Tuesday , June 6 2017
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 40)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

ချစ်သော ကမ္ဘာမြေမှ ကာကွယ်ထိန်းသိမ်းကြရမည့် ရေ . . ရေ

ကျမမိသားစုကို ကျမချစ်သည်။ ကျမအလုပ်မှ လုပ်ဖော်ကိုင်ဖက်များ၊ ကျမ၏ မိတ်ဆွေ၊ သူငယ်ချင်းများကို ချစ်သည်။ ကျမနေသောမြို့ကို ချစ်သည်။ ကျမနေထိုင်ရာ တိုင်းပြည်ကိုချစ်သည်။ ကျမတို့အားလုံးနှင့်ဆိုင်သော ကမ္ဘာမြေကြီးကိုလည်း ကျမချစ်သည်။ ချစ်သောအရာ၊ ချစ်သောသူတို့အတွက် ကျမတို့တာဝန် ယူကြရသည်။ တာဝန်ရှိသည်ကိုလည်း ကျေနပ်စွာခံယူ၍ ဆောင်ရွက်ရသည်။ ချစ်သောသူ၊ ချစ်သောအရာတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်။ ကျမတို့ချစ်သော ကမ္ဘာမြေ အတွက်လည်း ကျမတို့ တာဝန်ရှိနေကြပြီ။ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ဖို့ လိုနေကြပြီ။

Read More »

ငလျင်ကို ဘယ်လို ရင်ဆိုင်ကြမလဲ

အပိုင်း ( ၁ ) ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က သပိတ်ကျင်းပတ်ဝန်းကျင်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာ စကေး ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခေတ်ခဲ့၍ စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းဒေသကြီးများ၌ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ရေဦး နှင့် ကျောက်မြောင်း မြို့ နယ်များ၊ မန္တလေးတိုင်း ဒေသကြီး အတွင်းမှ သပိတ်ကျင်း၊ စဥ့်ကူး၊ မန္တလေး ငါးမြို့နယ်၊အမရပူရ၊ ကျောက်ဆည်နှင့် ပြင်ဦးလွင် အစရှိသည် မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Read More »

ငါးရှားပါးလာသည့် မြစ်မခမြစ်

တိုက်ကြီးမြို့နယ်၊ ရွာမကျေးရွာတွင် နေထိုင်ပြီး မြစ်မခ မြစ်အတွင်း တံငါသည် မောင်ညိုက မြစ်မခမြစ်အတွင်း ငါးရရှိမှုလျော့နည်းလာကြောင်း ပြောသည်။ အဆိုပါမြစ်အတွင်း ငါးရရှိမှုမှာ လွန်ခဲ့သော လေးငါးနှစ်ကထက် ထက်ဝက်မက လျော့ကျသွားခြင်းဖြစ်ကြောင်း သူက ပြောဆိုသည်။ “ငါးအရနည်းတော့ ဒီအလုပ်က မိသားစုစားဝတ်နေရေးကို အရင်ကလို အဆင်မပြေတော့ဘူး။ အချို့ကတော့ အလုပ်တောင် ပြောင်းလုပ်နေကြပြီ`“ ဟု သူက ပြောသည်။

Read More »

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲ၌ ခေါင်းပြတ်ဆင်တစ်ကောင် တွေ့ရှိ

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ဆင်တစ်ကောင် ခေါင်းပြတ်၍ သေဆုံးနေကြောင်း သိရသည်။ ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်းတွင် ဆင်ရိုင်းကျူးကျော်သောင်းကျန်းမှုများနှင့် ဆင်သတ်ခြင်း ၊ ဆင်စွယ်ဖြတ်ခြင်းဖြင့် စီးပွားရှာနေသော လူအုပ်စုများကြောင့် ဆင်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ယခုလ ဇန်န၀ါရီလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ခေါင်းပြတ်သေဆုံးနေသော ဆင်တစ်ကောင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ ငရုတ်ကောင်းက ဆင်းမှုံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂)မှာ ခေါင်းပြတ်သေဆုံးတဲ့ ဆင်ထီး စွယ်စုံတော ဆင်ရိုင်းတစ်ကောင်တွေ့တာပါ။ ငရုတ်ကောင်းတောအုပ်ဦးကွန်ချစ်က သွားရောက် စစ်ဆေးပြီး ခရိုင်သစ်တောဦးစီးက စာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ပုသိမ်ခရိုင်သစ်တော ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

Read More »