Saturday , December 2 2017
Home / သတင်း / နိုင်ငံတကာသတင်း (page 5)

နိုင်ငံတကာသတင်း

ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့ရရှိ

မြန်မာနိုင်ငံ၏သမ္မတဦးသိန်းစိန်အပါအ၀င် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် ရည်မှန်းထားသောအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၂၅၉ ဦးအနက် ၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုဓာတုလက်နက်ဖျက်သိမ်းရေး အဖွဲ့က  ရရှိသွားကြောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကော်မတီမှ သိရှိရသည်။ ဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့ (OPCW-Organization for the Prohibition of Chemical Weapons )သည် ဆီးရီးယား စစ်ပွဲအပါအ၀င်၊ အမေရိကန်နှင့် ရုရှားတို့ ဓါတုလက်သိမ်းဆည်းမှုတို့ကို ဆန့်ကျင်ခဲ့ပြီး အဆိုပါလက်နက်များ ဖျက်သိမ်းရေးသည်လည်း ဒိုင်းနမိုက်တီထွင်ခဲ့သူ Alfred Nobel ၏ ဆန္ဒဖြစ်သောကြောင့် ယခုကဲ့သို့ ဆုပေးရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကော်မတီမှ သတင်းထုတ်ပြန်သည်။

Read More »

ထိုင်းနိုင်ငံလွတ်ငြိမ်းချမ်းသာခွင့် ပြဋ္ဌာန်းမှုအပေါ် ကုလသမဂ္ဂသတိပေး

လူ့အခွင့်အရေးဆိုးဆိုးရွားရွားချိုးဖောက်ထားသူများအား အပြစ်စီရင်ခြင်းမခံရဘဲလွတ်မြောက်သွားစေမည့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမျိုးအတည်ပြု ပြဋ္ဌာန်းလိုက်ခြင်း မဆောင်ရွက်ရန် ထိုင်းနိုင်ငံအားကုလသမဂ္ဂ လူအခွင့်အရေးများရုံးကသတိပေးပြောကြားလိုက်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးများဆိုင်ရာအဆင့်မြင့် ကော်မရှင်နာရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးချေချိလ် ပူယီလိကယခုရက်သတ္တပတ်တွင် ပါလီမန်၌ တင်သွင်းမည့် ဥပဒေမူကြမ်းတွင် ၂၀၁၀ပြည့်နှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအားစစ်တပ်မှ ဖြိုခွဲရာတွင် လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သောပုဂ္ဂိုလ်များအားလွတ်ငြိမ်းချမ်းသာခွင့် ပြုမိနိုင်ကြောင်းထောက်ပြသည်။

Read More »

ဝေလမင်းသမီး ဒိုင်ယာနာ၏ ပါကစ္စတန်ဆရာဝန်နှင့် ရင်နင့်ဖွယ်အချစ်ဇာတ်လမ်း

 မင်းသားဝီလျှံသားဦးမွေးဖွားသဖြင့် ဝမ်းမြောက်ပျော်ရွှင်နေကြချိန်တွင် စက်တင်ဘာလထုတ် နာမည်ကျော် ဗင်နတီဖဲ( ယ )မဂ္ဂဇင်း၌မင်းသား၏ မိခင်ကွယ်လွန်သူ ဝေလမင်းသမီးဒိုင်ယာနာဗြိတိန်အိမ်ရှေ့ မင်းသား ချားလ်စ်နှင့်ကွာရှင်းပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသောရင်နင့်ဖွယ် အချစ်ဇာတ်လမ်းအသေးစိတ်ကို သိရှိခွင့်ရ ခဲ့သည်။

Read More »

ဗုဒ္ဓဂယာ လက်လုပ်ဗုံးခွဲ တရားခံဟု ယူဆရသူတစ်ဦးအား စစ်ဆေးနေ

 ဗုဒ္ဓဂါယာနှင့် မဟာဗောဓိစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရည်ရွယ်ဖောက်ခွဲခဲ့သည့် ဗုံးများ ဖေါက်ခွဲ မှုနှင့်ပတ်သက်၍ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းအရ ဗုံးထောင်သူ နှစ်ဦးအား တွေ့ရှိခဲ့ပြီး တစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု ဒေသတွင်း ရဲအရာရှိများအား ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။

Read More »

ဗုဒ္ဓဂါယာ လုံခြုံရေး ကျိုးပေါက်ခဲ့သည့် နေရာများအား ဖော်ထုတ် စစ်ဆေးတော့မည်

ဗုဒ္ဓဂါယာမြို့ ဗုဒ္ဓဘာသာအထွတ်အမြတ် နေရာများ၌ ဗုံးပေါက်ကွဲခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပေါက်ကွဲသည့် အကြောင်းအရင်းအား သေချာစစ်ဆေးလျက်ရှိပြီး လုံခြုံရေးကျိုးပေါက်သည့် နေရာများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ဖော်ထုတ် စစ်ဆေး သွားမည်ဟု သိရသည်။

Read More »