Sunday , September 24 2017
Home / သတင်း / နိုင်ငံတကာသတင်း (page 3)

နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်ကိစ္စ အာဆီယံ၏မူဝါဒအတိုင်း မြန်မာမှ ဆောင်ရွက်မည်

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ၊ တစ်ဖက်တွင်လည်း အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာအဆင့် လုပ်ဖော်ကိုင်ဘက်ကောင်းမွန်သည့် အားသာချက်များရှိနေပြီး၊ အာဆီယံအရေးဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ရာ၌ သတ်မှတ်ချက်များအတိုင်း လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်အရ သိရသည်။ မေလ ၁၀ ရက်နေ့ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပသော အစည်း အဝေးပွဲများတွင် အာဆီယံဒေသတွင်းပြဿနာဖြစ်သည့် တောင်တရုတ်ပင်လယ်အငြင်းပွားမှု ကိစ္စရပ်များနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးနေသည့် အဆိုပါအစည်းဝေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »

အာဆီယံစီးပွားရေးအသိုက်အ၀န်းဖော်ဆောင်ရေး အပါအ၀င် တောင်တရုတ်ပင်လယ်အရေး အာဆီယံထိပ်သီးအစည်းအဝေး၌ ဆွေးနွေး

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗားရှင်းဗဟိုဋ္ဌာနတွင် မေလ ၁၀ရက်နှင့်၁၁ ရက်နေ့က ပြုလုပ်ကျင်းပလျက်ရှိသည့်  ၂၄ ကြိမ် မြောက်အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံစီးပွားရေး အသိုက်အ၀န်းဖော်ဆောင်ရေးနှင့်တောင်တရုတ်ပင်လယ်အငြင်းပွားမှု ပြဿနာကိုအဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အာဆီယံစီးပွားရေး အသိုက်အ၀န်းဖော်ဆောင်ရေးအတွက်လည်းကောင်း၊ တောင်တရုတ် ပင်လယ်အငြင်းပွားမှုပြဿနာကိုဒေသတွင်း ပြဿနာအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအာဆီယံရေးရာ ဦးစီးဋ္ဌာန အနေဖြင့်လည်းနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အ၀န်း တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံကဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

နိုင်ငံရေးလောကမှ ၅နှစ် ပျောက်ကွယ်တော့မည့် မစ္စယင်လတ်ရှင်နာဝပ်

ထိုင်းနိုင်ငံအိမ်စောင့်အစိုးရ မစ္စယင်လတ်ရှင်နာဝပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၀န်ကြီးချုပ်ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း မေလ ၇ ရက်နေ့က ဆုံးဖြတ်ခဲ့သည်ဟု နိုင်ငံတကာမီဒီယာအသိုင်းအ၀ိုင်းမှ သိရှိရသည်။ ၂၀၁၁ ခုနှစ်က ထိုင်း အမျိုးသားလုံခြုံရေးဋ္ဌာနအကြီးအကဲကို အစားထိုးပြောင်းလဲခန့်အပ်ခဲ့မှုကြောင့်  ဖွေ့ထိုင်း ပါတီအကျိုး အမြတ်တွေ ရခဲ့ခြင်းမှာ အာဏာကို အလွဲသုံးစားလုပ်ခြင်းဖြစ်တယ်လို့ Paiboon Nititawan ဦးဆောင် သည့်  ထိုင်းအထက် လွှတ်တော် အမတ်တွေရဲ့  စွဲဆိုထားမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးမှ မစ္စယင်လတ်ကို ကြားနား စစ်ဆေးခဲ့ပြီး ယခုကဲ့သို့  ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများမှ တဆင့်သိရှိရသည်။

Read More »

အိုဘားမား၏ ဒုတိယမြောက် မြန်မာခရီးစဉ်၌ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်

လာမည့်နိုဝင်ဘာလတွင် အမေရိကန်သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ဒုတိယအကြိမ်လာရောက်ကာ အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်ပြီးအစိုးရထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးထံမှ သိရှိရသည်။ နိုဝင်ဘာ(၉)နှင့်(၁၀)ရက်တွင် နေပြည်တော်၌ ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံကို သမ္မတအိုဘားမား တက်ရောက်မည်ဖြစ်ကြောင်းနယူးယောက်မြို့၌ ကျင်းပခဲ့သည့် အာရှလူ့ဘောင်မူဝါဒသိပ္ပံကို တရားဝင်ဖွင့်လှစ်တဲ့ အခမ်းအနားတွင် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးWilliam Burns က ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပြည်သူ သောင်းချီ လမ်းလျောက်ဆန္ဒထုတ်ဖော်

ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီ( PDRC )၏ အထွေထွေအတွင်းအရေးမှူး ဆူသက် သောင်ဆူဘန် ခေါင်းဆောင်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြ ပြည်သူများစွာသည် စနေနေ့နံနက်၌၎င်းတို့၏ ဆန္ဒပြစခန်းတည်ရာ လုမ္ဗဏီဥယျာဉ်ရှေ့မှစတင်၍ ရွိုင်းရယ် ပလာဇာ အထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ ကြသည်။ လမ်းလျှောက်ချီတက်ပွဲ မစတင်မီ နံနက် ၉၊၀၀ နာရီအချိန်တွင် အထွေထွေအတွင်းရေးမှူးဆူသက် သောင်ဆူဘန်နှင့် အခြားခေါင်းဆောင်များသည် လုမ္ဗဏီ ဥယျာဉ် အဝင်ဝရှိဆဌမမြောက် ရာမဘုရင် ရုပ်ထုရှေ့မှောက်တွင် ဘာသာရေးဆိုင်ရာ ပူဇော်ပသမှုများပြုလုပ်ခဲ့ကြသည်။

Read More »