Monday , September 25 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) (page 3)

Feature story ( သတင်းဆောင်းပါး)

မတရားမှုတွေ ကျေလည်အောင် လုပ်ပေးကြပါဆိုတဲ့ ABSDF ကျောင်းသားမိဘများ

ဂွမ်းကပ်အပါးသားမီးခိုးရောင်နဲ့ မလိုက်ဖက်လှတဲ့ ပုဆိုးညိုဝါရောင်ကို တွဲဝတ်ထားတဲ့ အသက် ၇၀ကျော်အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ရှေ့ခန်း က သစ်သားဆက်တီအဟောင်းလေးမှာထိုင်ရင်း နေ့စဉ် သူအသက်ရှည်ဖို့ ဆုတောင်းနေခဲ့ကြောင်း ပြောသည်။ သူ အသက်ရှည်လိုခြင်းရဲ့ တစ်ခုတည်းသော အချက်က သူ့ရဲ့သမီးဖြစ်သူကို မတရားစွပ်စွဲပြီး ညှင်းပန်းနှိပ်စက် အသတ်ခံ လိုက်ရတဲ့ ဖြစ်ရပ်ကို ဥပဒေကြောင်းအရ တုန့်ပြန်လိုခြင်းသာဖြစ်ကြောင်း သူက ပြောသည်။

Read More »

မီးလျှံများကြားမှ ဆုတောင်းခြင်း

အလျှံတညီးညီးတောက်နေသော ပြင်းထန်လှသည့် မီးလျှုံကြီးအတွင်းသို့ ခြေဗလာနှင့် လူငယ်တစ်ဦး ကခုန်မြူးတူးလျက်ရှိသည်။ ထိုအလျှံတညီးညီးမီးလျှံများအတွင်းသို့ ခြေဗလာနှင့် ၀င်ရောက်နေသူများမှာ သူတစ်ယောက်တည်း မဟုတ်၊ လူပေါင်း ရာချီပြီး တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်နေကြခြင်းဖြစ်သည်။

Read More »

ပျူဟာ ဗမာလား ၊ ထားဝယ်လား

ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ပျူတွေ ဘယ်ရောက်သွားလဲ စာအုပ်ထဲမှာ ပျူတွေဘယ်ရောက်သွားလဲလို့ မေးရင် “ငါဒီမှာဟေ့ လို့ အော်လိုက်ချင်တာပဲ” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဆရာကြီးဟာ အင်မတန် ပညာရှင်ပီသတဲ့ ပုဂ္ဂိုလ်လို့ပြောရမှာပါ။ သူစွမ်းနိုင်သမျှ ရှာဖွေလေ့လာခဲ့တဲ့ အထောက် အထားတွေအရ “ငါဒီမှာဟေ့လို့ အော်လိုက်ချင်တာပဲ” ဆိုတဲ့ စကားလောက်ကိုပဲ ပြောခဲ့တာပါ။ အင်မတန်မှ စေ့စပ်သေချာလှတဲ့ ဆရာကြီးဟာ သူမလိုက်နိုင်တော့တဲ့အရာကို ငါ့စကားငါ့နွားရမပြောခဲ့ပါဘူး။ ဒါပေမဲ့ သုတေသနစံနှုန်းနဲ့ညီတဲ့ တွေ့ရှိချက်ကိုတော့ ဆရာကြီး ဟာ ပညာရှင်ပီပီ တန်ဖိုးထားပါတယ်။

Read More »

၅၉သန်းသောပြည်သူနှင့် တိုးပွားလာသည့်ကျောတစ်ခင်းစာအခက်အခဲများ

သက်ပြင်းရှည်ချသံ၊ ချွေးတပြိုက်ပြိုက်နဲ့ ခဏအနားယူခါစ ကိုကျော်ဇံစိုးထံမှ ထွက်ရှိလာသော အသံတစ်ခု- – – ပြီးခဲ့သည့် တစ်လလောက်ကတည်းက ကိုကျော်ဇံစိုးတို့ ငှားရမ်းနေထိုင်နေသည့် သင်္ဃန်းကျွန်းဘက်မှ လုံးချင်း အိမ်လေး အိမ်ငှားခမှာ တစ်စတစ်စ ထိုးတက်လာရာ နောက်ဆုံး မခံနိုင်တော့၊ တခြားအိမ် ရှာရတော့သည်၊ ယခုအခါမှသာ မြောက်ဒဂုံရှိ အဆင်ပြေသည့် အိမ်လေးတစ်ခုသို့ ပြောင်းရွှေ့နိုင်၍ ချနိုင်သည့် သက်ပြင်းတစ်ခုပင်။

Read More »

မြန်မာ့နှလုံးသားနေရာသို့ လာချင်အောင် အလည်ခေါ်နိုင်ရေး

လှည်းဝင်ရိုးသံ တညံညံပုဂံဘုရားပေါင်း ဆိုရိုးစကားအတိုင်း ပုဂံဒေသရှိ စေတီပုထိုးဂူဘုရားများမှာ လက်ညှိုးထိုး ၍မလွဲနိုင်အောင် တည်ရှိနေသလို ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်များ၊ မြန်မာလက်မှုအနုပညာ နံရံဆေးရေးပန်းချီနှင့် ဗိသုကာအတတ်ပညာများကို လေ့လာလိုသည့် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များမှာ နေရာအနှံ များပြား လာသည်။ မြန်မာတို့၏ နှလုံးသားဟုတင်စားကြသည့် ပုဂံဒေသမှာ ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် တရားဝင်မဖြစ်သေးသော်လည်း မြင့်မားသည့် ယဉ်ကျေးမှုအဆင့်အတန်းနှင့် သမိုင်းကြောင်းတို့ဖော်ပြရာ စေတီပုထိုးဂူ ဘုရား၊ နန်းမြို့ရိုးတို့ကြား အေးချမ်း တိတ်ဆိတ်စွာ အပန်းဖြေရန် စိတ်ကူးနှင့် ကမ္ဘာလှည့်ခရီးသွားများတခုတ်တရ လာရောက်လည်ပတ်ရသည့် မွန်းကြပ်လှသည့် မြို့ပြတို့၏ အငွေ့အသက်ကင်းလွတ်ရာ နေရာ..

Read More »