Sunday , May 28 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) (page 5)

Feature story ( သတင်းဆောင်းပါး)

စိန်ခေါ်မှုများပြားနေသေးသည့် မြန်မာ့အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များ

မြန်မာနိုင်ငံမှာ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် နိုင်ငံတော်အစိုးရက စီမံကိန်း တွေချထား ဆောင်ရွက်နေပေမယ့်  အသေးစားအလတ်စားလုပ်ငန်းတွေအနေနဲ့ စိန်ခေါ်မှုတွေ ရှိနေ သေးတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ ငွေကြေး အရင်းအနှီးအခက်အခဲက အများဆုံးတွေ့ကြုံနေရတာဖြစ်ပြီးတော့၊ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒများ မကြာခဏ ပြောင်းလဲခြင်းကလည်း အသေးစားလုပ်ငန်းနဲ့ အလတ်စား လုပ်ငန်းတွေကို ထိခိုက်စေပါတယ်လို့ အသေးစားအလတ်စားလုပ်ငန်းရှင်တွေက ပြောပါတယ်။

Read More »

သူတို့အတွက် …..တစ်နေရာစာ

အရောင်မှိန်မှိန် ဖယောင်းတိုင်မီးရောင်လေးများ၏ အလင်းရောင်မှာ ထရံပေါက်များကြားက အလင်းပြောက်များ အဖြစ် ထိုးထွက်နေသော တဲအိမ်ကလေးထဲတွင် အသက် ၁၄ နှစ်အရွယ် ပိန်လှီသော ခန္နာကိုယ်နှင့် မိန်ကလေး တစ်ဦး အဖျား ၁၀၄ ထိ မြင့်တက်နေ၍  ညည်းလျက်ရှိသည်။ သူမ၏ ခြောက်ကပ် အပ်ကွဲနေသော နှုတ်ခမ်းများမှ ညည်းသံမှာ စည်းချက်မှန်မှန်ထွက်ပေါ်လျက် တဲအိမ်ကလေးတွင် ပျံ့နှံ့နေသည်။ “ဒိုက်ဦးဆေးရုံမှာ သွေးလွန်တုတ်ကွေးထင်လို့ သွေးစစ်ခိုင်းရာက စသိတာ။ သိသိချင်း စိတ်လှုပ်ရှားခဲ့တယ်။ အဖေဆုံးတာ (၁၁) နှစ်။ အမေဆုံးတာ (၉) နှစ်ရှိပြီ။ သမီးမှာ HIV ပိုး ရှိနေတယ်ဆိုတာ သိတော့မှ သူတို့ ဒီရောဂါနဲ့ဆုံး သွားတယ်ဆိုတာ သိရတယ်။” ဟု …

Read More »

မြန်မာ့ကုန်စည် ကမ္ဘာပတ်နိုင်ရေး ကျန်ရှိသည့် အခက်အခဲများ

အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ အသက် ၆၀ ၀န်းကျင်အရွယ် ပို့ကုန်လုပ်ငန်းရှင် ဦးတင်မြင့်က တရုတ် နိုင်ငံကို ရေထွက် ကုန်တင်ပို့နေတဲ့ကုန်သည်ကြီးတစ်ဦးဖြစ်ပြီး၊ သူ့အနေနဲ့ ဇူလိုင်လကုန်ပိုင်းကကြား သိလိုက် ရတဲ့ EU က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ ကပို့ကုန်တွေအပေါ် ဘယ်လို အခွန်မျိုးမှ မကောက် ခံ၊ ဘယ်လို ကန့်သတ်ချက်မျိုးမှ မထားဘဲ ဥရောပဈေးကွက်ဆီ တင်သွင်းခွင့်ပြုလိုက် ပြီဆိုတဲ့ သတင်းကို ကြားစဉ်က ၀မ်းသာ ရင်ခုန်မိတယ်လို့ဆိုပါတယ်။ `အခွန်လျော့ပေါ့ခွင့်ပေးလိုက်တာက ကျွန်တော်တို့ ပစ္စည်းတွေကို ၀ယ်ယူ တင်သွင်းမဲ့ သူတွေအတွက် အားသာ ချက်တစ်ခု အခွင့်လမ်းတစ်ခုပါ ဖြစ်သလို့ ကျွန်တော်တို့လို့ တင်ပို့ရောင်းချနေတဲ့ သူတွေက အသုံးချပြီး နိုင်ငံကြီးရဲ့ …

Read More »

အမျိုးသားရေးစိတ်ဓါတ်နှင့် ငွေစက္ကူ

            ခဲသတ္တုပြားချပ်ကြီးကိုတူနဲ့စည်းချက်မှန်မှန်ထုနေသည့် အသံကိုနားဝင်ချိုသလို နားထောင်နေရင်း အသက် ၃၀ ကျော်အရွယ်ခန့် အမျိုးသားကဖျတ်ခနဲစောင်းကြည့်ကာ နှုတ်ခမ်းစေ့စေ့ပိတ်ပြီး ပြုံးသည်။ `ကျွန်တော်က နိုင်ငံခြားကိုသွားပြီး အလုပ်မလုပ်ချင်ဘူး၊ သူများနိုင်ငံမှာကျွန်ခံဖို့ စိတ်မ၀င်စားဖူး ကိုယ့်နိုင်ငံမှာပဲ ရရာအလုပ်လုပ်စားတော့မယ်၊အဲဒါကြောင့်ခဲတူးတဲ့ ဒီလုပ်ငန်းလုပ်နေတာ`ဟု သူကနှုတ်ခမ်းကိုစေ့စေ့ပိတ်ပြီး ဖြေသည်။

Read More »

နာဂစ်တစ္ဆေ အခြောက်ခံနေရသူများ

“မိုးဦးကျလာတာနဲ့ ရွာတိုင်းက ထိတ်လန့်နေကြတယ်။ လေနည်းနည်းတိုက်လာတာနဲ့ ဟိုပြေးရမလို ဒီပြေးရမလို ဖြစ်နေကြပြီ” လို့ ပြောလာသူက ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျုံဒါတ်အုပ်စု  တော်ကနိညောင်လိန်ကုန်းကျေးရွာက ဦးခင်ဝင်းဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံမှာ လူအသေအပျောက်နဲ့ အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သူ နာဂစ်ဒုက္ခသည်တဦးပါ။ မြစ်ဝကျွန်းပေါ်ဒေသတောင်ဘက်ဆုံးပိုင်း သံဒိပ်မြစ်ဝအနီးက ကပ္ပလီပင်လယ်နဲ့ဆို ၁ မိုင်လောက်ပဲ ဝေးတဲ့ မြေပြန့်တစ်နေရာမှာ ကျေးရွာလေးတစ်ရွာ တည်ရှိပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးရွာတွေထဲမှာ ဦးခင်ဝင်းတို့ရဲ့ညောင်လိန်ကုန်းကျေးရွာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Read More »