Sunday , September 24 2017
Home / သတင်း / နိုင်ငံတကာသတင်း (page 2)

နိုင်ငံတကာသတင်း

၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု မာလာလာနှင့် Kailash Satyarthi တို့ ပူးတွဲရရှိ

၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို ယမန်နှစ်က ရေပန်းစားခဲ့သည့်မာလာလာနှင့် အခြားတစ်ဦး ပူးတွဲရရှိသွားကြောင်း ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကော်မတီမှ သိရှိရသည်။ ယခုနှစ်နိုဗယ်လ်ဆုအတွက် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း ၂၇၈ ဦးအနက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်က နိုဗယ်လ်ဆုအတွက် ရေပန်းစားခဲ့သည့် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်အပါအ၀င် ယမန်နှစ်က ဆုရွေးချယ်ရာတွင် စကာတင်ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ပါဝင်ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Read More »

ရန်ကုန် မီဒီယာကွန်ဖရင့်တက်ရောက်လာသည့် မစ္စဟန်နာဘိခ်ျနှင့်ပတ်သက်၍ စိတ်ထဲမှာ မရှိတော့ဟု ဦးဝီရသူမိန့်ကြား

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံထားရသည့် တိုင်းမ်မဂ္ဂဇင်း၏ အာရှရေးရာကျွမ်းကျင်သူ သတင်း ထောက် မစ္စဟန်နာဘိခ်ျ (Hannah Beech) သည် ရန်ကုန်မြို့တွင် စက်တင်ဘာ(၁၈)ရက်နေ့က စတင်ကျင်းပပြီး နှစ်ရက်တာကျင်းပခဲ့သည့် မြန်မာမီဒီယာကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းကြီး၏ အတွဲ-၁၈၂၊ အမှတ်-၁ ပါ မျက်နှာဖုံးဆောင်းပါးအဖြစ် The Face of Buddhist Terror ကို ရေးသားခဲ့သည့် ဟန်နာဘိခ်ျကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံခဲ့ပြီးနောက် ၄င်းမှာ ပထမဆုံးအကြိမ် ပြည်ဝင်ခွင့်ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

Read More »

စမွတ်ပရာကန်မြို့နယ် ဆေးဆိုးပန်းရိုက်စက်ရုံ ဘွိုင်လာအိုးပေါက်ကွဲမှု၌ မြန်မာလုပ်သား ၁၈ဦး ထိခိုက် ဒဏ်ရာရ

မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုအလုပ်လုပ်ကိုင်မှုများသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှ  ဆေးဆိုးပန်းရိုက်စက်ရုံ၌ သြဂုတ်လ ၁၇ ရက်နေ့က ဘွိုင်လာအိုးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားရာ မြန်မာအလုပ်သမား ၁၈ ဦး ဆေးရုံတက်၍ ဆေးကုသမှုခံနေရသည်ဟု သိရသည်။ ဘန်ကောက်မြို့စမွတ်ပရာကန်မြို့နယ် အမှတ် ၁၄ ရပ်ကွက်ရှိ Wong Pisit Printing Limited ဆေးဆိုးပန်းရိုက် စက်ရုံ၌ မနက် ၅ နာရီခွဲဝန်းကျင်က ဘွိုင်လာအိုး (Electric Steam Boiler ) ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

Read More »

နှစ်(၅၀၀)ပြည့်ပွဲသို့ ပုပ်ရဟန်းမင်းကြီး ကြွလာရန်မျှော်လင့်

လာမည့် နိုဝင်ဘာလအတွင်း ကျရောက်မည့် မြန်မာနိုင်ငံသို့ ကက်သလစ်ဘာသာရောက်ရှိခြင်း နှစ်(၅၀၀) ပြည့် ဂျုဗလီပွဲတော်သို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကြွရောက်နိုင်ရေး စီစဉ်နေလျှက် ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက်နိုင်ရန်အတွက် အစိုးရပိုင်းက နိုင်ငံတော်အဆင့်ဖြင့် ဖိတ်ကြားမှသာ လာရောက်မည်ဖြစ်သောကြောင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကက်သလစ်ဘာသာမှ ခေါင်းဆောင်ပိုင်းတို့ တွေ့ဆုံဆွေးနွေးထားသည်ဟု သိရှိရသည်။

Read More »

ပါမစ်ရှိ မြန်မာအလုပ်သမားများအား ထိုင်းစစ်တပ်နှင့် ရဲများကဖမ်းဆီးအရေးယူမှုမရှိဟု ထိုင်းအာဏာပိုင်တို့ဆို

ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ရှိသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းစစ်တပ်နှင့် ရဲများက ဖမ်းဆီးအရေးယူမှု၊ ခြိမ်းခြောက်မှုများ ပြုလုပ်မှုမရှိဟု အာဏာသိမ်းထိုင်းစစ်တပ်မှ ဇွန်လ ၁၇ ရက်နေ့ညက ပြောဆိုကြောင်း မြန်မာအလုပ်သမားသံအရာရှိ အလုပ်သမားညွန်ကြားရေးဦးစီးဌာန ထိုင်းနိုင်ငံမှ သိရသည်။ တရားဝင်အထောက်အထားဖြင့် နေထိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ် (Passport) အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work permit) တို့ကို ထိုင်း ရဲ၊ စစ်တပ်တို့မှဖျက်စီးကာ ဖမ်းဆီးအရေးယူ နေသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။

Read More »