Friday , September 22 2017
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 20)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တစ်ရက်အတွင်း ငလျင် (၅) ကြိမ်လှုပ်ခတ်

ကိုမင်း (မြစ်မခ) တာချီလိတ်၊ ဇန်နဝါရီ (၁၄) ရက်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ဇန်နဝါရီ(၁၄)ရက်က ငလျင်(၅)ကြိမ် လှုပ်ခတ်သွားခဲ့ပြီး တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း လှုပ်ခတ်သွားခဲ့သည့် ငလျင်မှာ ပြင်းအား (၄.၀)ရစ်ခ်ျတာ စကေးရှိကြောင်း ထိုင်းနိုင်ငံ ငလျင်သတင်းထုတ်ပြန်ရေးဌာနက ထုတ်ပြန်ချက်အရ သိရှိရသည်။ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ (၁၄)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၈)နာရီ(၃၆)မိနစ်မှစ၍ ညနေ(၄)နာရီ (၃၄)မိနစ်အချိန်အထိ အသေးစား ငလျင်(၅)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

Read More »

၂၀၁၆ ခုနှစ်သည် အယ်လ်နီညိုရာသီကျရောက်မည်ဖြစ်ခြင်းကြောင့် လူတိုင်း ရေများသိုလှောင်ရန်လိုအပ်

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီလ (၁၄) ရက်။ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်သည် အယ်လ်နီညို (ElNino)ရာသီဥတုကျရောက်မည့်နှစ်ဖြစ်ခြင်းကြောင့် ရေရှား ပါးနိုင်သဖြင့် လူတစ်ဦးလျှင် ခန့်မှန်းရေ (၅၄၀၀)လီတာခန့် သိုလှောင်ထားရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ(ဗဟို)၏ အကြံပေးပညာရှင် ပါမောက္ခဒေါက်တာစိန်စိန်သိန်းက ပြောဆိုလိုက်သည်။ ၂၀၁၆ ခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတု (၉)လ ကျရောက်မည်ဖြစ်ခြင်းကြောင့် (၉)လစာအတွက် သောက်ရေ၊ အစားအသောက်ချက်ပြုတ်ရန်၊ အဝတ်လျှော်ဖွတ်ရန်အတွက်ပါ သိုလှောင်ထားသင့်ကြောင်း သိရသည်။

Read More »

သစ်တောပြုန်းတီးမှုများကာကွယ်နိုင်ရန်အတွက် အစိုးရသစ်လက်ထက်တွင် သစ်ခုတ်မှုအား စနစ်တကျ ထိန်းချုပ်ရန် လိုအပ် 

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီလ (၁၃) ရက်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများအား ကာကွယ်နိုင်ရန်အတွက် အစိုးရသစ်လက်ထက်တွင် သစ်ခုတ်မှုအား စနစ်တကျ ထိန်းချုပ်ရန်လိုအပ်ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရှိရသည်။ “အစိုးရသစ်လက်ထက် သစ်တောတွေ ထိန်းသိမ်းဖို့အတွက် သစ်ခုတ်တာကို ထိန်းချုပ်ဖို့လိုပါတယ်။ တရား ဥပဒေနဲ့အညီ သစ်ခုတ်မှုလား စောင့်ကြည့်ရမယ်။ အခုသစ်တောက စီးပွားဖြစ်ခုတ်တာရှိသလို သာမန် လူသားတွေလည်း ခုတ်တာရှိပါတယ်။”ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အတွင်းရေးမှူး ဒေါက်တာနီတာနွယ်က ပြောသည်။

Read More »

သစ်တောပြုန်းတီးမှုအား မထိန်းသိမ်းနိုင်ပါက ၂၀၆၀ ခုနှစ်တွင် မြန်မာ့သစ်တောများ ပျောက်ကွယ်သွားနိုင်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ(၁၂)ရက်။ မြန်မာနိုင်ငံတွင် လက်ရှိသစ်တောပြုန်းတီးမှုများအား မထိန်းသိမ်းနိုင်ပါက ၂၀၆၀ ခုနှစ်တွင်  မြန်မာနိုင်ငံ၌ သစ်တောများအားလုံး ပျောက်ကွယ်သွားမည်ဟု ခန့်မှန်းနိုင်ကြောင်း ARIZONA STATE UNIVERSITY မှ သစ်တောပညာရှင် ပါမောက္ခ ဒေါက်တာစိုးဝင်းမြင့်က ပြောဆိုလိုက်သည်။ ”ကျွန်တော်တို့ ပညာရှင်တွေ ဂြိုလ်တုမြေပုံကနေကြည့်ပြီး တွက်ချက်ထားတာပါ။  ၂၀၀၀ ကနေ ၂၀၁၀ ထိ တစ်နှစ်ကို ၀.၉၂ ရာခိုင်နှုန်းနဲ့ ပျက်စီးခဲ့တယ်။  တကယ်လို့ ထိန်သိမ်းမှုတွေ မလုပ်ဘူးဆိုရင် ၂၀၆၀ မှာ အားလုံးပျောက်သွားမယ်လို့  ထောက်ပြတာပါ။” ဟု ၎င်းက ပြောသည်။

Read More »

ပဲခူးတိုင်း စစ်တောင်းမြစ်ကမ်းပါးမှ ရွှေတဆုပ်ကျေးရွာမှာ ရွာလုံးကျွတ်ပြောင်းရွှေ့ရမည့် အရေးနှင့် ရင်ဆိုင်နေရ 

မျိုးမြတ် (မြစ်မခ) ကဝ၊ ဇန်နဝါရီ(၆) ရက်။ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မှ စစ်တောင်းမြစ်ကမ်းပါးတွင် တည်ရှိသည့် ရွှေတဆုပ်ကျေးရွာသည် လွန်ခဲ့ သည့် ငါးနှစ်ခန့်က စစ်တောင်းမြစ်နှင့် (၃)မိုင်ခန့် ကွာဝေးခဲ့သော်လည်း လက်ရှိတွင် မြစ်ကမ်းပါးတိုက်စားမှုများ ကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါ ကျေးရွာသားများထံမှ သိရှိရသည်။ မြစ်ကမ်းပါးတိုက်စားမှုကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်က ကျေးရွာသောက်သုံးရေကန်မှာ ပျက်စီးသွားပြီး ရွာအတွင်းဘက်ရှိ ရွာတည်ရန် သတ်မှတ်ထားသောမြေနေရာသို့ အိမ်ခြေ(၅၀)ကျော် ပြောင်းရွှေ့ လိုက်ရပြီး လက်ရှိတွင် ကျေးရွာစာသင်ကျောင်းနှင့် မြစ်ကမ်းပါးမှာ ပေ(၁၀၀)ကျော်သာ ကွာဝေးတော့သဖြင့် အရေးပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။

Read More »