Wednesday , October 12 2016
Home / သတင်း / ကျန်းမာရေးသတင်း

ကျန်းမာရေးသတင်း

မော်လမြိုင်မြို့ရှိ ဆေးဝါး လက်လီ လက္ကားအရောင်းဆိုင်(၁၃၀)ကျော်မှ အသုံးပြုရန်မသင့်သည့် ဆေးဝါးများ လာရောက်အပ်နှံ

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ အောက်တိုဘာ (၇)ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆေးဝါးလက်လီလက်ကားအရောင်းဆိုင်(၁၃၀)ကျော်မှ အသုံးပြုရန်မသင့်သည့် BPI ဆေးဝါး(၄၅)မျိုး၊ တန်ဖိုးငွေကျပ်(၁၂)သိန်းကျော်ကို အောက်တိုဘာ(၇) ရက်တွင် မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။ 

Read More »

ပလက်ဝမြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေး ကုသဌာန(၁)ခုကို ဖွင့်လှစ်ပေးရန် စီစဉ်နေ

photo for news no 21

ဝေဖြိုး(မြစ်မခ) နေပြည်တော် စတင်ဘာ (၂၀)ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြို့နယ်တိုင်းရင်း ဆေးကုဌာန(၁)ခုကို ဖွင့်လှစ်ပေးရန် ဆေးခန်း မြေနေရာ ခွင့်ပြုချက်ရရှိပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံအတည်ပြုချက်ရရှိရန် ဆောင်ရွက်ပြီး ရန်ပုံငွေ ထည့်သွင်း တောင်းခံ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင် စုဝန်ကြီး  ဒေါက်တာ မြင့်ထွေးကဆိုသသည်။

Read More »

ထိုင်းနှင့် ကိုရီးယားမှ တင်သွင်းသည့် အလှကုန်ပစ္စည်းအချို့တွင် ဓာတုပစ္စည်းများ လိုအပ်သည့် ပမာဏထက် ပိုမိုပါဝင်နေဟု FDA ထုတ်ပြန်

No 2

နွေဦးလင်း (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၂၀)ရက်။ ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှတင်သွင်းသည့် အလှကုန်ပစ္စည်းအချို့တွင် ဓာတုပစ္စည်းများ လိုအပ်သည့် ပမာဏထက် ပိုမိုပါဝင်နေခြင်းကြောင့် ပြည်သူများဝယ်ယူသုံးစွဲခြင်းမပြုရန်နှင့် ပြည်တွင်းဈေးကွက်တွင် တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က စက်တင်ဘာ ၁၉ ရက် တွင် အသိပေးထုတ်ပြန်ချက်အရ သိရှိရသည်။

Read More »

ဇီကာဗိုင်းရပ်စ်ကူးစက်မခံရအောင် မြန်မာကောင်စစ်ဝန်ရုံးမှ ပုံစံအမျိုမျိုးဖြင့် အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ပေးနေ

zika

ချမ်းငြိမ်း(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၈)ရက်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကူးစက်နေသည့် ဇီကာဗိုင်းရပ်စ်ပိုး မကူးစက်စေရေး  မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် လူမှုအဖွဲ့အစည်းများ အများဆုံး ဆုံတွေ့လေ့ရှိကြသည့် ဘုန်းကြီးကျောင်းများတွင် အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် သတိပေး ထုတ်ပြန်ချက်များကို နည်းမျိုးစုံနှင့် လုပ်ဆောင်နေကြောင်း ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးမှ သိရှိရသည်။

Read More »

ဒေါင့်သန်းရောဂါဖြင့် သေဆုံးသည်ဟု ယူဆရသော နွားများကို အမဲဖျက်သူ (၇)ဦးကူးစက်ခံနေရ

14269384_1672005843119511_1704351933_n

နန္ဒ (မြစ်မခ) မုံရွာ၊ စက်တင်ဘာ (၆)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာတွင် ဒေါင့်သန်းရောဂါဖြင့် သေဆုံးသည်ဟု ယူ ဆရသော နွားများကို အမဲဖျက်ကိုင်တွယ်ရာမှ လူ(၇)ဦး ရောဂါကူးစက်ခံနေရကြောင်း ဒေသခံရွာသားများထံမှ  သိရှိရသည်။ “ဖြစ်တာက လက်ချောင်းလေးတွေနဲ့ လက်ဖျံတွေမှာ ဖြစ်ကြတာပါ။ အမဲသားစားတဲ့လူတွေ ဖြစ်တာ မဟုတ်ဘူး၊ အမဲဖျက်ရာမှာ ကိုင်တဲ့သူတွေ ဖြစ်နေတာပါ။ အမဲသွေးနဲ့ထိလို့ ဖြစ်တာလို့ထင်တယ်။ အစက သွေးခြေဥသလို မဲမဲသေးသေးလေးပဲ။ တဖြည်းဖြည်းနဲ့ အညိုရောင်သန်းလာပြီး အနာကချဲ့လာတယ်။ အမဲဖျက်ပြီး ရက်(၂၀) လောက်ကြာတော့ စဖြစ်လာတယ်။ အခုမှ စဖြစ်တဲ့သူလည်း ရှိတယ်။” ဟု သုံးပန်လှစံပြကျေးရွာမှ ကူးစက်ခံ ရသူ ကိုမြင့်ဇော်ဝင်းက ပြောသည်။

Read More »