Sunday , May 28 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) (page 4)

Feature story ( သတင်းဆောင်းပါး)

အိမ်ရာမဲ့များ၏ နွေးထွေးစွာ နားခိုခွင့်အိပ်မက်

မြေပြင်ပေါ်မှာ ထိုးထိုးထောင်ထောင်ကျန်နေသေးတဲ့ ဓါးခုတ်ရာဗရပွနဲ့ ၀ါးလုံးတွေက နေရာအနှံ့မှာ ဖြန့်ခင်းထားသလို ကျဲပြန့် နေ ပါတယ်။ အဲဒီဝါးလုံးတိုင်တွေဟာ နဂိုတုန်းက အိမ်တိုင်တွေအဖြစ်နဲ့ မိသားစုတွေကို အထောက်အပံ့ ပြုခဲ့ဖူးတယ်လို့ သက်သေ ထူနေတဲ့ အိမ်မိုးဓနိတွေကလဲ ၀ါးလုံးတိုင်တွေရဲ့ ကြိုကြိုကြားကြားမှာ မြေခလို့။ အဲဒီမြင်ကွင်းတွေက လှိုင်သာယာတစ်ဖက်ကမ်း ပန်းလှိုင်တံတားအောက်ခြေက ဖျက်ဆီးခံခဲ့ရတဲ့ ကျူးကျော်အိမ်ရာတွေပါ။

Read More »

ဂုဏ်သရေရှိလူကြီးမင်းဆိုတဲ့ ဝေါဟာရကို ဘယ်ပေတံနဲ့တိုင်းတာလဲ

လူတွေသတ်မှတ်ခေါ်ဝေါ်သမုတ်နေကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများဆိုတဲ့ အခေါ်အဝေါ်ဟာ ဘာကိုဆိုလိုတာလဲ ဆိုတာ စာရေးသူကိုယ်တိုင် မသိသေးပါ။ ဒါပေမယ့်လူတွေခေါ်ဝေါ်သတ်မှတ်နေကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများ ဆိုပြီး ရှေ့တန်းတင်နေကြတဲ့လူတွေကို မြင်ရတွေ့ရတဲ့အခါ တခါတရံ ရယ်မိပြုံးမိတာ အမှန်ပါ။ စာရေးသူရဲ့ အတွေး အခေါ်ကပဲ ညံ့နေတာလား ခေါ်ဝေါ်သတ်မှတ်နေကြတဲ့ သူတွေကပဲ မှားနေတာလားဆိုတာကို သဲသဲကွဲကွဲ မသိပါဘူး။ မြင်တွေ့နေရတဲ့ စာရေးသူတို့ မျက်မှေက်ခေတ်မှာ ဖြစ်ပျက်နေ ကြတာတွေကတော့ ကောသလ္လ မင်းကြီးအိမ်မက် (၁၆)ချက်ထဲက တစ်ခုဖြစ်တဲ့ “ဘူးတောင်းတို့သည် ရေ၌နစ်ကုန်၏” နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာရာ ထူးစည်းစိမ်ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုးအာဏာကြီးမား ထင်ပေါ်၊ အရာရာမှာတွင်တွင်ကျယ်ကျယ် ၄င်းတို့ စကားသာလျှင် …

Read More »

နောင်ပိန်နောင်ဒေသသို့ ခရီးတစ်ခေါက်

တောင်တန်းထိပ်တွင် လှပစွာရပ်ပတ်နေသည့်တိမ်လိပ်တို့နှင့် မြူနှင်းမှိုင်းပြပြတောတောင်ရိပ်တို့ကြား အကွေ့ အကောက် များစွာရှိသည့် တောင်တက်ကားလမ်းမှနေ၍ ခပ်ပြပြမြင်နေရသည့် ဂုတ်ထိပ်တံတားဖြူဖြူလေးက ရှမ်းပြည်မြောက်ပိုင်း၏ အလှကို ပုံဖော်ထားသည်။ မန္တလေးတိုင်းဒေသကြီးမှ ပြင်ဦးလွင်၊ထိုမှတဆင့် မြိုင်ကြီး နောက် ရှမ်းပြည်နယ်မြောက်ပိုင်း ၀င်ပေါက်မြို့ဖြစ်သည့် ၀က်ဝံ ကျေးရွာ၊ ဘန့်ဘွေးကျေးရွာ အုန်းမ္မသီး၊အုမ္မခါးနှင့် ကျောက်ကြမ်းရွာကို ကျော်လွန်တော့် ရှမ်းပြည်မြောက်ပိုင်းဟု ထင်သာ မြင်သာရှိစေသည့် နောင်ချိုမြို့လေးသို့ရောက်သည်။

Read More »

ပြိုင်တူတွန်းမှ ဒီမိုကရေစီလမ်းမပေါ် ရောက်ရှိမည်

ကျွန်မတို့ဖြတ်သန်းခဲ့သော ၂၀၁၃ သည်အလွန်တိုတောင်းစွာပင် ကုန်ဆုံးခဲ့ပြီ ဖြစ်ပါ၏။ ၂၀၁၃ တွင် အကောင်းမြင် စိတ်ရှိသူတွေရော အဆိုးမြင်စိတ်ရှိသူတွေကပါ ဖြတ်သန်းခဲ့ရပြီ။ အမြင်ကျဉ်းမြောင်းသဖြင့် အဆိုးမြင်တတ်ခြင်းဖြစ်သည်ဟု ပညာရှင်တို့ကဆိုခဲ့ကြသည်။ အဆိုးမြင်လွန်း အားကြီးပါက စိတ်ဒဏ်ရာပင် ရလာလေ့ရှိပါ၏။ ပျော်ရွှင်ဖွယ်ရာကောင်းသော လူ့သဘာဝကို ဖန်တီးလိုပါက အကောင်းမြင် တတ်ကြဖို့လိုပါသည်။

Read More »

မလေးရှားနိုင်ငံလွှတ်တော်ကိုယ်စားလှယ် Mr Lee Chan Chung နှင့် တွေ့ဆုံမေးမြန်းခန်း

လူငယ်ဆန်တဲ့ ပုံသဏ္ဍန်မျိုးနဲ့ တစ်ချိန်လုံး laptop တစ်လုံးနဲ့ အလုပ်များတဲ့ မလေးရှားနိုင်ငံသားကို မြင်မြင်ခြင်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လို့ ထင်မှတ်မထားမိပါဘူး။ အင်္ကျီအဖြူပေါ်မှာ အမည်းရောင်ကုတ်အကျီာင်္ကိုအတွဲဝတ်ထားပြီးး စကားကို တစ်ခွန်းခြင်း ပီပီသသ ပြောဆိုနေတဲ့ မလေးရှားနိုင်ငံ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ Mr Lee Chan Chung ရဲ့ မျက်မှန်ထဲကနေ မြင်နေရတဲ့ မျက်လုံးတွေကတော့ အရာရာကို လေးလေးနက်နက်စဉ်းစားတတ်သူတွေရဲ့ မျက်လုံးမျိုးတွေပါပဲ။

Read More »