Thursday , March 9 2017
Home / သတင်း / Feature story ( သတင်းဆောင်းပါး)

Feature story ( သတင်းဆောင်းပါး)

“အတွေးဆိုးတွေကို လွှင့်ပစ်လိုက်ပါ“

ကျွန်မတို့ရဲ့ဘ၀မှာ အတိတ်ကို ပြန်စဉ်းစားတဲ့အခါတိုင်း မကောင်းတဲ့ အတိတ်ကိုပဲပြန်ပြန်ပြီး အမှတ်ရနေတတ်ပါတယ်။ ကိုယ်ဆင်းရဲခဲ့တာကို အမှတ်ရတယ်။ ဆင်းရလို့စားချင်တာ မစားရ၊ အ၀တ်အစားတွေ နွမ်းပါးတာတွေ စတဲ့မကောင်းတာတွေကိုပဲ ပြန်သတိရပြီး ပြန်တွေးမိတတ်တယ်။ အဲဒီလို အတိတ်က မကောင်းခဲ့တာ၊ အဆင်မပြေခဲ့တာတွေကို ပြန်သတိရတတ်တာကလည်း အတွေးဆိုးလို့ဆိုရမှာပါပဲ။

Read More »

ကျွန်​မတစ်​ခု​တော့ ​ပြောချင်​ပါသည်

သီဟလွင်​ (မြစ်​မခ) HIV မပြန့်ပွားအောင် ထိန်းချုပ်တဲ့ ART ဆေးသောက်နေစဉ်အတောအတွင်း မနှင်းဖြူဟာ ရန်ကုန်မြို့ကနေ သူမန္တလေးသို့ရောက်ရှိခဲ့သည်။ တစ်ညမှာ ကားမှတ်တိုင်တစ်ခုတွင် ဖုန်းအဆက်အသွယ်အရ Customer အလာကိုစောင့်မျှော်နေသည်။ ထိုညသူ သူမသည် စကတ်အတိုနှင့် အင်္ကျီချိုင်းပြတ်ကိုဝတ်ဆင်ထားသည်။ ထိုစဉ် ရဲဝန်းထမ်းအချို့ရောက်လာကာ  စီမံချက်အရဆိုကာ သူမကို ဖမ်းဆီးလိုက်ပါသည်။ “ငွေသက်သေလည်းမရှိဘူး ကွန်ဒုံးသက်သေလည်းမရှိဘူး လှပ်ပေါ်လော်လီလို့ဆိုပြီးဖမ်းတယ် ရဲတွေရဲ့မတရားဖမ်းဆီးခံရပြီးဆိုရင် ကျမဆို့ sex worker တွေကဖြေရှင်းပိုင်ခွင့် ငြင်းပိုင်ခွင့်မရှိဘူး ဘာသက်သေမှမရှိပဲနဲ့ မတရားဖမ်းဆီးတယ်  အဲဒါတာအပြင် အထဲရောက်တော့လည်း သူတို့တွေရဲ့အပြောဆို အပူအမူ ရုတ်ရင်းကြမ်းတန်းစကားတွေနဲ့ကြုံရတယ် စိတ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံရတယ်” မနှင်းဖြူကပြောသည်။

Read More »

အရင်ကထက် ရှေ့ရောက်လာတဲ့ ရခိုင်ပြည်နယ်မှ အမျိုးသမီးဘ၀တွေ

ပန်လှအောင်(မြစ်မခ) လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရခိုင်ပြည်နယ်ကို တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းက ဝေးလွန်းခေါင်ဖျားတဲ့ ကျေးရွာ တွေမှာ နေထိုင်နေကြတဲ့ ရခိုင်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနေပါပြီ။ “INGO တွေ ဝင်လာတဲ့နောက်ပိုင်း အမျိုးသမီးတွေအနေနဲ့ ရပ်ရွာကိစ္စတွေမှာ ဟိုအရင်ကထက် ရှေ့ကို ထွက် လာနေတယ်”လို့ မြေပုံမြို့နယ် ကျောက်ငနွားကျေးရွာမှ ကလေး ၃ ယောက်ရဲ့ မိခင်ဒေါ်သိန်းနုရင်က ပြောပါ တယ်။

Read More »

စုနိုင်မှ ချမ်းသာမယ် ထင်နေတဲ့ ရခိုင်လေးမြို့နယ်က ပြည်သူတွေ

  (၂)မိုင်ကျော် တက်ရတဲ့ တောင်ပေါ်က ၀ါးတွေကို ခုတ်ရောင်းပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က အသက်(၆၀)နှစ်အရွယ် ဒေါ်အောင်မစိန်တစ်ယောက် ငွေစုနေပါပြီ။ “၀ါးမခုတ်ရင် ငွေမစုနိုင်တော့ဘူးလေ”လို့ အသားမာတက်နေတဲ့ လက်ဖ၀ါးနှစ်ဖက်နဲ့ နေလောင် ထားတဲ့ သူ့ မျက်နာပြင်ကချွေးစက်တွေကိုသုပ်ရင်း ပြောပါတယ်။ “ငွေစုတာက အရီးရဲ့ မျော်လင့်ချက်တစ်ခုပါ”လို့ဆိုပြီး ငွေစု၊ငွေချေးအသင်းမှာ ငွေစုနိုင်ဖို့ အိမ်မိုးဝါး (မီးချိတ်အသုံးပြုတဲ့ဝါး)အလုံးပေါင်း (၂၀) ၀န်းကျင်ခုတ်ရောင်းချမှ တစ်နေ့ငွေကျပ်(၁၅၀၀)သာရရှိပေမယ့် တစ်နှစ်တစ်ကြိမ်ထုတ်မယ့် စုငွေကို စပါးဝယ်လှောင်ဖို့နဲ့ ၀က်မတစ်ကောင်ဝယ်ဖို့ သူမ က ကြံရွယ်ထားတယ် လို့လည်းဆိုပါတယ်။အဲ့ဒီဝက်မကနေ ပေါက်ဖွားလာမယ့် ၀က်လေးတွေကို မွေးမြူပြီးမိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းက ရရှိဖို့ သူကြိုးစားမယ်လို့လည်း သိရပါတယ်။ဝါးခုတ်ရောင်းတာဟာ ငွေစုနိုင်ဖို့အတွက်ပါပဲလို့ သူမကကွမ်းတံတွေးကို တဖက်လှည့် ထွေးရင်း ပြောပါတယ်။

Read More »

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နဲ့ တစ္ဆေခြောက်ခံနေသူများ

ကျွန်မလည်း ဖေဖော်ဝါရီ တစ္ဆေခြောက်ခံရသူ တစ်ဦးပါပဲ။ ဖေဖော်ဝါရီလထဲရောက်တော့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက ကချင်ပြည်နယ်ပါဂျောင်စခန်းမှာ ကိုထွန်းအောင်ကျော်၊ မခင်ချိုဦးတို့ အပါအ၀င်ကျောင်းသား ၁၅ ဦးကို အစုလိုက်အပြုံလိုက်သတ်ခဲ့ကြတဲ့ လူသတ်ပွဲနေ့ကို အမြဲတမ်း သွားအမှတ်ရမိတယ်။

Read More »