Thursday , November 30 2017
Home / သတင်း / ကျန်းမာရေးသတင်း (page 4)

ကျန်းမာရေးသတင်း

မွန်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေး လူငယ်အသင်းအဖွဲ့များကို အမြန် ဆုံးဖွဲ့စည်းသွားမည်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဇွန် ၂၉ ရက်။ မွန်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးတွင် လူငယ်များကိုအခြေခံသော မူးယစ်ဆေးဝါးဆန့်ကျင်ရေး လူငယ်အ သင်းအဖွဲ့များကို အမြန်ဆုံးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။ “မူယစ်ဆေးဝါးက အားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တယ်။ မူးယစ်ဆေးဝါးကျယ်ပြန့်သွားရင် တစ်မျိုးသားလုံး လူ ညွန့်တုံးမယ်။ ဒါကြောင့် လူငယ်တွေကိစ္စကို လူငယ်တွေနဲ့ပြန်ပြီး စည်းရုံး၊ လူငယ်တွေအချင်းချင်း ပြန်ထိန်း ကြောင်းရမယ်။ ဒါကြောင့် မြို့နယ်တိုင်းမှာ လူငယ်တွေအခြေခံတဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လူငယ်အသင်း အဖွဲ့တွေ အမြန်ဆုံးဖွဲ့စည်းသွားမယ်”ဟု မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးကပြောသည်။

Read More »

ရန်ကုန်နှင့် မန္တလေးတို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ အပြုအမူဆိုင်ရာများကို စစ်တမ်းကောက်ယူမည်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဇွန် ၂၉ ရက်။ ၂၀၁၇ ခုနှစ် အကုန်တွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသ(၅)ခုခန့်၌ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ အပြုအမူဆိုင်ရာများကို သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ မန္တလေးတွင် မူးယစ်ဆေးဝါးသုံးစွဲသူ(၁၂၀၀)ဝန်းကျင်ကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် တိုင်းဆရာဝန်ကြီး ဒေါက်တာသန်းဝင်း က ပြောသည်။

Read More »

ဝေးလံခေါင်သီဒေသများရှိ သန္ဓေတားဆေးအမှန်တကယ်လိုအပ်နေသည့် အမျိုးသမီးများထံ တားဆေး ရောက်ရှိရန် ဒေါ်လာတစ်သန်းကျော်အသုံးပြုမည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၂၈ ရက်။ မြန်မာနိုင်ငံအတွင်း ဝေးလံခေါင်သီသော ဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသည့် သန္ဓေ တားဆေး အမှန်တကယ်လိုအပ်နေသော အမျိုးသမီးများအတွက် တားဆေးရရှိနိုင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ဒေါ်လာတစ်သန်းကျော်အသုံးပြုသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA)မှ သိရှိရသည်။

Read More »

ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးကြောင့် (၉)ဦးသေဆုံး

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇွန် ၂၁ ရက်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ(၆၁၁)ဦးရှိနေပြီး (၉)ဦးသေဆုံးခဲ့ ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများတွင် ဇွန် ၁ ရက်မှ ၂၀ ရက်အထိ ကျေးလက်ဒေသတွင်ဖြစ်ပွားသူ(၄၅၁)ဦးအ နက် (၈)ဦးသေဆုံးခဲ့ပြီး မြို့ပြဒေသများတွင်(၁၆၀)ဦးဖြစ်ပွားခဲ့ကာ (၁)ဦးသေဆုံးခဲ့သဖြင့် ကျေးလက်ဒေသတွင် ဖြစ်ပွားမှုနှင့်သေဆုံးမှု ပိုမိုများပြားနေကြောင်း ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်း များအရ သိရသည်။

Read More »

ပဲခူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း ယမန်နှစ်ထက်မြင့်တက်လာ

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဇွန် ၉ ရက်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၌ ၂၀၁၇ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၂၀၁၆ ခုနှစ်ကထက် ပိုမိုမြင့်တက်လာကြောင်း ပဲခူးမြို့နယ်၊ ငှက်ဖျားရောဂါကာကွယ်ကုသရေးဌာနမှ သိရှိရသည်။ ပဲခူးမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ(၄၀)တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသဖြင့် ဆေးရုံတက်ရောက်ကုသ ခဲ့ရသူမှာ ၂၀၁၆ ခုနှစ်တွင် လူနာ(၁၇)ဦးသာရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဇွန် ၈ ရက်အထိ (၁၂၄)ဦး အထိရှိလာ ကြောင်း သိရသည်။

Read More »