Monday , December 18 2017
Home / သတင်း / ကျန်းမာရေးသတင်း (page 29)

ကျန်းမာရေးသတင်း

ဓါတုပစ္စည်းသုံး အသီးအရွက်များ စားသုံးပါက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်

ဓါတုဗေဒပစ္စည်း အသုံးပြုထားသည့် အသီးအရွက်များအား စားသုံးမိပါကအစာအဆိပ်သင့်ခြင်း ၊ဟော်မုန်းရောဂါနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရှိရသည်။ “အသီးအရွက်တွေမှာက ပိုးသတ်ဆေးတွေမကုန်ဘဲ ကပ်ပါလာနိုင်သေးတယ်လေ၊ ပြီးတော့ရောင်းပန်း လှအောင် ဆိုပြီး ဓါတုဆေးသုံးတဲ့သူတွေလည်း ရှိလာတယ်၊ဘာပဲဖြစ်ဖြစ် ကိုယ်က စားတဲ့ အခါမှာ အထူး ဂရုစိုက်သင့်တယ်”ဟု အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ၀င်းဝင်းမြင့်ကဆိုသည်။

Read More »

ဆေးယဉ်ပါး တီဘီ ရောဂါ အကန့်အသတ်ဖြင့်သာ ကုသနိုင်

မြန်မာနိုင်ငံတွင် တီဘီ ရောဂါ ပထမဆုံးဖြစ်ပွားမှုမှာ တစ်နှစ်ထက် တစ်နှစ်ပိုများလာခြင်းကြောင့် လူနာများအား အရေအတွက်အကန့်အသက်ဖြင့်သာ ကုသပေးလျက်ရှိသည်ဟု တီဘီ ဌာနမှ ဆရာဝန်တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် တီဘီ ရောဂါဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်လျှင် သုံးထောင်မှ သုံးသောင်းခန့်အထိ တိုးလာပြီး တီဘီ ဌာန အနေဖြင့် ရန်ကုန်မြို့ရှိ တီဘီ ရောဂါခံစားနေရသည့်သူများကို လက်ခံကုသပေးနိုင်မှုနှုန်းမှာ တစ်နှစ်လျှင် (၇၀၀) ဦးရေမှ (၈၀၀)ခန့်အထိ နှင့် မန္တလေးမြို့တွင် (၈၀)ဦးရေမှ(၁၀၀)၀န်းကျင်အထိသာ ကုသနိုင်သည် ဟု အဆိုပါ ဆရာဝန်က ဆက်ပြောသည်။

Read More »

စားသောက်ကုန်လုံခြုံမှု စံချိန်စံညွှန်းနည်းပညာပေးရေးကော်မတီ ဖွဲ့စည်းမည်

ပြည်သူများအနေဖြင့်စားသောက်ကုန်များအား လုံခြုံစိတ်ချစွာ စားသုံးနိုင်စေရန်ရည်ရွယ်၍ စားသောက်ကုန်လုံခြုံမှု စံချိန်စံညွှန်းနည်း ပညာပေးရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ကော်မတီကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဆောင်ကာ ရေထွက်ပစ္စည်းနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) အစရှိသည့် အသင်းအဖွဲ့များ စီးပွားရေးနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။  

Read More »

တိုက်ကွန်ဒို/၀ူရှုးကစားခြင်းဖြင့် သွေးလည်ပတ်မှုကောင်း၍ နှလုံးရောဂါမှ ကာကွယ်နိုင်

တိုက်ကွန်ဒို ကစားခြင်းကြောင့် နှလုံးရောဂါနှင့် သွေးကင်ရောဂါများမှ ကာကွယ်နိုင်ခြင်းကြောင့် လူကြီး ၊ လူငယ်မရွေး ကစားသင့်ကြောင်း တိုက်ကွန်ဒိုနည်းပြချုပ် ဦးကျော်သန်းဦးက ဆိုသည်။ “တိုက်ကွန်ဒိုကစားခြင်းက၊ ကျန်းမာပျော်ရွှင်ပြီး နှလုံးရောဂါနဲ့သွေးကင်ဆာရောဂါကို ကာကွယ်နိုင်တယ်” ဟု တိုင်ကွန်ဒိုနည်းပြချုပ် ဦးကျော်သန်းဦးက ပြောသည်။ တိုက်ကွန်ဒိုကစားခြင်းသည် ကျန်းမာရေးနှင့်ညီညွှတ်၍ ကိုယ်ခံအားကောင်းစေပြီး အမောလုံခြင်း ၊ အဆုတ် အားကောင်းခြင်း နှင့် သွေးကင်ဆာရောဂါကို ကာကွယ်ခြင်းများ ဖြစ်ပေါ်စေကြောင်း၎င်းက ဆက်ပြောသည်။

Read More »

ရွှေဘိုအရက်ချက်စက်ရုံမှ ရေဆိုး၊အနံ့ဆိုးကြောင့် ရွာခံများဝမ်းပျက်၍ အရေပြားရောဂါများဖြစ်ပေါ်နေ

ရွှေဘိုမြို့အ၀င် တောင်ဘက်ရှိ ရွှေဘုရင်မ ဘီအီးအရက်ချက်စက်ရုံမှာဝက်လက်မြို့နယ်၊ ယင်းတော၊ စင်းတ၀ဲ၊ စဥ့်ပါရွာများရှိဒေသခံရွာသူရွာသားများ အသုံးပြုလျက်ရှိသော ချောင်းများအတွင်းသို့စွန့်ပစ်ရေဆိုးနှင့် စွန့်ပစ် ပစ္စည်းများ စွန့်ထုတ်နေခဲ့သည့်အတွက်သောက်ရေသုံး ရေညစ်ညမ်းမှု၊ အနံ့ဆိုးရွားမှုများ ကြုံတွေ့နေရသည့် အတွက်သက်ဆိုင်ရာသို့ ကျေးရွာသုံးရွာမှ ရွာသူရွာသားများက တင်ပြကြသော်လည်း ထူခြားမှုမရှိသေးကြောင်း ဒေသခံတို့က ဆိုသည်။ “ကျွန်တော်တို့လည်း သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပေးတယ်။အရင်ရှစ်နှစ်ကတည်းက ဆက်တင်ခဲ့တာ တွေက ၊ မထူးခြားခဲ့ဘူး၊ဘုရင်မစက်ရုံဆိုတော့ ဒီဘက်မှာတော့ ဘုရင်ပဲ ဘာမှဂရုမစိုက်ဘူးတိုင်ချင်ရာတိုင်လို့ ပြောတယ်၊ ပြည်ထောင်စုဝန်ကြီးကိုဒီကိစ္စနှင့်ပတ်သက်ပြီး အသနားခံစာတင်လိုက်တာ ၀န်ကြိးက သက်ဆိုင်ရာ ဌာနတွေကို ၂၀၁၃ခုနှစ် ဇန်န၀ါရီ (၂၄)ရက်နေ့ကညွှန်ကြားစာထုတ်ပြီးဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့လာမစစ်သေးပါဘူး” ဟု အနံ့ဆိုးဒဏ်ကို နှစ်စဉ်ခံစားနေရသည့် စဉ့်တ၀ဲကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးညဏ်အေးက ပြောသည်။

Read More »