Monday , November 27 2017
Home / သတင်း / ကျန်းမာရေးသတင်း (page 30)

ကျန်းမာရေးသတင်း

အရိုးပွခြင်းကြောင့် အောက်ပိုင်း သေသည့်အဆင့်သို့ ရောက်ရှိနိုင်

အသက်(၅၀)ကျော် အမျိုးသမီးများအနေဖြင့် သွေးဆုံးချိန်တွင် ဟော်မုန်းဓါတ်လျော့နည်းကာ အရိုးပွရောဂါအဖြစ်များတတ်ကြောင်း သိရသည်။ အရိုးပါးရောဂါ ဖြစ်ပွားပါက နောက်ဆက်တွဲရောဂါအဖြစ် အောက်ပိုင်းသေသည်အထိ ဖြစ်နိုင်သောကြောင့် အထူးဂရုစိုက်ကာကွယ်သင့်ကြောင်း ဆရာဝန်များထံမှ သိရှိရသည်။     အရိုးပါးရောဂါ(ခေါ်)အရိုးပွရောဂါသည် အသက်အရွယ်ကြီးမြင့်သူများတွင် အဖြစ်များကာ အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အမျိုးသမီးများ သွေးဆုံးချိန်၌ ဟော်မုန်းလျော့နည်းကာ အရိုးမှ ကယ်လစီယမ် လျော့နည်းသွားပြီး အရိုးကျိုးလွယ်သည်အဖြစ်သို့ ရောက်ရှိလာကြောင်းကိုလည်း သိရသည်။

Read More »

ခရမ်းလွန်ရောင်ခြည်မြင့်မားနေခြင်းက စိုးရိမ်ဖွယ်အခြေအနေဟု ဦးထွန်းလွင်ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံအချို့ဒေသများတွင် ခရမ်းလွန်ရောင်ခြည်မှာ သတ်မှတ်ထား သည့် အဆင့်ထက် ပိုမိုမြင့်မားစွာပါဝင်နေခြင်းကြောင်း ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောသည်။ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င်ဧရာဝတီတိုင်း ၊ ၊ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်များ၌ ရာသီဥတုတွင် တိုင်းတာချက်အရ ခရမ်းလွန်ရောင်ခြည် အညွန်း ကိန်း (၉)အထိ မြင့်နေသည်ဟု ဦးထွန်းလွင်က ပြောသည်။

Read More »

တဒင်္ဂစိတ်ဖြေရာ ( သို့ ) မက်ကလောင်စွမ်း

ကောင်းကင်ကြီးတစ်ခုလုံးတွင် မြူအုံ့ဆိုင်းကာ မိုးတဖွဲဖွဲ ကျနေသည့် တစ်မနက်ခင်း…။ အိမ်တစ်အိမ်မှ အဘွားအိုနှင့် အသက် (၄၀) ဝန်းကျင်ခန့် လူလတ်ပိုင်းတစ်ဦး အပြန်အလှန်အော်ဟစ်သံများ ထွက် ပေါ်နေသည်။ ကချင်ပြည်နယ်တွင် ဆိုးဝါးနေသည့် နိုင်ငံရေးအခြေအနေ၊ အေးချမ်းနေသည့် ရာသီဥတု အခြေ အနေဖြင့် မြစ်ကြီးနားမြို့တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်မှုများကြားမှ ထိုအော်သံများ ထွက်ပေါ် နေခြင်းဖြစ်သည်။

Read More »

ဟော်မုန်းရောဂါနှင့်ပတ်သက်၍ မြောက်ဥက္ကလာဆေးရုံ၌ တက်ရောက်ကုသနိုင်

ဟော်မုန်းသည် ခန္ဓာကိုယ်တစ်ခုလုံးနှင့် သက်ဆိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများ၊ ကိုယ်တွင်း ကလီစာတို့၏ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ထားခြင်းကြောင့် ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် ဟော်မုန်းနှင့်သက်ဆိုင်သော ရောဂါများဖြစ်ပွားနိုင်ကြောင်းပညာရှင်များထံက သိရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဟော်မုန်းရောဂါများအထူးကုဌာန၌ လက်ရှိတွင် တက် ရောက်ကုသသူ(၃၀)၀န်းကျင်ရှိပြီး လူ့ခန္ဓာကိုယ်မှ ဟော်မုန်းမမှန်ကန်မူကြောင့် ဖြစ်ပွားတတ် သောရောဂါများအား ကုသနိုင်ရန်အတွက် ရန်ကုန်၊မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဟော်မုန်း ရောဂါများအထူးကုဌာနကို ဖွင့်လှစ်ခဲ့သည်။

Read More »