Monday , June 5 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) (page 2)

Feature story ( သတင်းဆောင်းပါး)

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နဲ့ တစ္ဆေခြောက်ခံနေသူများ

ကျွန်မလည်း ဖေဖော်ဝါရီ တစ္ဆေခြောက်ခံရသူ တစ်ဦးပါပဲ။ ဖေဖော်ဝါရီလထဲရောက်တော့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက ကချင်ပြည်နယ်ပါဂျောင်စခန်းမှာ ကိုထွန်းအောင်ကျော်၊ မခင်ချိုဦးတို့ အပါအ၀င်ကျောင်းသား ၁၅ ဦးကို အစုလိုက်အပြုံလိုက်သတ်ခဲ့ကြတဲ့ လူသတ်ပွဲနေ့ကို အမြဲတမ်း သွားအမှတ်ရမိတယ်။

Read More »

ကမ္ဘာဦးအတွေးအခေါ်နဲ့ မနေသင့်တော့ပါ

ကမ္ဘာဦးအစမှာ ဘယ်သူတွေပဲရှိခဲ့တယ်လို့ ဆိုဆို  သဘာဝကိုကျူးလွန်သူတွေကလိုလည်း ခွင့်လွှတ်ပေးကြပါ ၊ ပုဂ္ဂိုလ်ရေး မထိခိုက်ပါဘူးလို့ ဟာသ သရုပ်ဆောင် ဦးမေတ္တာက ပြောသည်။ “  အမုန်းနဲ့မခေါ်ပါနဲ့လို့ ပြောချင်တယ်၊ စိတ်မဆိုးကြပါနဲ့ လူတွေဘ၀ရပ်တည်မူအတွက် နည်းမျိုးစုံနဲ့ လုပ်စားနေကြရတယ်၊အဲဒီအတွက်နားလည်ခွင့်လွတ်ပေးပါ ပြောချင်ပါတယ်၊” ဟု ဟာသသရုပ်ဆောင် မေတ္တာက အကြံပြုပြောကြားခဲ့သည်။

Read More »

ဒေသခံတွေထက် ဘေးတိုက်သွားတတ်တဲ့ သတ္တ၀ါတွေ ပိုတိုးတက်နေတဲ့မြို့

လပွတ္တာမြို့ပေါ် လမ်းမတစ်ခုပေါ်၌ ကဏန်းမတစ်ကောင် ပြူးပြူးကြောင်ကြောင် ဘေးတိုက်ပြေးလွှားနေသည်။ ထိုကဏန်းမှာ ကမ်းနားဈေး ကဏန်းပုံးတစ်ခုထဲမှ လွတ်မြောက်လာဟန်ရှိပြီး လေယာဉ်မစီးဖူးသေးသည့် ကဏန်းမတစ်ကောင်ဖြစ်သည်ကတော့ သေချာသည်။ ထိုကဏန်းမ မျက်နှာ၌ ဘ၀တူ ကဏန်းမျိုးမတုံးစေရေး စိတ်ပူပန်နေသည့်အသွင်လည်း အထင်းသား တွေ့ရ သည်။ ကဏန်းဒိုင်သမားများနှင့် ဆေးပျော့ (အရည်ပျော့ကဏန်း)ထုတ်လုပ်သူများကို ရှောင်လို၍ လေယာဉ် မစီးရချင်နေပါစေ ကိုယ့်မြေပေါ်မှာပဲ အသေခံမည့် ရည်၇ွယ်ချက်ဖြင့် ပြေးထွက်ခဲ့ခြင်းဖြစ်ဟန်တူသည်။ 

Read More »

ရိုးရာမပျက်တဲ့ မြေလတ်မိုးနှောင်းပွဲ အမြဲဆင်နွှဲနိုင်ပါစေ

နေ့ခင်းကြောင်တောင် ဒိုင်းကနဲမီးရှုးမီးပန်းပစ်ဖောက်သံကြီးနဲ့အတူ သကျမုနိမိုးဃ်းကောင်းဘုရာမုဒ်ဦးကနေ ရတနာဆင်တော်ကြီးက လူအုပ်လှိုင်းလုံးကြီးကြားကို တရွေ့ရွေ့တိုးဝင်လာပြီး ပေါင်းတည်မြို့လယ်သို့ ဦးတည်ရွေ့လျားနေတယ်။ ဆင်တော်ရဲ့အပေါ်မှာတော့ ဗုဒမြတ်စွယ်တော်ကို ပင့်ဆောင်လာတာပါ။ သူ့ရဲရှေ့မှာတော့ ဆင်ပိုင်ရှင် ဖေါင်သူကြီးမျိုးနွယ်စုတို့က ကပ်ရက်အနေအထားနဲ့ပါလာပါတယ်။ ဆင်ရတနာရဲ့ရှေ့မှာတော့ ၀တ်ဖြုစင်ကြယ်ဝတ်ထားသူတွေက ကနက္ကဒါန်ထီးဖြူ ၊ရွှေထီး၊ သိုင်း ၊ကြိုင်း ၊သာသာနာ့အလံတွေ ကိုင်ထားကြတယ်။

Read More »

အစိုးရရင်ငွေ့ မျှော်လင့်နေတဲ့ မြန်မာ SME လုပ်ငန်းရှင်တွေ

နိုင်ငံတော်စီမံကိန်းတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် အသေးစား အလတ်စား ထောက်ပံ့ရေးလုပ်ငန်းများ၊ စီမံချက်များက အခြေခံလူတန်းစားများနှင့် လုပ်ငန်းသေး လုပ်ကိုင်နေသူများအပေါ် ထိရောက်မှုမရှိသေးကြောင်း အသက် ၂၈ နှစ်အရွယ် ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၂၉ ရပ်ကွက်၌ နေထိုင်သူ မဝေေ၀အောင်က ပြောသည်။ မဝေေ၀အောင်တို့မိသားစုမှာပြီးခဲ့သည့် သုံးလလောက်အထိ ပုဇွန်တောင် မြို့နယ်ထဲတွင် နေခဲ့ကြပြီး အိမ်လခ မြင့်တက်မှုကြောင့် အိမ်ခန်းငှားခ ပိုမိုဈေးသက်သာသည့် သာကေတမြို့နယ်တွင်းသို့ပြောင်းရွှေ့ နေထိုင် ခဲ့ကြသည်။

Read More »