Wednesday , February 15 2017
Home / သတင်း / နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ထိုင်းအရာရှိများ ရာထူးမှ ဖယ်ရှားခံရခြင်းသည် လူကုန်ကူးမှုနှင့် ပါဝင်ပတ်သက်နေခြင်းကြောင့် ဟုဆို

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် (၃၀) ရက်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးအပြီး ထိုင်းအရာရှိ(၂၃)ဦးကို ရာထူးမှ ယာယီ ထုတ်ပယ်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်မဟုတ်ဘဲ လူကုန်ကူးမှုနှင့် ပါဝင်ပတ်သက်နေခြင်းကြောင့်ဖြစ် ကြောင်း ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးချုပ် ပရာဝစ်(တ်)ဝုန်ဆူဝန်ကပြောဆိုလိုက်သည် ဟု သမ္မတရုံးဝန်ကြီးဌာနမှ သိရှိရသည်။ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဇွန် ၂၉ ရက် မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်  ထိုင်းနိုင်ငံ ဒု တိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးရာတွင် ရှင်းလင်းပြခဲ့ခြင်းဖြစ်သည်။

Read More »

သတင်းမီဒီယာ၊ လွတ်လပ်ခွင့်နှင့် တန်ဖိုးကို Global Media Forum တွင် အဓိကထား ဆွေးနွေးမည်

မေသင်္ကြန်ဟိန်(မြစ်မခ) ဂျာမနီနိုင်ငံ၊ ဘွန်းမြို့မှာ အခြေစိုက် Deutshche Welle က ပြုလုပ်လျက်ရှိသော Global Media Forum တွင် သတင်းမီဒီယာ၊ လွတ်လပ်ခွင့်နှင့် တန်ဖိုးကို အဓိကထားဆွေးနွေးကြမည်ဖြစ်ကြောင်း Deutshche Welle ၏ Director General ဖြစ်သူ Peter Limbourg က ပြောဆိုလိုက်သည်။ အဆိုပါ ဖိုရမ်တွင် ဥရောပနိုင်ငံများသာမက အာရှနိုင်ငံများက နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ဂျာနယ်လစ်ပေါင်း ၂၀၀၀ ကျော်ကို ဖိတ်ကြားပြီး ဘွန်းမြို့တွင် ဇွန်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ Global Media Forum ပြုလုပ်နေခြင်း ဖြစ်သည်။ `ကျွန်တော်တို့ရဲ့ Deutshche Welleအနေနဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ …

Read More »

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ ချစ်ကြည်ရေး တည်ဆောက်ရန် လန်ဒန်မြို့တော်ဝန် မြန်မာနိုင်ငံသို့လာမည်

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ ချစ်ကြည်ရေးတည်ဆောက်ရန်၊ ဒေသဆိုင်ရာမိတ်ဖက်နှင့် လန်ဒန်မြို့တော်တို့ကြား ဆက်ဆံရေးခိုင်မာလာစေရန် ဖေဖော်ဝါရီ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဂုဏ်ထူးဆောင် လန်ဒန်မြို့တော်ဝန် အယ်လဒါမယ်(န်) အယ်လယ်(န်) ယဲရိုးမှ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ “လန်ဒန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ မြန်မာနိုင်ငံကို သွားရောက်တဲ့ ကျွန်တော့်ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်းနှင့်စိတ်လှုပ်ရှားစရာကောင်းလှတဲ့ နိုင်ငံမှာ ဗြိတိသျှ ကုမ္ပဏီတွေအတွက်ရှိနေတဲ့ အခွင့်အလမ်းတွေကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ရတော့မယ်လို့ မျှော်လင့်မိပါတယ်။” ဟု လန်ဒန် မြို့တော်ဝန် အယ်လဒါမယ်(န်) အယ်လယ်(န်) ယဲရိုးမှ မြန်မာနိုင်ငံသို့ မလာရောက်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

Read More »

အရှေ့တောင်အာရှ porn ၀ဘ်ဆိုဒ် ၀င်ကြည့်နှုန်း၌ မြန်မာဒုတိယလိုက်

  မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ၌ ညစ်ညမ်းဝဘ်ဆိုဒ် ၀င်ရောက်ကြည့်ရှုမှု အများဆုံးနိုင်ငံဖြစ်ကြောင်း အွန်လိုင်းဗွီဒီယိုကုမ္ပဏီ၏ ၂၀၁၄ခုနှစ် သုတေသန မှတ်တမ်းများအရ သိရှိရကြောင်း ဒီဇင်ဘာ (၁၈)ရက်နေ့ ထုတ်  The Starသတင်းစာ၌ ဖော်ပြပါရှိသည်။ Porn hub အွန်လိုင်းဗီဒီယိုကုမ္ပဏီက ထုတ်ပြန်သော စစ်တမ်းတွင် အဆိုပါ ညစ်ညမ်းဝဘ်ဆိုဒ်များ ၀င်ရောက် ကြည့်ရှုရန် ပျမ်းမျှကြာချိန်ကို တွက်ချက်၍ အဆင့်ခွဲခြားသတ်မှတ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဌ Corey Price ကမလေးရှားသတင်းဌာန  The Starသို့ ပြောကြားထားသည်။

Read More »

တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့ (၁)ကုဗမီတာလျှင် တစ်ယွမ်အရှုံးပေါ်ဟုဆို

တရုတ်-အမျိုးသားရေနံကော်ပိုရေးရှင်း CNPC နှင့် မြန်မာတို့ အကျိုးတူပူပေါင်းဆောင်ရွက်ပြီး စီးပွားရေး အကျိုး အမြတ်ရှိသော တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ အမေရိကန်ဒေါ်လာ သန်း(၂၈၀) အရှုံး ပေါ်နေ ကြောင်း CNPC ၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ၇၉၃ ကီလိုမီတာ အရှည်ရှိသည့်  သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စတင်ပို့လွှတ်နိုင်ခဲ့သော်လည်း ပမာဏအပြည့်အ၀ အသုံးမချနိုင်သေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Read More »