Sunday , September 24 2017
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 30)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

မိုးသည်းထန်မှုကြောင့် မိုးညှင်း မြို့ပေါ်ရပ်ကွက်များ ဒုတိယအကြိမ် ရေကြီးပြန်

ကချင်ပြည်နယ် မိုးညှင်းမြို့၌ သြဂုတ်၁၉ရက်နေ့ နံနက်၁နာရီ၃၀ခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန်ရေအမှတ် ၅.၂၄ လက်မရှိခဲ့ပြီး မိုးညှင်းမြို့မြို့ပေါ်ရှိ ရပ်ကွက်များ ဒုတိယ အကြိမ်ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့ မိုးရွာသွန်း၍ ရေးလွှမ်းမိုးခဲ့မှုကြောင့် မိုးညှင်းမြို့အောင်သပြေရပ်ကွက်ရှိ အမှတ်၂ ဈေးကြီး၏ အုတ်ခုံခံဝင်းခြံများ ရေတိုက်စားခံရပြီး ဈေး၏အရှေ့ဘက် ပေ၈၀၊အနောက်ဘက် (၂၁၆) ပေခန့် ပြိုပျက်သွားခဲ့သည်။

Read More »

သစ်တောထိန်းသိမ်းရေး လေးနှစ်စီမံကိန်း၏ ပထမနှစ်စီမံကိန်းစတင်

REDD ၏ ပံ့ပိုးမှုဖြင့် လုပ်ဆောင်နေသည့် သစ်တောထိန်းသိမ်းရေးလေးနှစ်စီမံကိန်း၏ ပထမတစ်နှစ် အတွင်း အမျိုးသားအဆင့်အနေဖြင့် ပဲခူးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း REDD+ အဖွဲ့မှသိရသည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်က အရာထမ်းတွေကို သစ်တောထိန်းသိမ်းရေးသင်တန်း ပို့ချပေးနေတယ်။ သူတို့ကတဆင့် ကျေးရွာပြည်သူတွေကို ထပ်ပို့ချမှာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ကာဗွန်တိုင်းတာမှုတွေကို မလုပ်ဆောင်နိုင်သေးဘူး။ အဲဒီအဆင့်ကိုတော့ သစ်တောဦးစီးဌာနက လေ့လာမှုတွေ ပြုလုပ်နေပါပြီ”ဟု RE DD +(Reducing Emission from Deforestation and Degradation) မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်ဒေါက်တာမောင်မောင်သန်းက ဆိုသည်။

Read More »

နန့်ရင်းချောင်းရေကြောင်း မိုးညှင်းမြို့ပေါ်ရပ်ကွက်များ၌လူတစ်ရပ်ဝန်းကျင်အထိ ရေမြင့်တက်နေ

  ကချင်ပြည်နယ် မိုးညှင်းမြို့လယ်ကို ဖြတ်စီးနေသော နန့်ရင်းချောင်းရေကြီးလာသဖြင့် ချောင်းဘေးနှင့် မြေနိမ့်ပိုင်းတွင် ကျရောက်သော မြို့ပေါ်၅ ရပ်ကွက်မှ ပြည်သူများ ချောင်းရေလွှမ်းမိုးမှုနှင့် ကြုံတွေ့နေရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။ သြဂုတ်(၁၄)ရက်နေ့မှစတင်၍ ရေကြီးနေခြင်းဖြစ်ပြီး ရေကြီးနေမှုကို မီးသတ်အင်အား ၅၅ ဦးကို ရပ်ကွက် ၅ ခုတွင် တာဝန်တွေခွဲပေး၍ နံနက် (၅း၀၀)နာရီမှစ၍ ရဲတပ်ဖွဲ့ဝင်အရာရှိများအပါအ၀င်၂၆ ဦးနှင့် ဌာနဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအားလုံးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

Read More »

ရာသီဥတု ဒုတိယအဆိုးဆုံး ခံစားနေရ၍ ကန်ဒေါ်လာ ၇၀၀ မီလီယံကျော် မြန်မာမှ နှစ်စဉ်နစ်နာဆုံးရှုံးနေ

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် အဆိုးဆုံးထိခိုက်ခံစားရသည့် ကမ္ဘာ့နိုင်ငံများအနက် ဒုတိယနေရာတွင် ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇၀၇ မီလီယံဆုံးရှုံးနစ်နာနေသည်ဟု ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ အစီရင်ခံစာ၌ ဖော်ပြပါရှိသည်။   “လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးမှုကတော့ ပျမ်းမျှတွက်ကြည့်ရင် တစ်နှစ်ကိုလေးထောင့်ငါးရာလောက် သေဆုံးနေတယ်။ မြန်မာနိုင်ငံရဲ့သဘာဝဘေးဆုံးရှုံးမှုက ၇၀၇ မီလီယံ  ကန်ဒေါ်လာရှိပါတယ်။ အဲ့ဒီရာသီဥတုထိခိုက်မှုက မြန်မာနိုင်ငံရဲ့ အသားတင်ရငွေရဲ့ ၂.၅၅ ရာခိုင်နှုန်း ထိခိုက် နေပါတယ်”ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောသည်။

Read More »

Supermoon ဖြစ်စဉ်ကျန်ရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ဆူနာမီဖြစ်နိုင်ချေမရှိ

ယနေ့မြင်တွေ့ရမည့် စူပါမွန်းဖြစ်စဉ်(Super Moon) အား လာမည့် စက်တင်ဘာလ၁၉ရက်နေ့တွင် တစ်ကြိမ် ထပ်မံတွေ့ကြုံရမည်ဖြစ်သော်လည်း အဆိုပါဖြစ်စဉ်ကြောင့် ဆူနာမီဖြစ်နိုင်ချေမရှိကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားလိုက်သည်။ “စူပါမွန်းဖြစ်တဲ့အချိန်မှာ ကမ္ဘာက လကိုကြည့်ရင် အကြီးဆုံးတွေ့ရမယ်။ လရဲ့အရောင်ဟာ အတောက်ပဆုံး ဖြစ်နေတယ်။ လရဲ့အရွယ် ၇၀ ရာခိုင်နှုန်း ကြီးလာတယ်။ လရဲ့အရောင်က၂၄ ရာခိုင်နှုန်း တောက်ပလာတယ်။ အဲ့ဒါကို အကြောင်းပြုပြီးတော့ ကမ္ဘာနဲ့ လနီးလာလေ ဆူနာမီ ဖြစ်တော့မယ်။ ဆိုပြီး စိတ်ကူးနဲ့ ထင်ရာကို လျှောက်ပြောတာကတော့ မကောင်းဘူး။”ဟု ဦးထွန်းလွင်က ပြောသည်။

Read More »