Saturday , June 3 2017
Home / သတင်း / တရားရေးသတင်း (page 10)

တရားရေးသတင်း

၆၆ ဃ ဖြင့် ဖမ်းဆီးခံရသည့် လပွတ္တာမြို့ခံ သတင်းထောက် လင်မယားနှစ်ဦး ကိုယ်ပိုင်ခံဝန်ဖြင့် လွတ်မြောက်

မျိုးမင်းထွန်း (မြစ်မခ) လပွတ္တာ၊ သြဂုတ်(၃၀)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသော သူရိယအလင်းဂျာနယ်မှ သတင်းထောက် ကိုဇော်မျိုးဦးနှင့် ဇနီး မစန်းစန်းအေးတို့အား သြဂုတ် (၂၉)ရက် ရက်နေ့ ရုံးချိန်းတွင် ဆက်သွယ်ရေးဝန်ကြီးထံမှ မှတ်ချက်မကျ၍ ကိုယ်ပိုင်ခံဝန်ဖြင့်ပြန်လွှတ်ပေးခဲ့ကြောင်း လပွတ္တာမြို့နယ်တရားရုံးမှ သိရှိရသည်။

Read More »

နွားထိုးကြီးမြို့နယ် တရားစီရင်ရေးမဏ္ဍိုင်တိမ်းစောင်းနေသည်ဟု ဆိုကာ ဒေသခံအင်အား(၃၀၀)ကျော် ဆန္ဒထုတ်ဖော်

မင်းခန့် (မြစ်မခ) နွားထိုးကြီး၊ သြဂုတ်(၂၉)ရက်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များကို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက တရားစွဲဆိုထားသည့်အမှုတွင် တရားစီရင်ရေးမဏ္ဍိုင် တိမ်း စောင်းကာ ဥပဒေမျက်ကွယ်ပြုနေသည်ဟုဆိုကာ သြဂုတ် ၂၉ ရက်၊ နံနက်(၉)နာရီတွင် မင်းရွာအုပ်စုရှိ NLD ပါတီဝင်အချို့နှင့် ကျေးရွာဒေသခံအင်အား(၃၀၀)ကျော်တို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

Read More »

ရွှေတောင်မြို့နယ်အနီးရှိ အမှတ် ၅၀၉ အမြှောက်တပ်မှ တပ်ရင်းမှူးက အရပ်သားအား ပါးရိုက်သည့်အမှု တပ်မတော်ဘက်သို့ လွှဲပြောင်း

သီဟလွင် (မြစ်မခ) ရွှေတောင်၊ သြဂုတ်(၂၅)ရက်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ရွှေတောင်မြို့နယ်အနီးရှိ အမှတ် ၅၀၉ အမြှောက်တပ်မှ တပ်ရင်းမှူးက အရပ်သားအား ပါးရိုက်သည် ဆိုသည့်အမှုအား တပ်မတော် ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှ သိရှိရသည်။ အဆိုပါအမြှောက်တပ်အနီးရှိ ကွင်းအမှတ်မြေကွက်တွင် ပျိုးခင်းအတွက် ဒေသခံတောင်သူများဖြစ်ကြသော ဦးတင်ထွန်း၊ သားဖြစ်သူ ကိုထွန်းထွန်းအောင်တို့မှာ ဇွန်လ(၂၄)ရက်နေ့က မြက်များခုတ်ထွင်ရှင်းလင်းနေစဉ် တပ်မတော်သားများမှ ၀ါးပနက်များ စိုက်နေသည်ကို ကိုထွန်းထွန်းအောင်က အသင့်ပါလာသော လက်ကိုင်ဖုန်း ဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်ရာမှ ပါးရိုက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Read More »

ယာဉ်စည်းကမ်းဖောက်ဖျက်ပြီး ယာဉ်ထိန်းရဲအား မချေမငံပြောဆိုခဲ့သူ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးအား အရေးယူ

သီဟလွင် (မြစ်မခ) ပြည်၊ သြဂုတ် (၁၆)ရက်။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့တွင် ယာဉ်စည်းကမ်းဖောက်ဖျက်သည့်အပြင် ယာဉ်စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ ယာဉ်ထိန်းရဲအား မချေမငံပြောဆိုခဲ့သူ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးအား ဝန်ထမ်းစည်းကမ်းများအရ အရေးယူထားကြောင်း ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။ ပြည်မြို့၊ ရွှေတံချောင်းလမ်း၊ အမှတ်(၁)ရဲစခန်းရှေ့တွင် သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက ယာဉ်စည်းကမ်းကြီး ကြပ်ရေးပူးပေါင်းအဖွဲ့မှ ဆိုင်ကယ်စီးဦးထုပ်မပါသူများ၊ ဆိုင်ကယ်နံပါတ်ပြားမပါသူများ၊ ဆိုင်ကယ်ဘက်မှန်မပါ သူများအား စစ်ဆေးနေသည့်အချိန်တွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ယာဉ်ထိန်းရဲအား မချေမငံပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read More »

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုမှာ KEAP အဖွဲ့နှင့် မသက်ဆိုင်ဟုဆို

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇူလိုင်(၂၀)ရက်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)လမ်းရှိ ခြံတစ်ခုတွင်ဖြစ်ပွားခဲ့သော  အငြင်းပွားမှု ပြဿနာမှာ ကရင်လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်တပ်ဖွဲ့(KEAP)နှင့် မသက်ဆိုင်သော်လည်း အမှုဖွင့် ထားခြင်းကြောင့် ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ တိုမိုဆူချီဆိုင်၌ ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့ သည့် KEAP ၏ သတင်းစာရှင်းလင်းပွဲတွင် KEAP မှ ဗိုလ်မှူးချုပ် စောမျိုးကျော်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read More »