Wednesday , October 12 2016
Home / သတင်း / တရားရေးသတင်း

တရားရေးသတင်း

မမှန်မကန် အဂတိလိုက်စား အခွန်တိမ်းရှောင်ခြင်းကိစ္စများ စစ်ဆေးပေါ်ပေါက်ပါက ပေးသူနှင့်ယူသူအား တရားဥပဒေအရ အရေးယူသွားမည်

IMG_20161010_142747

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ အောက်တိုဘာ (၁၁) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခွန်အကောက်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ အကြား မှန်မှန်ကန်ကန်နှင့် အခွန်ဘဏ္ဍာငွေရရှိရေး ရိုးရိုးသားသားဆောင်ရွက်သွားရန်လိုအပ်ပြီး မမှန်မကန် အဂတိလိုက်စား အခွန်တိမ်းရှောင်ခြင်းကိစ္စများ စစ်ဆေးပေါ်ပေါက်ပါက ပေးသူနှင့်ယူသူအား တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

ဓမ္မာရုံ အသံချဲ့စက်ကြိုးများဆွဲဖြုတ်ခဲ့သည့် နယ်သာလန်နိုင်ငံသားအမှု အောက်တိုဘာ ၆ ရက်တွင် အမိန့်ချမှတ်မည်

မင်းခန့်(မြစ်မခ) မန္တလေး၊ အောက်တိုဘာ (၅) ရက်။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်ရှိ သုစရိတ္တဓမ္မာရုံတွင် ဓမ္မစကြာ ပဋ္ဌာန်းရွတ်ဖတ်နေစဉ် အသံချဲ့စက်ကြိုးများဆွဲဖြုတ်မှုဖြင့် မြို့နယ်တရားရုံး၌ တရားရင်ဆိုင်နေရသည့် နယ် သာလန်နိုင်ငံသားအမှုကို အောက်တိုဘာ ၆ ရက်တွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း နယ်သာလန်နိုင်ငံသား ဖက်မှ အမှုလိုက်ပါပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှကိုထံမှ သိရှိရသည်။

Read More »

အသံချဲ့စက်ကြိုးများဆွဲဖြုတ်သည့် နယ်သာလန်နိုင်ငံသားမှာ ဘာသာရေးအဆောက်အဦးမှန်းမသိရှိကြောင်း ရုံးထုတ်တွင် ထွက်ဆို

breaking 3

ကျော်မျိုးထွဋ်(မြစ်မခ) မန္တလေး၊ စက်တင်ဘာ ၂၈ ရက်။ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ သုစရိတဓမ္မာရုံတွင် စက်တင်ဘာ ၂၃ ရက်က ဝတ်ရွတ်နေစဉ် အသံချဲ့စက်မိုက်ကြိုးများဆွဲဖြုတ်ခဲ့သဖြင့် တရားစွဲခံထားရသော နယ်သာလန်နိုင်ငံသားအမူကို စက်တင်ဘာ ၂၈ ရက်၊ ညနေ(၃း၃၀)နာရီတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းအနေဖြင့်ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ် ဘဲ ဘာသာရေးအဆောက်အဦးမှန်းမသိရှိကြောင်း တရားရုံးတွင်ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

Read More »

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သမီးသေဆုံးသွားသည်ဟုဆိုကာ တိုင်ကြားစာပေးပို့

14359253_967242253404112_5686105418926834096_n

ထက်မြက် (မြစ်မခ) မန္တလေး၊ စက်တင်ဘာ(၂၆)ရက်။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျသူနာပြုနှင့် စကားအချေ အတင် ပြောနေစဉ် သေဆုံးသွားခဲ့သည့် အမျိုးသမီးတစ်ဦးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဖခင်ဖြစ်သူက စက်တင်ဘာ ၂၆ ရက်တွင် တိုင်ကြားစာပေးပို့ထားကြောင်း သိရှိရသည်။

Read More »

သရုပ်ဆောင် မိုးအောင်ရင်ကို အင်းစိန်ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်း

photo for news no 16

ဝါးဝါး(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၂၄)ရက်။ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို  စက်တင်ဘာ (၂၃) ရက် ညနေ (၅း၀၀) နာရီတွင် ပုစွန်တောင် ရဲစခန်းမှ အင်းစိန်ဗဟို အကျဉ်းထောင်သို့ လွှဲပြောင်းထားရှိလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ”မနေ့ညနေ ၅ နာရီလောက်က အချုပ်ကားတွေ အပြန်ရောက်လာတာပါ။” ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Read More »