Monday , November 27 2017
Home / သတင်း / ကျန်းမာရေးသတင်း (page 10)

ကျန်းမာရေးသတင်း

ဒေါင့်သန်းရောဂါဖြင့် သေဆုံးသည့် အမဲသားစားသုံးမိရာမှ ဒေါင့်သန်းရောဂါပိုးကူးစက်ခံရမှုကြောင့် (၁)ဦး သေဆုံး (၈)ဦး ဆေးကုသမှုခံယူနေ

နန္ဒ(မြစ်မခ) မုံရွာ၊ဩဂုတ်(၃၁)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် ရွာသာကျေးရွာတွင် ဒေါင့်သန်းရောဂါဖြင့် သေ ဆုံးသည့် အမဲသားများစားသုံးမိရာမှ ဒေါင့်သန်းရောဂါပိုးကူးစက်ခံရသဖြင့် (၁)ဦးသေဆုံး၍ (၈)ဦး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။ အဆိုပါ နွားမှာ ကွမ်းအုံကျေးရွာအုပ်စု၊ ရွာသာကျေးရွာ အနောက်မြောက်ဘက်(၄)မိုင်ခန့်အကွာရှိ ဆပ်ခင်း တောတွင် ဩဂုတ်(၂၇)ရက်က သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမဲသားများကို ကွမ်းအုံကျေးရွာနှင့် ရွာသာ ကျေးရွာတို့မှ ဝယ်ယူစားသုံးခဲ့ခြင်းဖြစ်သည်။

Read More »

မွေးရာပါနားလေးရောဂါဖြစ်ပွားခြင်းရှိ၊ မရှိ ခရိုင်အဆင့် ဆေးရုံကြီးများတွင် မွေးကင်းစအရွယ်မှ စတင်ကာ စမ်းသပ်စစ်ဆေးပေးမည်

နွေဦးလင်း(မြစ်မခ) ရန်ကုန်၊ သြဂုတ် (၃၁) ရက်။ မွေးရာပါနားလေးရောဂါဖြစ်ပွားခြင်းရှိ၊ မရှိ ခရိုင်အဆင့်ဆေးရုံကြီးများတွင် မွေးကင်းစအရွယ်မှစတင်ကာ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်များက စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ကလေးများ နားလေးရောဂါဖြစ်နေသဖြင့် စကားမပြောနိုင်ခြင်းကို မိဘများက ကလေးများ သာမန်စကားပြော နောက်ကျသည်ဟု ထင်မှတ်ပြီး ပေါ့ဆနေလေ့ရှိကာ နားလေးရောဂါဖြစ်ပွားသည့်ကလေးများကို အသက်နှစ်နှစ် အောက်တွင်ကုသပေးခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မန္တလေး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန် ဒေါက်တာ ဝင်းထိုက်ကြည်ကပြောသည်။

Read More »

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လူဦးရေ (၄)သောင်းကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံပေးမည်

နောင် (မြစ်မခ) လားရှိုး၊ သြဂုတ် (၂၆) ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားနေသော နေရာဒေသများတွင် ကာကွယ်ဆေးထိုး နှံပေးခြင်းကို သြဂုတ် (၂၈) ရက်တွင် စတင်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လမှ စတင်ဖြစ်ပွားခဲ့သော ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် သြဂုတ် ၂၃ ရက်အထိစာရင်းအရ ဦးနှောက်ရောင်ရောဂါဟုသံသယရှိသူ(၄၆)ဦးရှိပြီး စစ်ဆေးချက်များအရ ဂျပန်ဦး နှောက်ရောင်ရောဂါပိုးတွေ့ရှိသူ(၁၉)ဦး၊ ဂျပန်ဦးနှောက်ရောင်ပိုးဖြင့်(၄)ဦးသေဆုံး၍ သံသယဖြင့်သေဆုံးသူ(၃) ဦး(ပိုးမတွေ့ရှိသော်လည်း ဦးနှောက်ရောင်ရောဂါဖြင့်သေဆုံးသည်ဟု သံသယရှိသူ)ရှိကြောင်း သိရသည်။

Read More »

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများထံမှ မြွေဆိပ်ဖြေဆေး၊ ဓာတ်မှန်၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်း ငွေကြေးတောင်းခံလျှင် အရေးယူမည်

ထက်မြတ် (မြစ်မခ) မန္တလေး၊ သြဂုတ် (၂၅) ရက်။ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာဌာနသို့ လာရောက်ကုသသည့် လူနာများအား မြွေဆိပ်ဖြေဆေး၊ ဓာတ်မှန်၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်းများ အခမဲ့ကုသ ပေးလျက်ရှိပြီး အဆိုပါ ဆေးကုသခြင်းအတွက် ငွေကြေး တစ်စုံတစ်ရာတောင်းခံကြောင်း လာရောက်အကြောင်းကြားလျှင် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါဆေးရုံ၏ ဆေးနှင့် လူမှုဆက်ဆံရေးဌာနမှ သိရှိရသည်။ အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှုများပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသောဆေးများကိုလည်း တရားဝင်အသိပေးကြေညာထားရှိပြီး မြွေဆိပ်ဖြေဆေးများကိုလည်း အရေးပေါ်အတွက် အခမဲ့ထိုးနှံပေးလျက်ရှိ သည့်အပြင် ဓာတ်မှန်၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်းများမှာလည်း အခမဲ့ဝန်ဆောင်မှုများဖြစ်ကြောင်း သိရသည်။

Read More »

ရှမ်းမြောက်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းလက်ကမ်းစာစောင် ဘာသာ(၆)မျိုးဖြင့် ဖြန့်ဝေ

နောင် (မြစ်မခ) လားရှိုး၊ သြဂုတ်(၂၄)ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းကို ဒေသတွင်းရှိ တိုင်းရင်း သားများပါသိရှိစေရန်အတွက် ဘာသာ(၆)မျိုးဖြင့်ဖော်ပြထားသည့် လက်ကမ်းစာစောင်များကို ပြည်နယ်ကျန်း မာရေးဦးစီးဌာနနှင့် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပူးပေါင်းဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »