ငွေကျပ်သိန်း(၂၀၀)အထက်ရရှိသည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများအနေဖြင့် ငွေလက်ငင်းဖြတ်ပိုင်းပြေစာ၌ အခွန်အမှတ်တံဆိပ်မကပ်မကပ်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ ဖေဖော်ဝါရီ ၁၅ ရက်တွင်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

Read More »

တရားစွဲဆိုခံထားရသည့် စစ်ပွဲများ အလိုမရှိ ပြဇာတ်ကခဲ့သည့် ကျောင်းသား ၉ ဦးကို ပထမအကြိမ် ရုံးချိန်းခေါ်ယူစစ်ဆေး

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဖေဖော်ဝါရီ(၈)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ဇန်န၀ါရီ (၉)ရက်က စစ်ပွဲများ အလိုမရှိ ပြဇာတ် ကပြခဲ့ရာမှ တပ်မတော်နှင့် တပ်မတော်မိသားစုများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုခြင်း ခံနေရသည့် ကျောင်းသား(၉)ဦးကို ဖေဖော်ဝါရီ(၈) ရက်နေ့က ပုသိမ်မြို့နယ်တရားရုံးမှ ပထမအကြိမ် ရုံးချိန်းခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။    

Read More »

ထီလက်မှတ်ရောင်းသည့် မသန်စွမ်းလူငယ်တစ်ဦးကို လူ(၇)ဦးမှ ဝိုင်းရိုက်မှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုမည်

ဇိုင်ဇော်ဒါရှီ (မြစ်မခ) ရန်ကုန်၊ ဖေဖော်ဝါရီ(၃)ရက်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှ ထီလက်မှတ်ရောင်းသည့် မသန်စွမ်းလူငယ် မောင်ရဲရင့်နိုင်အား လူ(၇)ဦးမှ ဝိုင်းရိုက်မှု ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ထံမှ သိရှိရသည်။

Read More »