Friday , June 2 2017
Home / သတင်း / ကျန်းမာရေးသတင်း (page 2)

ကျန်းမာရေးသတင်း

ရှမ်းမြောက်ရှိ FDA ထောက်ခံချက်မပြည်စုံသည့် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချနေမှုများအား လုပ်ငန်းရပ်ဆိုင်းမည်

နောင် (မြစ်မခ) လားရှိုး၊ ဖေဖော်ဝါရီ (၁၆) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ FDA ထောက်ခံချက်မပြည်စုံသေးပဲ ကုန်ပစ္စည်းထုတ်လုပ် ရောင်းချနေမှု များအား သတ်မှတ်ကာလပြည့်သည်ထိ ဆောင်ရွက်မှု မရှိပါက လုပ်ငန်းရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။

Read More »

တိုင်းရင်းဆေးများတွင် ဓာတုပစ္စည်းနှင့် နိုင်ငံခြားဆေးများ ရောနှောထုတ်လုပ်မှုများရှိနေသဖြင့် ဥပဒေအရ စနစ်တကျတားဆီးရန်လို

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဖေဖော်ဝါရီ (၃) ရက်။ မြန်မာ့တိုင်းရင်းဆေးများတွင် ဓာတုပစ္စည်းနှင့် နိုင်ငံခြားဆေးများကို ရောနှောထုတ်လုပ်မှုများရှိနေသဖြင့် ဥပဒေ အရ စနစ်တကျတားဆီးရန်လိုအပ်ကြောင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရောင်းချသူများနှင့် တိုင်းရင်းဆေး သမားတော်များထံမှ သိရှိရသည်။

Read More »

မြို့မဆင်ဖြူတော် အမှုန့်မျိုးစုံလုပ်ငန်းမှ ရက်လွန်ငရုတ်သီးမှုန့်အထုပ်ပေါင်း (၂)သိန်းကျော် ပြန်လည်သိမ်းယူ

ယမုံ (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ(၂၃)ရက်။ မြို့မဆင်ဖြူတော်အမှုန့်မျိုးစုံလုပ်ငန်းမှ ပြည်တွင်းဈေးကွက် အတွင်းမှ ရက်လွန်ငရုတ်သီးမှုန့်အထုပ်ပေါင်း (၂) သိန်းကျော် ပြန်လည်သိမ်းယူခဲ့ကြောင်း အဆိုပါ ငရုတ်သီးမှုန့်ထုတ်လုပ်ဖြန့်ချီသည့် တော်ဝင်သူရိယကုမ္ပဏီမှ သိရှိရသည်။

Read More »

မန္တလေး တီဘီရောဂါအထူးကု ကုတင်(၂၀၀)ဆံ့ ဆေးရုံကြီးတွင် တီဘီရောဂါလာရောက်ကုသသူများ ယခင်နှစ်ထက် ပိုမိုများပြားလာ

မင်းခန့် (မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ (၇)ရက်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တီဘီရောဂါအထူးကု ကုတင်(၂၀၀)ဆံ့ ဆေးရုံကြီးတွင် တီဘီရောဂါကုသမှုခံယူသူများ ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာမိုးဇော်ထံမှ သိရှိရသည်။

Read More »

ဘားအံမြို့ပေါ်ရှိ ဈေး(၇)ဈေးအား ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ တားမြစ်ထားသည့် ငရုတ်သီးမှုန့်အထုတ် (၁၉၀၀)ကျော် စစ်ဆေးတွေ့ရှိ

မောင်မောင်ငြိမ်း (မြစ်မခ) ဘားအံ၊ ဒီဇင်ဘာ (၇)ရက်။ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေး(၇)ဈေးအား ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ နိုင်ငံတော်အစိုးရမှ  ကန့်သတ်တားမြစ်ထားသည့် ငရုတ်သီးမှုန့် အမျိုးအစား(၄)မျိုးမှ ငါးကျပ်သားအထုတ်(၁၉၁၈)ထုတ် စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရှိရသည်။  

Read More »