Sunday , June 4 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး) (page 10)

Feature story ( သတင်းဆောင်းပါး)

“ နောက်ကြောင်း ပြန်အလွမ်း ”

လေယျာဉ်ပျံကြီးသည် ပေပေါင်း ၂၀၀၀ ကျော်မှာ ပျံသန်းနေပါ၏။ တောင်နှင့်မြောက် ၁၅၀ မိုင်ရှည်လျား၍အရှေ့မှ အနောက် မိုင် ၅၀ သာရှိပါသော ထားဝယ်ခရိုင်၏ အရှေ့အနောက် တောင်မြောက်တို့ကို စိတ်ရှိတိုင်း သွားရောက်ခွင့်ရရှိခဲ့ပါသည် ။ သို့နှင့် ရွာများကို သတိရမိလာကာ သဘာဝကို သည်အတိုင်း အလှထားတက်သော ထားဝယ်သူထားဝယ်သားများနှင့် ဝေးခဲ့ရပြီဖြစ်၍ လွမ်းဆွတ်သလို ခံစားလာရ၏။ ထားဝယ်ရိုးရာ ပအုန်းရည်ထည့်ချက်ထားသော ငါးဟင်းချို၊ မရမ်းသီးပြားလေးများနှင့် ချက်ထားသည့် အသားဟင်း၊ နာနတ်သီးထည့်ချက်ထားသည့် အစိမ်းကြော်။ ငါးပိသုတ်စပ်လျှလျှကို အမှတ်ရနေမိသည်။ ထားဝယ်ငါးပိထောင်းကလည်း တစ်မျိုးကောင်းပါ၏။

Read More »

သာကေတမာန်ပြေ၌ အာရဗီကျောင်းသတင်းမှားကြောင့် အဓိကရုဏ်းဖြစ်ပွား

သာကေတမြို့နယ်မာန်ပြေ ၃ရပ်ကွက် ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ အာရဗီဘာသာရေး စာသင် ကျောင်းအမိုးများပျက်စီးမှုအား ပြုပြင်ရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ထံ တင်ပြထားသည့် ပြင်ဆင်ခွင့်နှင့် ပြန်လည်ပြင်ဆင်ရာတွင် ခွင့်ပြုထားသည်ထက် ကျော်လွန်၍ ကွန်ကရစ်တိုင်များ အခိုင်အမာဆောက်လုပ်ခြင်း ၊ထုပ်၊ လျှောက်၊ ဒိုင်း၊မြားတင်ရာတွင် ဟင်ဂလန်ချောင်းများ အသုံးပြု တည်ဆောက်ခြင်းတို့ကြောင့် ဘာသာရေး စာသင် ကျောင်းအစား ဗလီတည်ဆောက်သည်ဟု ရပ်ကွက်သားများက ယူဆကာ အာရဗီကျောင်း တာဝန်ခံနှင့် အချင်းများ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Read More »

မွှေးရနံ့ပြင်းပြင်းကိုမှ မက်မောသူများဘဝ

ရေသန့်ဗူးကို စုပ်ယူမှုကြောင့် ထွက်ပေါ်လာတဲ့ ရေပွက်သံတိုးတိုးလေးက တိတ်ဆိတ်တဲ့ ညသန်းခေါင်အဖို့ ကျယ်လောင်သယောင်ရှိနေပါတယ်။ အဲဒီနောက် အသက်အောင့်ကာ စုပ်ယူ ရှိုက်သွင်းထားသော အခိုးအငွေ့တွေက သက်ပြင်းတစ်ခုနဲ့အတူ ခေါင်းမော့ကာ ဖြည်းဖြည်းခြင်း မှုတ်ထုတ် လိုက်ပါတော့တယ်။ ချော့ကလက်အနံ့လို မွှေးပျံတဲ့ရနံ့တွေက အခန်းငယ်လေးအတွင်းမှာ လွင့်ပျံသွားပါတယ်။ အပေါက်ဖောက်ကာ ပိုက်ကောက်တစ်ချောင်းတပ်ဆင်ထားပြီး ရေအနည်းငယ်ပါတဲ့ ရေသန့်ဘူးငယ်လေးတစ်ဗူးက အခန်းအတွင်းမှာရှိတဲ့ အသက်(၂၀) ဝန်းကျင်အရွယ် လူငယ်(၄)ဦးရဲ့ လက်ထဲကို တစ်လှည့်စီရောက်ရှိလို့နေပါတယ်။

Read More »

ထမင်းနဲ့ငါး ရွေးဆိုရင်

နေ့လည်က မန္တလေးမှာနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ ကျမသူငယ်ချင်းက ဆန်ပွဲရုံ လုပ်ငန်းရှိပါတယ်။ ဆန်အကြောင်းတွေ ပြောရင်း ကျမနဲ့ လယ်မြေတွေအကြောင်း ပြောရာက စိတ်ဝင်စားစရာ လည်းကောင်း စိတ်မကောင်းစရာလည်း ဖြစ်ရတဲ့ကိစ္စတစ်ခုကို ကြားရတာကြောင့် ကျမ ဒီစာကိုရေးဖြစ်တာပါ။ ကျမသူငယ်ချင်းကို စ,မေးဖြစ်တာက မြေထုပျက်ဆီးမှုအကြောင်း။ သူနဲ့ နီးစပ်ရာ မိတ်ဆွေလယ်သမားတွေ ထဲမှာ လယ်မြေတွေ ပျက်ဆီးမှုရှိ/မရှိ၊ ပျက်ဆီးမှုရှိရင် ပျက်ဆီးရတဲ့ အကြောင်းရင်း၊ ပျက်ဆီးနေတဲ့ မြေဧက ဘယ်လောက် စသဖြင့်ပေါ့။

Read More »

ချစ်ချင်းရယ်ပြိုင်ကြမည့် ချစ်သူများနေ့

ဆေးရောင်တွေ ကွာကျနေသည့် နံရံအထက်က calendar တစ်ခုတွင် မျဉ်နီဖြင့် ကြက်ခြေခက် အမှတ်အသား ခြစ်ထားသည့် ရက်တစ်ရက်။ ၁၀ ပေ ပတ်လည်သာရှိသည့် အခန်းကျဉ်းတွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမများဖြစ်ကြ သည့် အမျိုးသမီးငယ် (၅) ယောက် နေထိုင်ကြသည်။ “ ကဲ.. ငါတို့ မကြာခင် ချောကလက် စားရတော့မယ်” လို့ အသက် (၁၄) နှစ်ရှိ စောနန္ဒာက calendar မှ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကို ကြည့်ရင်း သူငယ်ချင်းတွေကို စနောက်လိုက်သည်။

Read More »