Friday , June 2 2017
Home / သတင်း / နိုင်ငံတကာသတင်း (page 4)

နိုင်ငံတကာသတင်း

မြစ်မခမီဒီယာမှ “ ဘင်္ဂါလီများအပေါ် အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှုမရှိဟု အစီရင်ခံစာထွက်ပေါ် “ ဟူသည့်ဘာသာပြန်သတင်းနှင့်ပတ်သက်၍ စာဖတ်သူများသို့ အသိပေးတောင်းပန်ခြင်း

ဖေဖော်ဝါရီလ(၂၅)ရက်နေ့က  မြတ်မိုးကျော် (မြစ်မခ) ဘာသာပြန်ရေးသားသည့်“ဘင်္ဂါလီများအပေါ် အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဟုအစီရင်ခံစာထွက်ပေါ် “ သတင်း၌ ရခိုင်ပြည်နယ်ရှိ ဘဂ်ါလီလူမျိုးများအပေါ်မြန်မာအစိုးရမှ ခွဲခြားဆက်ဆံကြောင်း Fortify Rights အဖွဲ့၏ စွပ်စွဲဖော်ပြချက်များအား ဘာသာပြန်လွှဲမှား၍  Fortyfy Rights အဖွဲ့မှအစိုးရကို မျက်နှာသာပေးဖော်ပြသကဲ့သို့ ဖြစ်သွားပါသဖြင့် စာဖတ်ပရိသတ်များအား ဘာသာပြန်လွှဲမှားမှုအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။ နောင် အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပွားရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကိုလည်း မြစ်မခမီဒီယာအနေဖြင့် ပြုလုပ်ပြီးဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

Read More »

ဘင်္ဂါလီများအပေါ် အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှုမရှိဟု အစီရင်ခံစာထွက်ပေါ်

မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ၊ ကူညီမှုများ တွေ့ခဲ့ရပြီး မွတ်ဆလင်လူမျိုးများအနေဖြင့် အခြားနိုင်ငံများကဲ့သို့ အခွင့်အရေးများ အပြည့်အ၀ရရှိနေကြောင်း ကြာသာပတေးနေ့က ထွက်ရှိသည့် Fortify Rights အဖွဲ့၏ အစီရင်ခံစာကိုအကြောင်းပြု၍ Wall Street Journal မှ သိရှိရသည်။ အဆိုပါ Fortify Rights အဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံများကို လူ့အခွင့်အရေးကိစ္စရပ်များကို အဓိကထား လေ့လာသည့် အဖွဲ့အစည်းဖြစ်ပြီး ၎င်းအဖွဲ့၏ တင်ပြချက်အရ ဘင်္ဂါလီလူမျိုးများ၏ လက်ထပ်ထိမ်းမြားခွင့်၊ မွေးဖွားခွင့်နှင့် နေထိုင်ခွင့်များသည် လွတ်လပ်စွာ တည်ရှိနေကြောင်း၊ ၎င်းတို့ ထုတ်ပြန်ချက် ၁၂ စောင်တွင် ဘင်္ဂါလီများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မရှိကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

Read More »

တမူးနယ်စပ်၌ ပျောက်ဆုံးသွားသူ နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိ

မြန်မာနိုင်ငံ တမူးမြို့နယ်မှ ပျောက်ဆုံးသွားသော အိန္ဒိယနိုင်ငံသားကုန်သည်နှစ်ဦးအား အိန္ဒိယနိုင်ငံရှိ မဏိပူရမြို့နယ်စပ်၌ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက သေဆုံးလျက်တွေ့ရှိရကြောင်း The Telgraph သတင်းစာပါ ဖော်ပြချက် အရ သိရှိရသည်။ သေဆုံးသူနှစ်ဦးမှာ မီးရှို့ဒဏ်ရာများနှင့် အခြားဒဏ်ရာများပါရှိကြောင်းနှင့် သေဆုံးသူနှစ်ဦးမှာ Uttar Pradesh ဒေသမှ Sanvndar Singh အသက် ၃၀ နှစ်နှင့် Mumbai ဒေသမှ Daljeet Singh ၊ (၃၃) နှစ် တို့ဖြစ်ကြောင်း၊ ၄င်းတို့သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူရဲတစ်ဦးက ဆိုသည်။

Read More »

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ အခြေအနေ တင်းမာလာ

ထိုင်းအစိုးရအား ဖြုတ်ချရန် နှင့် ဖြုတ်ချခံထားရသောဝန်ကြီးချုပ်ဟောင်းသက်ရှင် ရှီနာဝပ်၏ သြဇာဆက်လက် လွှမ်းမိုးနေခြင်း ကို အဆုံးသတ်နိုင်ရေး ရည်ရွယ်သည့်  ထောင်သောင်းချီသောဆန္ဒပြသူများမှာ ဘန်ကောက်မြို့တော် လမ်းမများပေါ်၌ စုဝေးဆန္ဒထုတ်ဖော်နေကြသည်။ ၂၀၁၀ ခုနှစ် သွေးထွက်သံယိုဖြစ်ပေါ်ခဲ့သောလူထု ဆန္ဒပြမှု နောက်ပိုင်း  ကြီးကျယ် ထင်ရှားသော ဆန္ဒပြမှုကြီးတွင် ကန့်ကွက် ဆန္ဒပြ သူများမှာ တနင်္ဂနွေနေ့ကသက်ဆင်၏ ညီမဖြစ်သူလက်ရှိဝန်ကြီးချုပ် ယင်လပ် ရှီနာဝပ်အား ဖြုတ်ချရန် တောင်းဆို လိုက်ကြပါသည်။

Read More »

ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ တိုးပွားနေ

 ထိုင်းအစိုးရအား ဖြုတ်ချရန် နှင့် ဖြုတ်ချခံထားရသည့် ဝန်ကြီးခ။ျုပ်ဟောင်းသက်ရှင် ရှီနာဝပ်၏ သြဇာဆက်လက် လွှမ်းမိုးနေခြင်း ကိုအဆုံးသတ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ထောင်သောင်းချီသော ဆန္ဒပြသူများမှာ ဘန်ကောက်မြို့တော်လမ်းမများပေါ်၌ ဆန္ဒထုတ်ဖော်နေကြသည်။ ၂၀၁၀ ခုနှစ် သွေးထွက်သံယိုဖြစ်ပေါ်ခဲ့သောလူထု ဆန္ဒပြမှုနောက်ပိုင်း ကြီးကျယ်ထင်ရှားသည့်ဆန္ဒပြပွဲအသွင်ဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ကန့်ကွက် ဆန္ဒပြသူများမှာ နိုဝင်ဘာလ(၂၄)ရက်နေ့က သက်ဆင်၏ ညီမဖြစ်သူ လက်ရှိဝန်ကြီးချုပ် ယင်လပ် ရှီနာဝပ်အား ဖြုတ်ချရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Read More »