Saturday , December 2 2017
Home / သတင်း / ကျန်းမာရေးသတင်း (page 5)

ကျန်းမာရေးသတင်း

လပွတ္တာတွင် တစ်ပါတ်လျှင် (၂)ရက်နှုန်းဖြင့် ခြင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

ကြယ်စင်လင်း(မြစ်မခ) လပွတ္တာ၊ ဇွန် ၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မိုးတွင်းကာလ ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် ရပ်ကွက် များတွင် ဇွန် ၅ ရက်မှ စတင်၍ တစ်ပါတ်လျှင်(၂)ရက်နှုန်းဖြင့် ခြင်အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လပွတ္တာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သိရှိရသည်။ အဆိုပါကာကွယ်ရေးလုပ်ငန်းများကို လပွတ္တာမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရပ်ကွက်(၁၀)ခုတွင် ပိုးလောက်လန်းနှိမ်နင်းရေး၊ ခြင်ဆေးဖျန်းခြင်းများကို အခမဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

မိုးမိတ်မြို့တွင် ဖွင့်လှစ်ထားသော မက်သဒုံး စင်တာတွင် မက်သဒုံးဆေးရည် မရရှိသေး

နောင် (မြစ်မခ) မိုးမိတ်၊ မေ (၉) ရက်။ ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့တွင် ဖွင့်လှစ်ထားသော မက်သဒုံးဆေးရည်ဖြင့် အစားထိုး ဆေးကုသ စင်တာတွင် မက်သဒုံးဆေးရည် မရရှိသေးခြင်းကြောင့် ဇွန်လမှသာ မက်သဒုံးဆေးရည်ဖြင့် ဆေးကုသမှု စတင်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ မိုးမိတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးရောဂါကုသရေး နှင့် သုတေသနဌာနတို့ခွင့်ပြုချက်ဖြင့် ၂၀၁၇ ခုနှစ် မေလ ပထမပါတ်က စတင်ဖွင့်လှစ်ပေးထားသော မက်သဒုံးစင်တာမှာ ဆေးရည်ရရှိမည့် ဇွန်လအတွင်းမှသာ ကုသမှုပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read More »

ပြည်မြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

သီဟလွင် (မြစ်မခ) ပြည်၊ မေ(၈)ရက်။ မေလ(၈) ရက်တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ပြည်မြို့နယ်ရှိ ကြက်ခြေနီအသင်းမှ ဦးဆောင်၍  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူနန့်ကနေ စတင်ပေါက်ဖွားလာခဲ့တဲ့ လူမှုကရုဏာလုပ်ငန်းဖြစ်တဲ့ ရှေးဦးသူနာ ပြုစုခြင်း စိတ်ဓါတ်နှင့် အတတ်ပညာဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ပြီး သူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၈ ရက်နေ့ကို  ကမ္ဘာ့ကြက်ခြေနီနေ့လို့ သတ်မှတ်ပြီး တစ်မ္ဘာလုံးမှာ အထိမ်းအမှတ် အခမ်းနားတွေကို တစ်ပြိုင်နက်တည်း ကျင်းပကြခြင်းဖြစ်ပါတယ်။” ဟု အဆိုပါ အခမ်းနားတွင် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောသည်။

Read More »

သထုံမြို့နယ် FDA မှ သိမ်းဆည်းရမိထားသော အစားအသောက်နှင့် ဆေးဝါး သိန်း(၁၀၀)ကျော်ဖိုးကို မီးရှို့ ဖျက်စီး

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဧပြီ (၂၈) ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိမ်းဆည်းရမိထားသော ကျပ်သိန်း(၁၁၀)ကျော် တန်ဖိုးရှိ အစားအသောက်နှင့် ဆေးဝါးများကို သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်း၌ ဧပြီ ၂၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

Read More »

တနင်္သာရီတိုင်းတွင် ငါးနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု တစ်ဝက်ကျော် လျော့ကျလာ

  သီဟ (မြစ်မခ) ထားဝယ်၊ မတ်(၂၀)ရက်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ အရေအတွက်မှာ ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကြောင့် (၅) နှစ်တာ ကာလအတွင်း တစ်ဝက်ကျော်လျော့ကျလာကြောင်း တိုင်းဒေသကြီး ငှက်ဖျား ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ သိရှိရသည်။ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ဖြစ်ပွားသူအရေအတွက် နှစ်သောင်းခွဲခန့် ရှိခဲ့ရာ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားသူဦးရေ တစ်သောင်းကျော်သာရှိတော့ကြောင်းနှင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် စာရင်းမှာ ကောက်ယူဆဲဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူ ဒေါက်တာ ဇေယျာကျော်ထံမှ သိရသည်။

Read More »