Sunday , December 3 2017
Home / သတင်း / ကျန်းမာရေးသတင်း (page 20)

ကျန်းမာရေးသတင်း

HIV ပျောက်ကင်းစေရန် အာမခံသည့်ကြော်ငြာများ အရေးယူပေးပါ

စောခ(မြစ်မခ)   လိင်အပျော်အပါးများပြားသည့်နေရာများတွင် HIV ဖြင့်နေထိုင်သူများအပေါ် ပစ်မှတ်ထားကာ စီးပွားရှာသည့် အနေဖြင့် “HIV ပျောက်ကင်းစေရန် အာမခံသည်”ဟူသော ကြော်ငြာစာရွက်များ များပြားလာခြင်းကြောင့် သက် ဆိုင်ရာ အစိုးရဌာနများမှ အရေးယူသင့်သည်ဟု  HIV/AIDS အရေးဆောင်ရွက်နေသူများထံမှ သိရှိရသည်။ HIV/AIDS ပျောက်ကင်းသည်ဟုဆိုကာ လူသိမခံဝံ့သောသူများ၊ HIV ရှိနေသည့် ငွေကြေးချမ်းသာသူများအား အဓိကထား ဆွဲဆောင်နေသော အဖွဲ့အစည်းများ ပပျောက်စေရန် ဆောင်ရွက်သင့်ကြောင်း HIV/AIDS အရေး ကိစ္စဆောင်ရွက်နေသူများထံမှ သိရသည်။

Read More »

မကွေး၌  စားသုံးသူအန္တရာယ်ဖြစ်စေသော အစားအသောက်များ ရောင်းချခြင်းရှိ မရှိ ရှောင်တခင် စစ်ဆေး

နေခြည် (မြစ်မခ)   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် စားသုံးသူအန္တရာယ်ဖြစ်စေမည့် ဆိုးဆေး၊ တာရှည်ခံဆေး၊ ဓါတုပစ္စည်း များ အသုံးပြုထားသည့် စားသောက်ကုန်ရောင်းချမှု အခြေအနေများ စစ်ဆေးရန် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက ရှောင်တခင်စစ်ဆေးကြောင်း သိရှိရသည်။ မကွေးတိုင်းဒေသကြီးမှ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက မကွေးမြို့ ရန်ပယ်ဈေးကြီး တွင် ဇွန်လ (၁၈) ရက်က စစ်ဆေးခြင်းဖြစ်သည်။

Read More »

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများအား အခမဲ့ကုသမပေးပါက တိုင်ကြားနိုင်

ထက်မြက်- မန္တလေး(မြစ်မခ) မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ပြင်ပလူနာဌာနသို့ လာရောက်သောလူနာများအား အခမဲ့ကုသပေး လျက်ရှိပြီး ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်း ပြုလျှင်တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောသည်။ အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှုပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသော ဆေးများကိုလည်း တရားဝင်အသိပေးကြေငြာထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများကိုလည်း အရေးပေါ်အတွက် အခမဲ့ထိုးအပ် ပေးလျက်ရှိခြင်းနှင့် သက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ဓာတ်မှန်၊ ECG ဆွဲခြင်း၊ ဆီးချို၊ သွေးချိုစစ် ဆေးခြင်းများကို အခမဲ့ပေးအပ်ထားရှိခြင်းတို့ကို ပြုလုပ်ထားရှိရာ အဆိုပါကိစ္စုရပ်များကိုမသိရှိဘဲ ဆေးရုံ ၀န်ထမ်းများက ငွေကြေးတောင်းခံခြင်းများခံရနိုင်သောကြောင့် ယခုကဲ့သို့ ပြည်သူများသိရှိစေရန်ရည်ရွယ် ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

Read More »

တရုတ်မှ တရားမ၀င်တင်သွင်းသည့် အလှကုန် ၈၀ ရာခိုင်နှုန်း၌ ခဲဆိပ်ပါဝင်နေဟုဆို

ထက်မြတ်-မန္တလေး(မြစ်ခ) မန္တလေးမြို့သို့ တရုတ်နိုင်ငံမှ တရားမ၀င်လမ်းကြောင်းဖြင့် ၀င်ရောက်နေသည့် အလှကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းတွင် ခဲဆိပ်ပါဝင်နေကြောင်း မန္တလေးတိုင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန်ထုတ်လုပ်ရောင်းချသူ များအသင်း ဥက္ကဌဦးနေလင်းက ပြောကြားလိုက်သည်။ “ တရုတ်အလှကုန်ပစ္စည်း အများအပြားဝင်ရောက်နေပါတယ်။ ဈေးကွက်မှာ အတွေ့ရများတဲ့ ၁၀ မျိုးကို ဓာတ်ခွဲ ခန်းမှာ စစ်ဆေးထားရာမှာ ၈ မျိုးမှာ ခဲဆိပ်ဓာတ်တွေ့ရလို့ ၈၀ ရာခိုင်နှုန်းအထိခဲဆိပ်ပါနေတယ်လို့ ဆိုနိုင် ပါ တယ်။ ဆံပင်ဆိုးဆေး၊ နှုတ်ခမ်းနီတွေမှာ အများဆုံး တွေ့ရပါတယ်။ တရုတ်အလှကုန်တွေက တရားဝင်လမ်းကြောင်းကလာတာ နည်းတာကြောင့်ပါ ” ဟု ဦးနေလင်းက ပြောသည်။

Read More »

လောက်ကိုင်မှ စစ်ဘေးရှောင်လာသည့် ဒုက္ခသည်များ အအေးမိချောင်းဆိုး ရောဂါအဖြစ်များလျက်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ စစ်ဘေးရှောင်လာပြီး လားရှိုးမြို့တွင် လာရောက်နေထိုင်သည့် ဒုက္ခသည်များတွင် အအေးမိ၊ ချောင်းဆိုးရောဂါများအဖြစ်များလာကြောင်း သိရှိရသည်။ လားရှိုးမြို့တွင် စစ်ရှောင်ဒုက္ခသည်များအတွက် စခန်း ၄ ခုဖွင့်လှစ်ထားပြီး မန်ဆူဗမာကျောင်းနှင့် ရတနာ ဇေရုံကျောင်းတိုက်တွင် တိုင်းရင်းဆေးရာကြီး စောဘိုဘိုထွေးက ၂၄ နာရီ စောင့်ကြည့်ကုသနေပြီး အ.ထ.က (၁)လားရှိုးနှင့် မန်ဆူရှမ်းကျောင်းတို့ကို အမှတ်(၁၀) စစ်မြေပြင် ဆေးတပ်ရင်း(မ.ဆ.ရ)တို့က ကူညီကုသလျှက်ရှိကြောင်း သိရသည်။

Read More »